မန္တလေးမြို့ ညမထွက်ရအမိန့်လျော့ချ

မန္တလေးမြို့ ညမထွက်ရအမိန့်လျော့ချ
by -
မဇ္စျိမ

မန္တလေးမြို့တွင်း ခုနှစ်မြို့နယ်တွင် ည၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့်အား ည ၉နာရီမှ နံနက် ၃နာရီအထိ နှစ်နာရီ လျော့ချပေးလိုက်ပြီဟု မန္တလေးတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်က ဇူလိုင်လ ၂၁ရက်က မဇ္စျိမကို ပြောသည်။

“ဒီနေ့လုပ်တဲ့ ဝန်ကြီးများအစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောတယ်၊ ည ၉နာရီအချိန်တော့ မပြောင်းသေးဘူး၊ နံနက်မထွက်ရအချိန်ကို နံနက် ၅နာရီအစား၊ ၃နာရီကို လျော့ပေးလိုက်တယ်၊ ဒီကိစ္စနဲ့ပက်သက်ပြီး
ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းပေးထားပြီး၊ မီဒီယာကတဆင့် ကြေငြာပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီးဦးကျော်မြင့်ကပြောသည်။

မန္တလေးမြို့တွင်း အခြေအနေတည်ငြိမ်သည့် အနေအထားသို့ ရောက်ရှိလာသဖြင့် နံနက်ခင်းပိုင်းမှစတင်ကာ စီးပွားရှာဖွေသူများ အဆင်ပြေစေရန်အတွက် ယခုကဲ့သို့လျော့ချခဲ့ခြင်ဖြစ်ကာ နောက်ပိုင်းတွင် အနေအထားကို ကြည့်ကာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းသွားမည်ဟု ဆိုသည်။

Most read this week