နယူးယောက်မြို့ အကြိမ်(၂၀)မြောက် ရခုုိင်သင်္ကြန်စည်ကားသိုက်မြိုက်စွာကျင်းပ

နယူးယောက်မြို့ အကြိမ်(၂၀)မြောက် ရခုုိင်သင်္ကြန်စည်ကားသိုက်မြိုက်စွာကျင်းပ
by -
နိရဥ္စရာ

အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့တွင် (၂၀) ကြိမ်မြောက် ရခုုိင်သင်္ကြန်ပွဲဲတော်ကိုု ဇူလိူင်လ ၂၇ ရက် နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်ဟု သိရသည်။

ရခုုိင်သင်္ကြန်ကို ၁၉၉၄  ခုုနှစ်မှ စတင်ပြီး နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် သင်္ကြန်မှာ အကြိမ်(၂၀)မြောက်ဖြစ်ကြောင်း သိရသည်။

နယူးယောက် ရခုုိင်သင်္ကြန် ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး  ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ဦးကျော်သာလှက ယခုလို ပြောသည်။

Thungram-3-in-NY

” လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အဖွဲ့အစည်းတစ်ခုု ဖွဲ့ဖြစ်ခဲ့ကြတယ်။  အမေရိကန်နိုုင်ငံမှာ မြန်မာပြည်နဲ့ပတ်သက်လိုု့ယဉ်ကျေးမှုတစ်ခုုခုကိုု ဖေါ်ထုုတ်ဖိုု့ စဉ်းစားဖြစ်ကြတဲ့ အခါ ရခိုုင်ရိုုးရာသင်္ကြန်ကိုု ကျင်းပဖိုု့ စဉ်းစားဖြစ်ကြတယ်။ ရခုုိင်ရိုုးရာ သင်္ကြန်က ယဉ်ကျေးတဲ့ သဘောကိုုဆောင်တယ်။ လောင်းလှေထဲမှာ ရေထည့်ပြီး အပျို လူပျို ရေပက်ကစားကြတာဟာ ထူးခြားတဲ့အတွက်ကြောင့် ၁၉၉၄ခုုနှစ်ကစလိုု့ ရခုုိင် သင်္ကြန်ကိုု ကျင်းပ လာတာဖြစ်တယ်။ အခုုဆိုုရင် အမေရိကမှာ ရှိတဲ့လူတွေလည်း စိတ်ဝင်စားလာတာကိုု တွေ့ရတယ်။ ပြီးတော့ ရခုုိင်ယဉ်ကျေးမှုကို ကမ္ဘာက သိလာတယ်“ ဟု သူက ဆိုသည်။

ယခုကဲ့သို့ နယူးယောက် ရခိုင်သင်္ကြန်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်းမှာ အမေရိကန်ရောက် ရခိုင်အမျိုးသားများ၏ စည်းလုံးညီညွှတ်မူနှင့် ရိုးရာယဉ်ကျေးမူ အမွေကောင်းများကို ထိန်းသိမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ရခိုုင်လူမျိုးအချင်းချင်း အခုုလိုု စည်းစည်း လုံုးလုံုးနဲ့ လာရောက် အားပေးကြတဲ့အတွက် ခုလိုအောင်မြင်တာ ဖြစ်တယ်။ ဒီအတွက်လည်း အထူး ကျေးဇူးအထူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခုုလိုုပဲ လာရောက် အားပေးကြစေလိုပါတယ်” ဟု သူက ဆိုသည်။

အာရှနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင် သင်္ကြန်ကို ကိုယ့်ရိုးရာ ယဉ်ကျေးမူ ဓလေ့ ထုံးတန်းစဉ်လာများနှင့် အညီကျင်းပကြကြောင်း ၊ သင်္ကြန်ကိုု များသောအားဖြင့် အာရှနိုုင်ငံများ၌ နွေရာသီဖြစ်သည့် ဧပြီလတွင် ကျင်းပလေ့ရှိကြကြောင်း၊  အမေရိကန်ပြည်ထောင်စုု နယူးယောက်တွင် ထိုုလများတွင် ဆောင်းရာသီ မကုုန်သေးသည့်အတွက်ကြောင့် အလွန်ချမ်းအေးပြီး ရေကစားရန်မဖြစ်နိုုင်ကြောင်း၊ သို့အတွက် နွေရာသီ ကာလဖြစ်သည့် ဇွန်နှင့် ဇူလိုင်လများတွင် ပြုကျင်းပကြရခြင်း ဖြစ်ကြောင်း ဦးကျော်သာလှက ဇူလိုူင်လရောက်မှ နှစ်သစ်ကူး ရခိုင်သင်္ကြန်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။

ယခုလို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ကို ရေလောင်း မဏ္ဍပ်များဖြင့်  ကျင်းပပြုလုပ်ရ၍ ၀မ်းသာဂုဏ်ယူကြောင်း မဏ္ဍပ်ရှင်မ အဖြစ် တာဝန်ယူရသူ ဒေါ်ခင်ခင်စောက ပြောသည်။

