ရခိုင်ပြည်နယ်တွင် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၌ စာသင်ကျောင်း အရေအတွက် ၄၀၀ ကျော် ဆောက်လုပ်ပေး မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေး မှူး ဦးဝင်းမြိုင် က သြဂုတ် ၁၅ ရက်က ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၄၇၆ ကျောင်း ကိုတိုးမြှင့်ဆောက်လုပ်ပေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် လူမှုရေးဝန်ကြီး ဦးကျော်ခင်က ပြောကြား ခဲ့သေးသည်။“ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးရေးအတွက် ပညာရေးဖွံ့ဖြိုးမှုအဓိကလိုတယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။
ထိုသို့ စာသင်ကျောင်းများတိုးမြှင့် ဆောက်ထားရခြင်းမှာ ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် သွားလာရ ခက်ခြင်း၊ စာသင်ကျောင်းမလုံလောက်မှုနှင့် ဆရာ ၊ ဆရာမ မလုံလောက်မှုများရှိနေခြင်းတို့ ကြောင့် တိုး မြှင့်ဆောက်လုပ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။
အထက်တန်းကျောင်းနှင့် တွဲဖက်အထက်တန်းကျောင်း ၃၅ ကျောင်း၊ အလယ်တန်းနှင့် တွဲဖက်အလယ် တန်းကျောင်း ၁၁၈ ကျောင်း၊ မူလွန် ၁၃၂ ကျောင်း၊ မူလတန်းကျောင်း ၁၇၆ ကျောင်းတို့ကို တိုးမြှင့်ဖွင့် လှစ်ပေးမည်ဟု ဆိုသည်။
“တချို့ရွာတွေမှာ နှစ်ယောက်လောက်ခန့်ပေမယ့် ကျောင်းမရှိဘူး။ ဘုန်းကြီးကျောင်းမှာ သင်ရတာရှိတယ်” ဟု ရခိုင်ပြည်နယ် သံတွဲမြို့နယ် ချောင်းဖျားေ ကျး ရွာတွင် တာဝန်ကျနေသော မူလတန်းပြဆရာမ ဒေါ်ခင်နီ လာက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူလေးသိန်းကျော်ရှိပြီး အထက် တန်းအဆင့် ၉၉၅ ကျောင်း ၊အလယ်တန်းအဆင့် ၁၈၆ ကျောင်း၊ မူလတန်းအဆင့် ၅၁၀ ကျောင်း ရှိသည် ဟုအမှတ် (၁) အခြေခံပညာဦးစီးဌာနစာရင်းများတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ အုပ်စုမှာ ရွာ ၂၀ကျော်ရှိတယ်။ အထက်တန်းကျောင်းကတော့ တစ်ကျောင်းပဲရှိတယ်”ဟု ကျောက်ဖြူ မြို့နယ် စည်မော်ကျေးရွာမှ ဒသမတ န်းကျောင်းသူ မောင်နေလင်းစိုးက ပြောသည်။၂၀၁၅-၁၆ ပညာသင်နှစ်တွင်ရခိုင် ပြည်နယ်၌ ဆရာ၊ ဆရာမ လေးသောင်းကျော်ကို တိုးမြှင့်ခန့်ထားပေး မည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန က ဆိုထားသေးသည်။