တရားရုံးဆုံး ဖြတ်ချက်များကို မကျေနပ်၍ ကော်မတီသို့ တိုင်ကြားမှုမှာ အများဆုံးဖြစ်နေ

တရားရုံးဆုံး ဖြတ်ချက်များကို မကျေနပ်၍ ကော်မတီသို့ တိုင်ကြားမှုမှာ အများဆုံးဖြစ်နေ
by -
မဇ္စျိမ

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီသို့ တိုင်ကြားစာများ ပေးပို့ရာတွင် တရားရေး၏ ဆုံးဖြတ်မှုများအပေါ် မကျေနပ်၍တိုင်ကြား ခြင်း အများဆုံးဖြစ်သည်ဟု ယင်းကော်မတီ၏ အတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ကော်မတီသို့တိုင်ကြားသည့်တိုင်ကြား စာများမှာ ကော်မတီ စတင်ဖွဲ့စည်းသည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ရ ရက်မှ ယနေ့ အထိ နှစ်သောင်းကျော် ရှိခဲ့သည်။ တရား ရေး၊ ပြည်ထဲရေး၊ လယ်သမားကဏ္ဍ၊ အုပ်ချုပ်မှုကဏ္ဍဟု တိုင်တန်းမှုများကို ခွဲခြား ထားရာ တရားရေးအတွက် တိုင်တန်းမှုများ မှာ အများဆုံးဖြစ်သည်ဟု ၎င်းကဆိုသည်။

ကော်မတီသို့ တိုင်ကြားသည့် တိုင်ကြား စာများတွင် ပါ၀င်သည့် အကြောင်းအရာနှင့် ပက်သက်ပြီး ကော်မတီအဖွဲ့ဝင် ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စောဝေက ““ ဒုတိယက တော့ ပြည်ထဲရေးနဲ့ ပက်သက်ပြီးတော့ တိုင်တာပဲ အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်ဘူး””ဟု ပြောသည်။

အဖွဲ့ဝင် ၁၅ ဦး ပါ၀င်သည့် အဆိုပါ ကော်မတီသည် စတင်ဖွဲ့စည်း ပေးခဲ့သည့် နှစ်မှ စတင်၍ တရားရုံးများသို့ ကွင်းဆင်း လေ့လာခြင်း၊ တရားရေးဝန်ထမ်း များနှင့်ဆွေးနွေးခြင်း၊ တွေ့ရှိချက်များကို ပြည်သူ့ လွှတ်တော်သို့ တစ်နှစ်လျှှင်တစ်ကြိမ် အစီရင်ခံစာ တင်ခြင်းဖြစ်သည်။ ကော်မတီ ၏ ဒုတိယမြောက် အစီရင်ခံစာကို လာမည့် ဧကာဒသမအကြိမ်မြောက် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။