မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် အမြင်သဘောထားနှင့် တင်ပြချက်များ

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် အမြင်သဘောထားနှင့် တင်ပြချက်များ
by -
နိရဥ္စရာ

ရခိုင်လူမျိုးတွေအပြင် မြန်မာနိုင်ငံသားတွေ အများအပြားကပါ နှစ်ခြိုက်သဘောမကျဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနား သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် သူ့ရဲ့ နေရာမှာ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee) ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

အရင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားဟာ သူရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး ဘင်္ဂလီတွေ အပေါ်မှာ တဖက်သတ် ဘက်လိုက် ဆောင်ရွက်မူတွေရှိခဲ့တယ် လို့ ရခိုင်အမျိုးသားတွေက အမြင်ရှိခဲ့ကြတဲ့အတွက် ကင်တားနားအပေါ်မှာ ရခိုင်လူမျိုးတွေက လုံးဝ မနှစ်မြို့ခဲ့သလို အဲသလို မနှစ်မြို့ကြောင်းကိ်ုလည်း ဆန္ဒပြပွဲတွေလုပ်ပြီး သူနဲ့ UN လူကြီးတွေ သိအောင် ဖေါ်ထုတ်ပြသခဲ့ကြပါတယ်။

Ms-Yang-He-Lee-meets-gov-members

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်နေတဲ့ ပြဿနာ အပေါ် တစ်စုံတစ်ရာ ကြားဝင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သလို သူရဲ့အားနည်းချက်အချို့နဲ့ ပြောမှားဆိုမှားရှိခဲ့တာတွေကြောင့် ရခိုင် ပြသနာဟာ မငြိမ်းအေးတဲ့အပြင် မီးလောင်ရာလေပင့် ဆိုသလိုမျိုး ဖြစ်ခဲ့ရတာတွေကိုလည်း ရှိခဲ့ပါတယ်။

အခု အသစ်ခန့်အပ်ခံရတဲ့ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee)ကကော ရခိုင်ပြသနာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် လုပ်ဆောင်သွားမှာပါလဲ?

ရခိုင်အမျိုးသားပါတီက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောကို မေးကြည့်တော့ သူ့အမြင်ကို ခုလို ပြောပါတယ်။

“သူ့လမ်းကြောင်း အသစ်နဲ့ ရခိုင်ပြသနာကို ချဉ်းကပ် ဖြေရှင်းဖို့ ကြိုးစားမလား၊ အရင်လုပ်ခဲ့တဲ့ ကင်တားနားရဲ့ လမ်းဟောင်းအတိုင်း လိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားမလား။ ဒါကို စောင့်ကြည့်ရပါလိမ့်မယ်။  ကင်တားနားက တော်တော်ဆိုးဆိုးရွား အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ နောက်ဆုံုး ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးက ကျောက်ဖြူ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ အင်္ဂလန်မှာ အချိန်ကိုက် ကွန်ဖရင့် တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒေါက်တာာဇာနည်တို့နဲ့ တွဲပြီးပေါ့။ အဲဒီကွန်ဖရင့်မှာ အဓိက ဘာလဲဆိုတော့ ရခိုင်ပြည်မှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ ရခိုင်ပြည်နယ်မှာ Genocide ပေါ့။ Genocide လုပ်ဖို့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောတယ်။ ရခိုင်လူမျိုးတွေဟာ  ဘင်္ဂလီတွေ အပေါ်မှ Genocide လုပ်ဖို့ ကြံစည်နေတယ်။ ဒါက ဆူဒန်လို ဖြစ်မယ်။ သူက နှစ်နဲ့ ချီပြီး တော်တော် ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာတွေရှိတယ်။ သူကတော့ ရခိုင်နဲ့ပတ်သက်ပြီး အရှိတရားကိုလည်း အသိအမှတ်မပြု၊ နားလည်မလည်။ လုံးဝ လူ့အခွင့် အရေးကို အကြောင်းပြပြီး ဘင်္ဂလီတွေဘက်က တဖက်သတ် ရပ်တည်ခဲ့တယ်။ အခုတော့ ကိုရီးယား အမျိုးသမီး တစ်ဦးကို သူ့နေရာမှာ အစားထိုးလိုက်တယ်ဆိုတော့ ဒီကိုးရီယားအမျိုးသမီးသည် သူ့လမ်းကြောင်းအသစ်နဲ့ ချဉ်းကပ်မလား၊ သို့တည်းမဟုတ် ကင်တားနားချပေးတဲ့ လမ်းကြောင်းအဟောင်းအတိုင်း လိုက်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”  လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အသစ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရိုဟင်ဂျာဆိုသော အသုံးအနုန်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ကြီးထွားလာတဲ့ အတွက် ဒီအသုံးအနုန်းကို UN နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဆက်လက်သုံးစွဲဖို့ မသင့်တော်ဘူးလို့ မစ္စက်ယန်ဟီးလီနဲ့ စစ်တွေမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ နေ့စဉ်ထုတ် Democracy Today မှာ ဇူလိူင်လ ၂၀ နေ့က ဖေါ်ပြပါတယ်။

