ကလေးစစ်သာအားလုံး ထုတ်ပယ်ပြီးပြီဟု ကေအင်န်ယူ ဆို

ကလေးစစ်သာအားလုံး ထုတ်ပယ်ပြီးပြီဟု ကေအင်န်ယူ ဆို
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး KNU တွင် အသုံးပြုခဲ့သော ကလေးစစ်သားအားလုံး ထုတ်ပယ်ပြီး ဖြစ်သည်ဟု ယင်းအဖွဲ့၏ ဗဟို စည်းရုံးရေးဌာနမှူး ဖဒိုစောကွယ်ထူးဝင်းက သြဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။

အစိုးရ စစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားများ၏ တပ်များတွင် ကလေးစစ်သား မြောက်များစွာ ရှိသေးသည်ဟု ယူနီဆက်ဖ် မြန်မာက ထုတ်ပြန်ထားပြီး KNU ကမူ ၎င်းတို့ တပ်တွင် ကလေးစစ်သား လုံးဝမရှိတော့ဟု သြဂုတ် ၁၃ ရက်က CSO အဖွဲ့များနှင့် တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများကို ပြောကြား လိုက်ခြင်း ဖြစ်သည်။

“တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်သူတွေကို ခေါ်ယူစောင့်ရှောက်ထားခဲ့တာပဲ ရှိခဲ့တယ်၊ အခု အဲဒီအရွယ်မရောက် သေးတဲ့သူတွေကို ပညာသင်တာနဲ့ အခြားအသက်မွေးဝမ်းကျောင်းတွေ သင်ပေးတာတွေ လုပ်ပေးနေပြီ တပ်ထဲမှာမရှိတော့ဘူး" ဟု ဖဒိုစောကွယ်ထူးဝင်း က ဆိုသည်။

ကလေးစစ်သား အသုံးပြုခဲ့သည့် အရေအတွက်နှင့် ပညာသင်ကြားရန် ပံ့ပိုးခဲ့သည့် အရေအတွက်ကိုမူ ဖြေကြားခဲ့ခြင်း မပြုခဲ့ပေ။

သြဂုတ် ၁ ရက်က စစ်တပ်တွင် အသုံးပြုခဲ့သော အရွယ်မရောက်သေးသည့် ကလေးစစ်သား ၉၁ ဦးကို ထပ်မံလွှတ်ပေးခဲ့ပြီး တပ်မတော်မှ ကလေးစစ်သား စုစုပေါင်း ၃၆၄ ယောက်ကို လွှတ်ပေးပြီးဖြစ်သော်လည်း ကျန်ရှိနေသေးသည်ဟု ယူနီဆက်ဖ် မြန်မာက ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် အစိုးရတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့များကြားတွင် ကလေးစစ်သားခေါ်ယူစု ဆောင်း မှုကို အဆုံးသတ်ရန် ကုလသမဂ္ဂနှင့် သဘောတူညီထားသည်။

Most read this week