အာဇာနည်နေ့ အခမ်းအနား သံတွဲတွင်ကျင်းပ

အာဇာနည်နေ့ အခမ်းအနား သံတွဲတွင်ကျင်းပ
by -
နိရဥ္စရာ

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ကို ယနေ့နံနက်က သံတွဲမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားအား သံတွဲမြို့ရှိ NLD မြို့နယ်ရုံးတွင် ကျင်းပခဲ့ကြောင်း ပါတီခေါင်းဆောင် တစ်ဦးက ပြောသည်။

အာဇာနည်နေ့ အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် မြို့နယ် အလုပ်အမူဆောင်ကော်မီတီ အတွင်းရေးမှူး ဦးထွန်းကြိုင်က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားအား  နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး ရှေ့ဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခဲ့လေပြီဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့ကြရသော အာဇာနည်များ အလေးပြုကြသည်။

အခမ်းအနားတွင် မြို့နယ် ဥက္ကဌ ဦးယဉ်ဝင်း၊ ဒုဥက္ကဌ ဦးမိုးချေတို့မှ အာဇာနည်နေ့နှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူများ အထဲမှ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးဝေမှ အာဇာနည်နေ့ အကြောင်းနှင့် ပတ်သက်ပြီး ဟောပြောခဲ့သည်။

အခမ်းအနားကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ လူပေါင်း (၄၀) ကျော်တက်ရောက်ခဲ့သည်။

Most read this week