မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်နေထိုင်သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ရန် စည်းရုံးခေါ်ဆောင်လာသူကို ကချင်ပြည်နယ်တွင် ဇူလိုင် ၅ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်က ဖမ်းမိခဲ့သည်။
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ နယ် စပ်ဝင်/ထွက်ဂိတ်အမှတ်(၁)အနီး အမှတ် (၂)လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့က မြစ်ကြီးနားမှ လွယ်ဂျယ်သို့ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် ဗင် ကားကို စစ်ဆေးရာမှ လူကုန်ကူးသူကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မိုးကုတ်မြို့တွင် နေထိုင်သည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်ကို တစ်မြို့တည်းတွင် နေထိုင်သည့် ဒေါ်ချို(ခ)လှခင် က တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စည်းရုံးခေါ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်ကို တစ်ဖက်နိုင်ငံသို့ ပို့ရန် ခေါ်ဆောင်လာသူ ဒေါ်ချိုကို လွယ် ဂျယ်နယ်မြေ ရဲစခန်းက (ပ)၉/၂၀၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးတစ်ပတ်ကလည်း တာမွေမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးသုံးဦးကို တရုတ် နိုင်ငံသို့ အကျိုးဆောင်လိုင်စင်မရှိဘဲ ပို့ဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။