အပစ်ရပ်များအား စည်းရုံးရန် စစ်ထိပ်တန်း ဘီအစ်အို နေရာများ အပြောင်းအလဲလုပ်

အပစ်ရပ်များအား စည်းရုံးရန် စစ်ထိပ်တန်း ဘီအစ်အို နေရာများ အပြောင်းအလဲလုပ်
၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် အဓိက အဟန့်တားဖြစ်နေသည့် လက်နက်ကိုင် ငြိမ်းအဖွဲ့များအား စည်းရုံး သိမ်းသွင်းရန် မကြာခင်က ပြုလုပ်ပြီး စီးသွားသည့် နေပြည်တော် အစည်းအဝေးတွင် ကစထ ခေါ် ဘီအက်စ်အို မှူးများ အပြောင်းအလဲ လုပ်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်ကဆို ...

၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် အဓိကအဟန့်တားဖြစ်နေသည့် လက်နက်ကိုင်ငြိမ်းအဖွဲ့များအား စည်းရုံး သိမ်းသွင်းရန် မကြာခင်က ပြုလုပ်ပြီး စီးသွားသည့် နေပြည်တော် အစည်းအဝေးတွင် ကစထ ခေါ် ဘီအက်စ်အို မှူးများ အပြောင်းအလဲ လုပ်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်ကဆိုပါသည်။

“အခု မပြောင်းလဲဘဲ အရေးပါတဲ့နယ်မြေကို ထိန်းချုပ်နေတဲ့ ဘီအက်စ်အို ကစထ(ကာကွယ်ရေး/ အထူးစစ် ဆင်ရေး) က ဗိုလ်ချုပ်မင်းအောင်လှိုင်ဘဲ သူက ဆိုင်ရာ နယ်မြေဒေသ ကိုကျွမ်းကျင်တယ်၊ ပုဂ္ဂိုလ်ရေးအရ အပစ်ရပ်အဖွဲ့ခေါင်းဆောင် တွေနဲ့ ရင်းနှီးတယ်၊ တခုခုအပြောင်းအလဲမျှော်လင့်လို့ အခုလို လုပ်တယ် လို့ကျနော်မြင်တယ်၊ မပြောင်းတဲ့ နောက် ၂ ယောက်က အပစ်ရပ်အတွက်အရေးသိပ်မပါဘူး။” ဟု သျှမ်းပြည်အရေးသူတဦးကဆိုပါသည်။

BSO 1  -  ဒုတိယဗိုလ်ချုပ်ကြီး သာအေး (ယခင် BSO 4  ) ထိန်းချုပ်နယ်မြေ ကချင်၊ စစ်ကိုင်း နှင့် မန္တလေးတိုင်း

BSO 2  -  ဗိုလ်ချုပ် မင်းအောင်လှိုင် (မပြောင်းလဲ) ထိန်းချုပ်နယ်မြေ သျှမ်းပြည် နှင့် ကယားပြည်

BSO 3 -  ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (မပြောင်းလဲ) ထိန်းချုပ်နယ်မြေ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း

BSO 4  -  ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် (ယခင် BSO 6 ) ထိန်းချုပ်နယ်မြေ ကရင်၊ မွန် နှင့် တနင်္သာရီတိုင်း

BSO 5 -  ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (မပြောင်းလဲ) ထိန်းချုပ်နယ်မြေ ရန်ကုန်တိုင်း နှင့် နေပြည်တော်

BSO 6 -  ဗိုလ်ချုပ် အုန်းမြင့် (ယခင် BSO 1 ) ထိန်းချုပ်နယ်မြေ  ရခိုင်၊ မကွေး နှင့် ချင်းပြည်

အထက်ဖေါ်ပြသည့် ဘီအက်စ်အို မှူးကြီးများအားလုံးသည် စစ်အစိုးရ၏ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည်။

အမည်မဖေါ်လိုသည့် ထိုင်းနယ်စပ် လုံခြံုရေးအရာရှိတဦးက - “အခု ထိပ်ပိုင်းနေရာတွေ နအဖ ကအပြောင်း အလဲ လုပ်လိုက်တဲ့ဟာက ကျွမ်းကျင်ပါးနပ်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးပြီးဆိုင်ရာနယ်မြေကအပစ်ရပ်အဖွဲ့တွေကို အနုနည်းရော အကြမ်း နည်းပါသုံးပြီး စည်းရုံးသိမ်းသွင်းဖို့ ဘဲဖြစ်နိုင်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာလေအပစ်ရပ်အဖွဲ့ အရေးက ပိုအရေး ကြီးလာလေဆိုတော့ ဖြေရှင်းနိုင်မယ်ထင်တဲ့ ပုဂ္ဂိုလ်တွေကိုသူတို့အပြောင်းအလဲ လုပ်လိုက်တဲ့ သဘောဘဲ” ဟုဆို၏။

Most read this week