မြစ်ကြီးနားမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်စခန်းများရှိ မဲဆန္ဒရှင်များအားမဲထည့်ရန် အသိပညာပေးခြင်းကို သြဂုတ် ၅ ရက်အထိ ဆောင်ရွက်သွားမည်ဟု မဲစာရင်း အသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားမြို့နယ်တွင် မဲဆန္ဒနယ် မဲဆန္ဒရှင်ဦးရေ ခြောက်သောင်းကျော်ရှိပြီး ဇူလိုင်၂၁ရက်မှစတင်၍ သြဂုတ် ၅ ရက်အထိ မြစ်ကြီးနား မဲဆန္ဒနယ်အမှတ်(၁)အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်းများကို အခြေခံမဲ ဆန္ဒနယ်စာရင်းပေးရမည့် အခြေခံသဘောတရားများကို မြို့နယ်ကော်မရှင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မဲစာရင်းအသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက မြစ်ကြီးနားတွင် စစ်ပြေး ဒုက္ခသည်စခန်း၂၁ ကို မဲဆန္ဒရှင် စာရင်းပေးရမည့် အခြေခံသဘောတရားများကို ရှင်းလင်းပြောပြခဲ့ရာ စစ်ပြေးဒုက္ခသည်များသည် မဲဆန္ဒရှင်စာရင်းတွင် မဲထည့်ရန် စိုးရိမ်မှုများရှိနေသည်ဟု ပြောသည်။
မဲစာရင်းအသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက “ဆန္ဒမဲပေး လိုက်ရင် သူတို့ ဒီနေရာမှာပဲ အပြီးနေရမယ်လို့ ထင်ပြီးစိုးရိမ်နေတာ တွေ့ရတယ်။ စစ်ပြေးဒုက္ခသည်တွေက သူတို့မူလနေထိုင်တဲ့ ရွာတွေမှာ ပြန်နေတာချင်တာလေ” ဟု ပြောသည်။
စစ်ပြေးဒုက္ခသည်များကို ရှေ့ပြေးစမ်းသပ်မဲဆန္ဒရှင် စာရင်းကောက်ရာတွင် ထည့်သွင်းထားခြင်း မရှိသေးဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။