ဆက်သွယ်ရေး အော်ပရေတာ အူရီးဒူး၏ဆင်းမ် ကတ်ဝယ်ယူထား သူများ မှတ်ပုံတင် စာရင်းပေး သွင်းရန် လိုအပ်ပြီး မှတ်ပုံတင် (Register) ပြုလုပ်မ ထားပါက ၁၄ ရက်ကျော်လျှင် ဖုန်းလိုင်းပိတ် ခံရမည်ဟု ကုမ္ပဏီ ၏ အရောင်း ဒါရိုက်တာ ဦးမြင့်ဇော် မဇ္ဈိမကို ပြောသည်။
၎င်းက “မှတ်ပုံတင် မလုပ်ရ သေးရင် ကိုယ်ဝယ်တဲ့ ဆိုင်မှာ မှတ်ပုံတင် ပြန်လုပ်ပါ။ဆိုင်တွေ ကိုလည်း ၁၄ ရက် တွင်း မှတ်ပုံတင် ပြန်လုပ်ပေး နိုင်ဖို့ ညွှန်ကြား ထားပါတယ်” ဟု ပြောသည်
အူရီးဒူးဆင်းမ်ကတ် ၀ယ်ယူပါက နိုင်ငံသား မှတ်ပုံတင် မိတ်္တူ ပေးရပြီး အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ် လိပ်စာများ ပါ၀င်သော ပုံစံကို ဖြည့်သွင်းရ မည်ဖြစ်ပြီး ယင်းသို့ မှတ်ပုံတင် မလုပ်ထားပါက ဖုန်းလိုင်း ပိတ်ခံ ရမည် ဖြစ်သည်။
၀ယ်ယူအသုံး ပြုသူများသည်အူရီးဒူး၏အရောင်း ကိုယ်စားလှယ်ဆိုင်တွင် မဟုတ်ဘဲ အခြားဆိုင်များမှ တစ်ဆင့်ပြန် ၀ယ်မည်ဆိုပါက မှတ်ပုံတင်ပြု လုပ်၍ မရနိုင်ဘဲ ဖုန်းလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်ခံရ နိုင်သည် ဟုလည်း ၎င်းက ဆိုသည်။
“အူရီးဒူး အရောင်း ကိုယ်စားလှယ် ဆိုင်တွေမှာပဲ ၀ယ်ယူဖို့ပြော ချင်ပါတယ်။ လမ်းဘေးဆိုင် တွေမှာ တစ်ဆင့် စျေးကြီးပေးပြီး ၀ယ်သုံးရင် မှတ်ပုံတင် ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါဆို ဖုန်းလိုင်း ပိတ်သိမ်းခံ ရနိုင်ပါတယ်” ဟုလည်း ဦးမြင့်ဇော်က ဆိုသည်။
မှတ်ပုံတင် မသွင်းဘဲ ၀ယ်ယူမိသူ အမျိုးသား တစ်ဦးကလည်း “ကျွန်တော်က ဒီအတိုင်းပဲ မှတ်ပုံတင် မသွင်း ဘဲ ၀ယ်လိုက်တာပါ။ အခု မှတ်ပုံတင် ပြန်လုပ်ဖို့ ဖုန်းထဲကို မက်ဆေ့ချ် ၀င်လာပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ဆင်းမ်ကတ်ဝယ် ယူထားသူများ သည် သြဂုတ် ၁၅ ရက်အထိ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖေ့စ် ဘွတ် အခမဲ့ သုံးစွဲနိုင် မည်ဟု အူရီးဒူးက သတင်းထုတ် ပြန်ထားသည်။
အူရီးဒူးဆင်းမ် ကတ်များကို သြဂုတ်လ အတွင်း မြို့ပေါင်း ၆၈ မြို့အထိ ရောင်းချပေး သွားမည်ဟု အူရီး ဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Ross Cormack က လည်း သြဂုတ် ၂ ရက်၊ ဆူးလေ ရှန်ဂရီလာဟို တယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါမြို့ပေါင်း ၆၈ မြို့မှာ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့များဖြစ်ပြီး အရောင်း ကိုယ်စားလှယ် ဆိုင် ၆,၅၀၀ အထိ ရောင်းချပေး သွားမည်ဟု ပြောသည်။ မိုဘိုင်း ကွန်ရက် ချိတ်ဆက််မှု များမှာလည်း သြဂုတ်လကုန် ပိုင်းရောက်မှသာ ပြီးစီးသွားမည်ဟု ၎င်းက ဆိုသည်။
