ချင်းပြည်နယ်တွင် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေမှုစတင်

ချင်းပြည်နယ်တွင် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေမှုစတင်
by -
ခိုနူမ်းထုန်

ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယ- မြန်မာနယ်စပ် Imphal ၊ MoRe ဒေသမှာ ဗြိတိသျှတပ်များနှင့် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ချင်းတောင်မှာ ဂျပန်စစ်သား အလုံးအရင်း ကျဆုံးခဲ့သော နေရာများကို   သြဂုတ်လ (၁) ရက်နေ ့မှ (၇) ရက်နေ ့ အထိ ရုပ်ကြွင်းရှာဖွေရေးအဖွဲ ့က ရှာဖွေလေ့လာမှု ပြုလုပ်ခဲ့ကြသည်။

လာမည့်နှစ်တွင် ကျရောက်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ကျင်းပဖို့ စီစဉ်နေသည့် ဂျပန်အစိုးရက စစ်အတွင်း ချင်းတောင်စစ်မျက်နှာတွင် ကျဆုံးခဲ့သော ဂျပန်စစ်တပ်များ၏ ရုပ်ကြွင်းများကို မိခင်နိုင်ငံ ပြန်ပို့နိုင်ဖို့ ရုပ်ကြွင်းရှာဖွေရေး အဖွဲ့သည် ယခုလဆန်းပိုင်းက  ချင်းပြည်နယ်ကို ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

” ဗြိတိသျှတွေရဲ့ ဒုတိယကမ္ဘာစစ် တိုက်ပွဲမှတ်တမ်းမှာ ဗြိတိသျှ နဲ့ ဂျပန်တွေရဲ့ ချင်းတောင်စစ်မျက်နှာဟာ  ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်ပွဲ အားလုံးထဲက ပင်လယ်မြေ မျက်နှာပြင် အမြင့်ဆုံး မြေပြင် စစ်ကြောင်း တိုက်ပွဲဖြစ်ကြောင်း ဖော်ပြကြတယ် ” လို့ ဒေသခံ ပူး ဟောက်ကန် က ပြောသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်သားများ အများဆုံး ကျဆုံးသောနေရာသည် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို ့နှင့် အိန္ဒိယ နိုင်ငံ အင်ဖားတလျှောက်ဖြစ်ပြီး ]၎င်းရုပ်ကြွင်းများ ပြန်လည် ရရှိရေးအတွက်  ကွင်းဆင်း လေ့လာခဲ့ကြောင်း၊ ရုပ်ကြွင်း အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် နေရာကို ဦးစားပေးရှာဖွေနေပြီး တွေ ့ရှိမှု အခြေအနေကို ဂျပန်အစိုးရထံ အစီရင်ခံတင်ပြ သွားမည်ဖြစ်ကြောင်း သြဂုတ် (၈)ရက်နေ့ထုတ် ကမာရွတ် မီဒီယာကလည်း ဖော်ပြထားသည်။

ဂျပန်အစိုးရသည် ယခင်ကတည်းက  မြန်မာနိုင်ငံတွင် ဂျပန်စစ်သား ရုပ်ကြွင်းရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ပြည်တွင်း လူမျိုးစု တော်လှန်ရေး လက်နက်ကိုင် ပဍိ ပက္ခကြောင့် စစ်အစိုးရက ရှာဖွေခွင့် ပိတ်ပင်ခဲ့ကာ အစိုးရသစ်လက်ထက်မှသာ  တောင် တန်းဒေသများတွင် ပထမဆုံး ရှာဖွေခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ ၁၉၄၃ ခုနှစ်၊ မတ်လအတွင်း ဂျပန်စစ်သား (၃) သိန်းခန် ့အိန္ဒိယ နိုင်ငံကို ကျုးကျော်ဖို့ ချင်းပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီး Imphal မြို ့အသွား ဗြိတိသျှ မဟာမိတ်တပ်များနှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပြီး အစာရေစာ ပြတ်လပ်မှု၊ ရောဂါဘယဖြစ်မှုနဲ့ ဒုက္ခရောက် သေဆုံး ခဲ့ကြကြောင်း သိရသည်။

အင်ဖားတိုက်ပွဲတွင် ဂျပန်တပ်များ ငတ်မွတ်ပြီး ရှေ ့ဆက်တိုး၍ မရတော့သည့်အတွက် တီးတိန် – အင်ဖား လမ်း တလျှောက် အများအပြားသေဆုံးခဲသည်ာကို တွေ့ကြုံခဲ့သူ အသက် (၉၁) နှစ် အရွယ် တွန်းဇံဒေသခံ၊ ဦး နန်ဇာခန်က တိုက်ပွဲကြောင့် ရွာသားများ တောထဲတွင် ပုန်းကုန်နေသည့်အတွက့် အစားအစာများ supply များ လုံးဝမရတော့သည့်အတွက်ကြောင့် ဂျပန်များ ငတ်ပြီး ့သေသွားခြင်း၊ အနာအဆာနှင့် သေသွားများရှိခဲ့သည်ဟု ပြောကြောင်း  ကမာရွတ်မီဒီက ဆိုသည်။