ထန်တလန် ခရစ်ယာန်ရာပြည့်ပွဲတော်၏ “အရက်တိုက်ဖျက်ရေး” ဆောင်ပုဒ် အသက် သွင်းမည်

ထန်တလန် ခရစ်ယာန်ရာပြည့်ပွဲတော်၏ “အရက်တိုက်ဖျက်ရေး” ဆောင်ပုဒ် အသက် သွင်းမည်
by -
ခိုနူမ်းထုန်

၁၉၉၉ ခုနှစ်က ကျင်းပခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့ အနှစ် (၁၀၀) ပြည့် ခရစ်ယာန် ရာပြည့်နှစ် ပွဲတော်၏ ဒေသအတွင်း အရက်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ပုဒ်ကို Than Tlang Christian Fellowship (TCF)  က ပြန်လည်အသက်သွင်းပြီး လက်တွေ့ အကောင်အထည်ဖေါ်ဆောင်မည်ဟု သိရသည်။

Thantlang Baptist Church, Jubilee ခန်းမတွင် ယခုလ သြဂုတ် ၁၆ ရက်နေ့က ကျင်းပပြုလုပ်သည့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံစုရပ် TCF အစည်း အဝေးကြီးက ဒေသအတွင်း အရက်ရောင်းသူများကို ထန်တလန်မြိုု့ မှ မောင်းထုတ်ရေး ဥပဒေ ချမှတ်ရေး လူထု ဆန္ဒရယူရန် ဆုံးဖြတ်ချက်အရ လူထု ဆန္ဒ ကောက်ခံနေကြောင်း သြဂုတ်လ ၂၀ရက်နေ့ထုတ်ဟားခါးပို ့စ် တွင် ဖေါ်ပြထားသည်။

“TCF တာဝန်ရှိသူတွေက မြို့ပေါ် ခရစ်ယာန်ဘုရားကျောင်းတိုင်းမှာ သူတို့ ဆုံးဖြတ်ချက်တွေကို ကြိုတင်ချပြပြီးမှ လူထုဆန္ဒကို အိမ်တိုင်ရာရောက် ကောက်ခံနေတာ တွေ့ရတယ်” ဟု ဒေသခံ ၀န်ထမ်း တဦးက ခိုနုမ်းသုန်ကို ပြောသည်။

TCF ၏ ယခု လုပ်ဆောင်မှု အကျိုးဆက်သည် ယခင်အပတ် သြဂုတ် (၁၄) ရက်နေ ့က ချင်းပြည်နယ် ထန်တလန် မြို့ပေါ်တွင် အရက်ရောင်းချသယ်ဆောင်ခွင့်ကို ထန်တလန်မြို့ပေါ် ရပ်မိရပ်ဖ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ ပိတ်ပင်ထားသည့် ကြားက  မြို့တွင်းသို့ ဆိုင်ကယ်ဖြင့် အရက်ခိုး သယ်လာသူ ဟားခါးမြို့နေ ဗမာလူမျိုး (၄)ဦးက  ၎င်းတို့ သယ် ဆောင်လာသည့် အရက်ကို တားမြစ်သိမ်းဆည်းသူ သိက္ခာတော်ရဆရာ နှင့် ရုံးသားတစ်ဦးအား ရိုက်နှက် ခဲ့ခြင်းကြောင့်ဖြစ် သည်။

လက်ရှိ ထန်တလန်မြို ့ပေါ်တွင် အရက်ရောင်းနေသူများမှာ  Pi Khual Dim, U Aung Bo, U Kyaw Kyaw နှင့် U Kio Luai တို့ဖြစ်ကြပြီး သူတို့ကိုလည်း လူထုဆန္ဒ စစ်တမ်းအရ ဆက်လက် အရေးယူရဘွယ်ရှိကြောင်း သိရသည်။

“ဥပဒေသာ လူထုက အသိအမှတ်ပြုရင် အရက်ရောင်းသူ ၄ ဦး အပြင် အခြား ပါတ်သက်သူမှန် သမျှ အရေး ယူကြမှာပါ ၊ အခု အရက်ရောင်းသူတွေထဲက တချို့ဟာ  ရာပြည့်ပွဲတော်မကျင်းပခင်က တည်းကရောင်း လာကြတာ၊ ယနေ့ထိပေါ့၊ လူထု အားလုံးလိုလိုက ဒီ အရက်တားမြစ်ရေး ကို ထောက်ခံနေကြတယ်” ဟု အဆိုပါ ဒေသခံ ၀န်ထမ်းက ပြောသည်။

ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာ အရက်သေစာတားမြစ်ရေးနှင့် ပတ်သက်ပြီး  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် Pi Za Tlem က ပြည်သူ ့လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ရာ မှာ ပြည်နယ်အစိုးရနှင့် ညှိနှိုင်း လုပ်ဆောင်စေလို ကြောင်း တုံ ့ပြန်သောကြောင့် ပြည်နယ် လွှတ်တော်၌ ပြန်လည်တင်ပြခဲ့သော်လည်း ထိရောက် သည့်လုပ်ဆောင်မှု မရှိခဲ့ပေ။

ထို ့သို ့ထန်တလန်မြို ့ပေါ် လူထုနှင့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ ့တို ့က အရက်ကို အတင်း အကျပ် တားမြစ်သည့် ကြားက သြဂုတ်လ (၁၇) ရက်နေ ့တွင် ပိုင်ရှင်မဲ့ Myanmar Rum နှင့် Mandalay Rum (၁၅၀) ပုလင်းကို သက် ဆိုင်ရာ က သိမ်းဆီးရမိကြောင်း သိရသည်။

Most read this week