NCCT ထိပ်သီး အစည်းအဝေးသို့ CNF တက်ရောက်မည်

NCCT ထိပ်သီး အစည်းအဝေးသို့ CNF တက်ရောက်မည်
by -
ခိုနူမ်းထုန်

ယခုလ ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကျင်းပမည့် Nation Wide Cease fire Coordination Team (NCCT) အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး (CNF) မှ ထိပ်သီးခေါင်းဆောင် (၅) ဦး တက်ရောက် ကြမည်ဟု သိရသည်။

ကေအိုင်အို (KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး အလှည့်ကျ ဥက္ကဌ ဒေါက်တာဇလှေထန်း အပါအဝင် အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး၊ အဓိပတိကောင်စီဝင်များ ဖြစ်သည့် ပူး ထန်ယဲန် နှင့် ပူး ထန်းနိန်ကီး၊ နိုင်ငံခြားရေးအတွင်းရေးမှူး ဆလိုင်း တလာဟဲတို့ တက်ရောက်ကြမည် ဖြစ်သည်။

” အစည်းအဝေးကို နှစ်ကြိမ်နဲ့ ကျင်းပသွားမှာပါ၊ NCCT အဖွဲ့ဝင် ထိပ်သီးအစည်းအဝေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ထိပ်သီးအစည်းအဝေးဆိုပြီး ရှေ့ဆင့် နောက်ဆင့်နဲ့ ကျင်းပဖို့ဖြစ်ပါတယ်” ဟု CNF ဆိုင်ရာ ယူ အဲန်အက်ဖ်စီ ကောင်စီဝင် ဆလိုင်းတလာဟဲ က ပြောသည်။

ဆက်လက်ပြီး UPWC နဲ့ NCCT သဘောတူညီချက်မူကြမ်းကို NCCT အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီမှာပြန်လည်သုံး သပ်ကြပြီး အဆိုပါ တစ်ဖွဲ့ချင်းစီက သုံးသပ်ပြင်ဆင်ချက်များကို ယခု အစည်းအဝေးတွင်အသေးစိပ်ပြန် လည်ဆွေး နွေးကြမည်ဖြစ်ကြောင်း ဆက်ဆိုသည်။

ယခု ကျင်းပမည့်အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မီတီ (UPWC) နှင့် NCCT တို့ ရေးဆွဲထားသည့် နိုင် ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြားအပစ်အခပ်ရပ် စဲရေးဆိုင်ရာ ဒုတိယ မူကြမ်းကို ပြန်လည် သုံးသပ်ရေးဆွဲကြမည်ဟု သိရသည်။

NCCT အဖွဲ့ဝင် ထိပ်သီးအစည်းအဝေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ယခုလ ဇူလိုင်လ ၁၆- ၁၉ အကြား ကျင်းပသည့် အဓိပတိ ကောင်စီ နှင့် ဗဟိုအလုပ်အမှု ဆောင်ကော် မီတီအစည်းအဝေးတွင် ရွေးချယ်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မီတီ (UPWC) နှင့် NCCT တို့ ရေးဆွဲထားသည့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခပ်ရပ်စဲရေးဆိုင်ရာ ဒုတိယ မူကြမ်းတွင် အချက် ၃၃ ချက်ပါ၀င်သည်။

Most read this week