ရာအိမ်မှူး ပါ၀င်သည့် လူ ၂၀ ကျော်က ဓားများကိုင်ဆောင်၍ တရားမဟောရန် ခြိမ်းခြောက််

ရာအိမ်မှူး ပါ၀င်သည့် လူ ၂၀ ကျော်က ဓားများကိုင်ဆောင်၍ တရားမဟောရန် ခြိမ်းခြောက််
by -
မဇ္စျိမ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၀က်သေကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်သည့်တရားပွဲသို့ တရားလာ ဟောသော ရေပူဆရာတော်၏ ကားကို ရာအိမ်မှူး ပါ၀င်သောလူ၂၀ ဦးကျော်က ဓားများကိုင် ဆောင်၍ တရားမဟော ရန်ခြိမ်းခြောက်တား မြစ်ခဲ့သည်ဟု ရေပူဆရာတော် ဦးဣန္ဒက မဇ္ဈိမကို မိန့်ကြား သည်။

ထိုသို့ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ရာတွင် ဓားကိုင်ပါ၀င်သူများထဲတွင် ၀က်သေကျေးရွာမှ ရာအိမ်မှူး ကိုယ်တိုင်ပါ၀င်နေသည်ဟုဆိုသည်။

တရားပွဲကျင်းပရန်အတွက် မြို့နယ်သံဃနာယအဖွဲ့နှင့် မြို့နယ်အာဏာပိုင်များထံတွင်တရားဝင်စာတင် ခွင့်ပြုမိန့်ယူ၍ ရွာသူရွာသားများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ သွားတိုင်တယ်။ သွားတိုင်တော့ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်နေတဲ့ သူတွေဘယ်သူ လည်း ဘယ်ကလည်း ဘာဖြစ်တာလည်း မမေးဘဲ။မင်းတို့ဆရာတော်က ဘယ်ကလည်း ဘယ်နှစ်ပါးကြွ လာတာလည်း ဒါပဲမေးတယ်။ ဒါကို ရွာကလူတွေက မသင်္ကာဘူးဖြစ်နေတယ်။ သူတို့ ပါ၀င်ပတ်သက်နေ တယ်လို့ ယူဆနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဖြစ်အောင်တားဆီးပေးဖို့ လာအကူအညီတောင်း တိုင်ကြားတာကို ဘာမှလုပ်မပေးတာ ဟာသေချာတယ်။ ပဋိပက္ခဖြစ်အောင် လုပ်တာပဲ”ဟု ၀က်သေကျေးရွာ မှ ကိုလွမ်းမောင်က ပြောသည်။

ဆရာတော်သည် မိုးကုတ်မြို့၊ ရေပူကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဖြစ်ပြီး၊ ပရဟိတလုပ်ငန်းများ သာ လုပ်ဆောင်သည်။ ထို့အပြင် ၀က်သေကျေးရွာ ပိုင်မြေပြန်လည် ရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေး နေသည် ဟုလည်း ဒေသခံများက ဆိုသည်။

“ဆရာတော်အ နေနဲ့ကတော့ မေတ္တာတရား နဲ့ပဲလုပ်တယ်။ ဓားကိုင်တဲ့ ဒကာတွေက ဆရာတော်ဒီမှာတရား မဟောနဲ့ သတ်ပစ်မယ်လို့ ပြောနေတယ်။ ကားလည်း ရှေ့ဆက်ထွက်လို့မရဘူး။ ရှေ့ကနေ ပိတ်ထားကြ တယ်။ တရားဟောမယ်ပြောတော့ တကာတကာ မတွေက အန္တရာယ်များလို့ ဆက်မဟော ဖို့တားလို့ တရား ပွဲပျက်သွားတယ်။ ပြီးတော့ သွားတိုင်တော့လည်း အရေးယူဆောင် ရွက်ပေးတာမရှိဘူး။ ဘုန်းကြီးတို့ဘက် မှာ ဥပဒေလည်းမရှိဘူး။ စောင့်ရှောက်ပေးမှုလည်း မရှိဘူး။ ဘုန်းကြီးတို့နယ်လှည့်ဓမ္မက ထိကဆိုတာ ရပ်စုံ ရွာစုံသွားနေရတယ်။ ဒီလိုတွေဆက် ဖြစ်နေမယ်ဆိုရင် ဘုန်းကြီးတို့က ဘယ်အာဏာပိုင်ကို တိုင်ရမှာလည်း ဖြစ်အောင်ဖန်တီး ပေးနေတာလား ဒါကိုကွဲကွဲပြား ပြားသိချင်တယ်”ဟု ဆရာတော်က မိန့်ကြားလိုက်သည်။

ဇူလိုင် ၂၆ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့သို့ ဆရာတော်ကိုယ်တိုင် သွားရောက်တိုင် ကြားသော်လည်း အမှုဖွင့် အရေးယူမှုများ လုပ်ဆောင်ပေး ခြင်းမရှိဟုလည်း ဆရာတော် ကမိန့်သည်။

“ဒါဟာ မရိုးသားမှုပါ။ ရာအိမ်မှူး ပါနေတယ်။ သူ့ကို ဘယ်သူက ခိုင်းတာလည်း ဒါကိုသိဖို့လိုတယ်။ ဆရာ တော်က နိုင်ငံရေးလည်းမလုပ်ဘူး။ အတိုက်အခံ လည်းမရှိဘူး”ဟု ကိုစိုးဌေးက ပြောသည်။

အဆိုပါကိစ္စကို သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့သို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ တာဝန်ခံဖြေ ကြားမည့် ရဲအရာရှိမှာ တရားရုံးသွား ရောက်နေသော ကြောင့် ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။