“ သင်္ကြန်ဆိုုတာ ရခုုိင်လူမျိုးတိုု့ရဲ့ ယဉ်ကျေးမှု သင်္ကေတတခုုဖြစ်တယ်။ သင်္ကြန်ဆိုုတာနဲ့ ရေလောင်းမဏ္ဍပ် ပါရမယ်။ ရေလောင်းမဏ္ဍပ်မပါရင် မပြည့်စုံုဘူး။ အဲဒါကြောင့် မဏ္ဍပ်တွေ ဆောက်ပြီး ရေကစားရတဲ့ အပြင် မဏ္ဍပ်ရှင်မအဖြစ် တာဝန်ယူရတာကိုု အရမ်း ဂုုဏ်ယူမိပါတယ်” ဟု သူမက ပြောသည်။

အမေရိကန်နိုင်ငံသိုု့ ခေတ္တ လာရောက် လည်ပတ်နေသည့် ရခုုိင်လူမျိုးတစ်ဦးဖြစ်သူ ဦးသိန်းရွှေ မှလည်း ယခုလို ပြောသည်။

“ ပြည်ပရောက်နေကြတဲ့ ရခိုုင်လူမျိုးတွေ အထူးသဖြင့် အမေရိကသို့ရောက် နေကြတဲ့ ရခိုုင်လူမျိုးအချင်းချင်း အခုုလိုု စည်းစည်းလုံုးလုံုး ညီညီညွတ်ညွတ်နဲ့တွေ့ရတာကိုု ၀မ်းသာအားရမိတယ်။ ရခုုိင်ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖေါ်ထုုတ်ပေးကြတဲ့ ပုုဂ္ဂိုလ်တွေကိုုလည်း အထူးပဲ လေးစားဂုုဏ်ယူမိပါတယ်။ နောက်နောင်ကိုုလည်း အခုုလိုုပဲ စည်းစည်းလုံုးလုံုး ညီညီညွတ်ညွတ်နဲ့ လုုပ်ဆောင် သွားကြစေလိုပါတယ်“ ဟု ပြောသည်။

နယူးယောက် ရခိုုင်ရိုုးရာသင်္ကြန်ပွဲတော်တွင်  မြန်မာတိုုင်းရင်းသား ရိုုးရာအစားအစာများကိုလည်း အဖွဲ့လိုက် ရောင်းချခဲ့ကြသည်။  ရခုုိင်မုုန့်တီ ရောင်းချနေသည့် ရခုုိင်အမျိုးသမီးတစ်ဦးဖြစ်သူ မနီလာခိုုင်မှလည်း မုုန့်တီ ရောင်းချဖြစ်ခြင်းနဲ့ ပတ်သက်၍ သူမက ယခုလိုု ပြောသည်

Thungran-in-NY

“ နယူးယောက် ရခုုိင်သင်္ကြန်ဆိုုရင် အမေရိကန်နိုုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်က ရခုုိင်လူမျိုးတွေအပြင် အခြားတိုုင်းသား လူမျိုးတွေလည်း လာကြတယ်။ မြန်မာပြည်နဲ့ ဝေးနေကြရတာဆိုုတော့ တချို့က သီးသန့် မြန်မာရိုုးရာ အစားအစာတွေ စားချင်လိုု့ လာကြတာတွေရှိတယ်။ မြန်မာ တိုင်းရင်းသားမှန်ရင် ရခိုုင်မုုန့်တီကိုု ကြိုက်ကြတယ်။ ပြီးတော့ ရခိုုင်သင်္ကြန်ဆိုုရင် ရခုုိင်မုုန့်တီပါမှ တင့်တယ်တယ်လိုု့ ခံယူပါတယ်” ဟု ဆိုသည်။

ရခိုင်မုန့်တီကို လာရောက် ရောင်းချခြင်းမှာ အမြတ်အစွန်းထက် အမိမြေနှင့် ဝေးနေကြသူ တိုင်းရင်းသား လူမျိုးများကို ရခိုင်မုန့်တီကို စားစေလိုသည့် စေတနာဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု သူမက ဆက်ဆိုသည်။

“ တချို့ကလည်း ရခိုုင်မုုန့်ကိုုသီးသန့်လာစားကြတယ်။ ကျမ ကိုုယ်တိုုင်က ရခုုိင်မုုန့်တီးကိုု ကြိုက်တော့ ကျမနည်းတူ အခြား ရခုုိင်တွေ၊ တိုင်းရင်းသားတွေလည်း စားချင်ကြမှာပဲဆိုုပြီး မအားလပ်တဲ့ ကြားထဲက အခုုလိုု လုုပ်ဖြစ်တာပါ၊ အမြတ်အစွန်းကိုု အဓိက ထားပြီးရောင်းတာမဟုုတ်ဘူး“ ဟုု သူမက ရှင်းပြသည်။

နယူးယောက် ရခုုိင်သင်္ကြန်ကို ဇူလိူင်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုုပ်ခဲ့ကြပြီး  လူပေါင်း ၈၀၀ ခန့် လာရောက် ပါ၀င် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။

Most read this week