မလေးကို ခိုးလှေနဲ့သွားမည့် ဘင်္ဂလီ ၅၀ ကျော်စက််လှေတစ်စီးနှင့်အတူ အဖမ်းခံရ

မလေးကို ခိုးလှေနဲ့သွားမည့် ဘင်္ဂလီ ၅၀ ကျော်စက််လှေတစ်စီးနှင့်အတူ အဖမ်းခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားမြို့အနီး ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင် ရေလမ်းကြောင်း မှ သွားရန် စီစဉ်နေသည့် စက်လှေတစ်စီးနှင့် လူပေါင်း ၅၀ ကျော်ကို ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ကြောင်း Cox’sbazar News တွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူမှာ  စုစုပေါင်း ၅၆ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရရာတွင် လူကုန်ကူးသူ နှစ်ဦး ပါ၀င်ကြောင်း၊ လူကုန်ကူးသူ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲက ပြောဆိုကြောင်း သတင်းကဆိုသည်။

ယခုအခါ သူတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။

SAM 0069 1

ယင်းအပြင် ကော့စ်ဘာဇားမြို့ ကိုလာတိုလီရှိ တည်းခိုခန်းတခုမှ လူကုန်ကူးသူ ၂ ဦးနှင့် မလေးရှားသွားမည့်သူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း လူပေါင်း ၆၀ ကျော်တင်ဆောင်ပြီး မလေးသွားမည့် စက်လှေတစ်စီး ကော့စ်ဘာဇားမြို့အနီးတွင် ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသည့် စက်လှေမှလူများမှာ ကမ်းခြေသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း နော်ဆိမ်း ဒီခရိုင် ရိုင်ပူမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ရှာဟီးမီယာဆိုသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဘင်္ဂလာဒေချ့် နိုင်ငံသားများသည် သူ့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမူကြောင့် မြန်မာနို်င်ငံနှင့် ဘင်္ဂလာဒေချ့်နယ်စပ်မှ နေ၍ မလေးရှားကို နှစ်စဉ်ထွက်ခွာလေ့ရှိပြီး မလေးရှားသို့ ရောက်လျှင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေးလာသူ မြန်မာနိုင်ငံမှ လူနည်းစု မူဆလင်များ ဖြစ်သည်ဟု လိမ်လည် ပြောဆိုကာ အကူအညီနှင့် ခိုလုံခွင့်များတောင်းခံလေ့ရှိကြောင်း သိရသည်။

Most read this week