Ross Cormack က “ရန်ကုန်တိုင်းဒေသ ကြီးမှာတော့ အချို့နေရာ တွေက ဖုန်းလိုင်းချိတ်ဆက် မှုမပြီးသေးဘူး။ သြဂုတ်လကုန်မှာ တော့ချိတ်ဆက်မှုတွေ ပြီးစီးသွားမှာပါ”ဟု ပြောသည်။အူရီးဒူး ဆင်းမ်ကတ်များကို သြဂုတ်လ ၁၅ ရက်အထိ ဖုန်းအခမဲ့ခေါ်ဆိုမှုများကို ခွင့်ပြုထားရာ အူရီးဒူးဆင်းမ်ကတ် အချင်းချင်း မိနစ် ၉၀၀ နှင့် အခြားအော်ပရေတာ များသို့ မိနစ် ၉၀ ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ယင်းအပြင် သြဂုတ် ၁၅ ရက် နောက်ပိုင်း ကျပ် ၁၅၀၀ ဖြင့် ၀ယ်ယူသည့် ဖုန်းကတ်များတွင် ကျပ် ၁,၅၀၀ ထည့်သွင်း ပေးထား မည် ဖြစ်သည်။
အူရီးဒူး မိုဘိုင်းဖုန်းဆင်းမ်ကတ် များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချသည့် ဆိုင်များ ရှိသကဲ့သို့ ကျပ် ၅,၀၀၀ မှ ကျပ်တစ်သောင်း အထိ စျေးနှုန်းတိုးမြှင့် ရောင်း ချသည်များ လည်းရှိနေသည် ဟုလည်း စျေးကွက်အတွင်း စုံစမ်းသိရှိရသည်။
အူရီးဒူးကတ်များကို ၁,၅၀၀ ကျပ်ထက် ပိုရောင်းသည့် ဆိုင်များတွင် ၀ယ်ယူခြင်း မပြု ရန်လည်း အူရီးဒူး၏ အမှုဆောင် အရာရှိချုပ် Ross Cormack က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။“၁၅၀၀ ကျပ်ထက် ပိုရောင်းတဲ့ဆိုင် တွေ့ရင်မဝယ်ပါနဲ့။ တခြားဆိုင်ကို ပြောင်း ၀ယ်လိုက်ပါ။ ကျွန်တော်တို့ဘက် ကလည်း ဆငး်မ်ကတ်တွေကို လိုသလောက် ရောင်းချ ပေးသွားမှာပါ”ဟု ၎င်းင်းက ပြောသည်။
အူရီးဒူးက ဖုန်းခေါ်ဆိုခ များမှာ အူရီးဒူး ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ အူရီး ဒူးဆင်းကတ်မှ အခြားအော် ပရေ တာကတ် တစ်ခုသို့ ခေါ်ဆိုပါက ၃၅ကျပ် ၊ SMS တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက် အသုံုးပြုခအဖြစ် 1MBလျှင် ၂၅ ကျပ်အထိ ကျသင့်မည် ဖြစ်သည်။ အင်တာနက် အသုံးပြုခနှင့် ပတ်သက်၍ စျေးနှုန်းများမြင့် မားသည်ဟု မို ဘိုင်းဖုန်းအသုံး ပြုသူများက ထုတ်ဖော်ပြော ကြား နေပြီး အင်တာနက်စျေး နှုန်းနှင့်ပတ် သက်၍ သုံးစွဲသူများ၏ အကြံပြုချက်ကို ရယူပြီး စျေးနှုန်းပြောင်းလဲ သတ်မှတ်ပေးရန် အစီအစဉ် ရှိသည်ဟု အရောင်းဒါရိုက်တာ ဦးမြင့်ဇော်က မဇ္ဈိမကို ပြောသည်။
အူရီးဒူး မိုဘိုင်းဆင်းမ်ကတ် များကို ၂၀၁၄ နှစ်ကုန်အထိ ဆင်းမ်ကတ်ပေါင်း ၂၃ ဒသမ ၄ သန်းအထိ ရောင်းချပေး သွားမည်ဟုလည်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိ ချုပ်က ပြောသည်။ အခြားအော် ပရေတာ တစ်ခုဖြစ်သော တယ်လီနော ကလည်း မိုဘိုင်းဆင်းမ်ကတ် ကိုစက်တင်ဘာလ အတွင်း ရောင်းချသွားမည် ဟု ပြောကြားထားသည်။
ရန်ကုန်မြို့တွင် အူရီးဒူးဆင်းမ်ကတ် အသုံးပြု သူအချို့ကမူ လိုင်းမမိခြင်း၊ အခြား အော်ပရေတာ များသို့ ခေါ်ဆို၍မရခြင်းများ ဖြစ်ပေါ်သည် ဟုလည်း ဆိုကြသည်။