ဦးဆန်းဆင့်အမှု တရားလိုပြသက်သေအဖြစ် လက်ရှိသာသနာရေး ဒု-၀န်ကြီးကို စစ်ဆေး

ဦးဆန်းဆင့်အမှု တရားလိုပြသက်သေအဖြစ် လက်ရှိသာသနာရေး ဒု-၀န်ကြီးကို စစ်ဆေး
by -
မဇ္စျိမ

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား ဆဋ္ဌမအကြိမ်ရုံး ထုတ်ရာလက်ရှိ သာသနာရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက တရားလိုပြ သက်သေအဖြစ် ဒက္ခိဏ ခရိုင်တရားရုံးသို့ လာ ရောက်အစစ်ဆေးခံခဲ့ကြောင်း ဦးဆန်းဆင့် ၏ရှေ့နေအောင်သူရထွန်းက မဇ္ဈိမကို ပြောသည်။

“ပြစ်မှုပုဒ်မ ၁၂၄(က)မှာ သဘော အားဖြင့်တော့ နိုင်ငံတော်အ ကြည်ညိုပျက် စေမှုဆိုတဲ့ အမှုပေါ့ဗျာ၊ အဲဒီမှာ ဒု-၀န်ကြီး ဦးမောင်မောင်ဌေးက လိုပြသက်သေ အဖြစ်လာအ စစ်ခံပါတယ်”ဟု ၎င်းကပြောသည်။

wai-3

“မနက်ပိုင်းမှာ ပုဒ်မ ၄၀၉ အမှုက အမှုစစ်ဒုရဲမှူး ညိုဝင်းကို စစ်ပါတယ်။ နေ့ခင်းတစ်ချက်တီး ကစလို့ ပြစ်မှုပုဒ် မ၁၂၄ (က)အမှုက လိုပြသက်သေဖြစ်တဲ့ ဒု-၀န် ကြီး ဦးမောင်မောင်ဌေးကို စစ်တယ်”ဟု ဦးစန်းမြင့်က ပြောသည်။

ဦးဆန်းဆင့်အား ပုဒ်မ ၄၀၉/၁၀၉၊ ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုထားပြီး ယင်းပုဒ်မ နှစ်ခုအတွက်လိုပြ သက်သေ ငါးဆယ်ကျော်ရှိသည်။ ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေကြောင့် ပ ဉ္စမအကြိမ်ရုံးချိန်းတွင် ကျန်းမာရေးအာမခံ လျှောက်ထားရာ ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့သည်။ ယခုအခါ နှလုံးခုန်နှုန်း ပိုမို နှေးကွေးလာ ခြင်းကြောင့် ကျန်းမာရေး အာမခံရရှိရေး ထပ်မံကြိုးစားသည်ဟု သိရသည်။

ဦးစန်းမြင့်က“သူ့(ဦးဆန်းဆင့်) ကျန်းမာရေးက စိုးရိမ်ဖွယ်ဖြစ် နေတော့ ကျွန်တော်တို့ ဥပဒေပါ အခွင့်အ ရေးပေါ့လေ။ ဒီတစ်ရုံးမှာ မရရင်လည်းပဲ အထက်တစ်ရုံးပေါ့ခင်ဗျာ၊ ဒီလိုပဲ ကြိုးစားရမှာပါ။ ဒါ ဥပဒေပါအ ခွင့်အရေးပါ”ဟု မဇ္ဈိမကို ပြောသည်။ ဦးဆန်းဆင့်အမှုကို သြဂုတ်လ ၁၂ ရက်သို့ ထပ်မံချိန်းဆိုထားသည်။

Most read this week