သူက “ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ သမ္မတကြီးကိုယ်တိုင်က ပြောထားပြီးသားပါ။ ဒီနှစ်ပေါင်း သုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုး ပေါ်ပေါက်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ရခိုင် လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမူ ရှိပြီးသားဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နိုင်ငံတကာကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း မသုံးဖို့ ထပ်မံတိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်ခေါင်းစာရင်းကောက်ခံယူတာမှာ ဘင်္ဂလီတွေက ရိုဟင်ဂျာဆိုမှ စာရင်း ကောက်ခံဖို့ ငြင်းဆိုခဲ့ကြတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါဘဲ။ ရခိုင်လူမျိုးတွေကို မခံမရပ်နိုင် ဖြစ်စေတဲ့အပြင် ဒီအသုံးအနုန်းကြောင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ပျက်ပြယ်သွားနိုင်ပါတယ်”  လို့ ပြောဆိုခဲ့တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။

စစ်တွေ ရွှေစေတီကတော့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ ဘင်္ဂလီတွေက စတင်တဲ့ အတွက် ဖြစ်ခဲ့ရတာလို့ မစ္စက်ယန်ဟီးလီကို ပြောဆိုခဲ့တယ်လို့ ဇူလိူင်လ ၂၀ နေ့ ရက်စွဲနေ့ ထုတ်ဝေတဲ့ Daily Eleven မှာ ခုလို ဖေါ်ပြတယ်။

“ သူက အချက် ငါးချက်ကိုမေးခဲ့တယ်။ ဆရာတော် ဖြေတာကို ပြောရရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရား ရှိတယ်။ ဒါကြောင့် ဘင်္ဂလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို စျေးလည်း အကြွေးရောင်းပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလန်းလည်း ပေးခဲ့တယ်။သူတို့ဟာ နိုင်ငံသား မဟုတ်ပေမယ့် လူသားချင်းစာနာတဲ့ အနေနဲ့ နိုင်ငံသား တစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလို ကူညီခဲ့တာ။ ပြီးတော့ ခွဲခြားဆက်ဆံတာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်တာကို ကြည့်ရင်တခြားဘာသာတွေနဲ့ ဖြစ်တာကို မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာ ဖြစ်နေတာကိုတွေ့ရတယ်။ ပြီးတော့ ရခိုင်တွေက အကြမ်းဖက် တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နိ်မ့်ကျသွားဖို့ဆိုရင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်လို့ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ နိရဥ္စရာကို ပြောဆိုပါတယ်။

“ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနှိမ့်ကျနေတယ်။ ဆင်းရဲတဲ့ ပြည်နယ်မှာ ဒီလို ပဋိပက္ခတွေဖြစ်နေတယ်။ ပဋိပက္ခတွေကြောင့်ဘဲ ပိုပြီးဆင်းရဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ စက်ရုံအလုပ်ရုံတွေမရှိဘူး။ ရခိုင်ကထွက်တဲ့ သဘာဝသယံဇာတတွေကိုလည်း အခြားတိုင်းပြည်နိုင်ငံတွေက သုံးစွဲ နေတယ်။ ဒါကြောင့် ရခိုင်လူထုကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ အပါအဝင် ကမ္ဘာ့ အဖွဲ့အစည်းတွေအနေနဲ့ စက်ရုံအလုပ်ရုံစတဲ့ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တယ် ” ဟု ဆရာတော်က မိန့်ကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စက် ယန်ဟီးလီဟာ ရခိုင်ပြည်နယ်ကို ဇူလိူင်လ ၁၈ ရက်နေ့က ရောက်ရှိပြီး စစ်တွေနဲ့ မောင်တောမြို့တို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

သူမ ခရီးစဉ် အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ပြည်နယ်အဆင့် အစိုးရ အရာရှိကြီးတွေနဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဇူလိူင်လလ ၂၀ နေ့မှာတော့ စစ်တွေကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

Most read this week