မန္တလေးဖြစ်စဉ်တွင် ၀င်မပါရန် ပါတီဝင်များကို တစည ညွှန်ကြား

မန္တလေးဖြစ်စဉ်တွင် ၀င်မပါရန် ပါတီဝင်များကို တစည ညွှန်ကြား
by -
မဇ္စျိမ

ဘာသာရေးအသွင်ဆောင်၍ ဖြစ်ပွားခဲ့သော မန္တလေးပဋိပက္ခဖြစ်စဉ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပါတီဝင်များကို ပါ၀င်ပတ်သက်မှု မရှိစေရန် ညွှန်ကြားထားသည်ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီ က ဇူလိုင် ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာ ရောထွေးမှာကိုလည်း မလိုလားပါဘူး”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ညမှ စတင်ကာ ဘာသာရေးကို အခြေပြုသည့် ပဋိပက္ခပြဿနာများ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ညမထွက်ရအမိန့် ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြမ်းဖက်လုပ်ငန်းများသည် မလိုလားအပ်သော လုပ်ရပ်များဖြစ်သည်ဟု ဇူလိုင်၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အခြားပါတီများဖြစ်သည့် NDF ပါတီကလည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

သမ္မတကမူ ဇူလိုင် ရ ရက်တွင် မိန့်ခွန်း ပြော၍ လှုံ့ဆော်သူများကို ပြင်းထန်စွာ အရေးယူမည်ဟု ဆိုခဲ့သည်။

Most read this week