တိုင်းမှူးအသစ် ဗိုလ်ချုပ် အောင်လင်းဒွေး မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ်ကိုစစ်ဆေး

တိုင်းမှူးအသစ် ဗိုလ်ချုပ် အောင်လင်းဒွေး မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ်ကိုစစ်ဆေး
by -
နိရဥ္စရာ

ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခံရသူ ဗိုလ်ချုပ်အောင်လင်းဒွေးသည် ရခိုင်ကိုရောက်ရှိသည့်နှင့် ချက်ချင်း မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ်ကို သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

ယခင်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်၏ နေရာတွင် ပြောင်းရွှေ့ တာဝန် ခန့်အပ်ခံရသူ ဗိုလ်ချုပ် အောင်လင်းဒွေး သည် မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ် မောင်တောမြို့နယ်မှ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ထိ များမကြာမီက သွားရောက်ခဲ့ပြီး  နယ်စပ် ကင်းစခန်းများ၊ ဒေသအခြေအနေများကို သွားရောက်စစ်ဆေး ခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ်အတွင်း တောင်ပြိုမြို့နယ်ခွဲ၊ ၀က်ကျိန်း၊ ငခူရ၊ ရွက်ညိုးတောင်၊ ကြိမ်ချောင်းအပါအဝင် ရခိုင် ကျေးရွာများနှင့် နတလ စံပြကျေးရွာများသို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

တစ်ဘက်တွင်လည်း မိုင်ပေါင်း ၁၀၀ ကျော်ရှည်လျားသည့် နယ်စပ်တလျှောက်တွင် ဆောက်လုပ်နေသည့် ခြံစည်းရိုးကာရန်မှုများကိုလည်း လေ့လာခဲ့ကြောင်း မျက်မြင်များက ပြောသည်။

ဗိုလ်ချုပ် အောင်လင်းဒွေးမှာ ယခင် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကိုကိုနိုင် ၏ နေရာတွင် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ် ဦးလှမောင်တင် အပြောင်းအလဲ ဖြစ်ပြီးနောက် နောက်ထပ် အဆင့်မြင့် တာဝန်ရှိဆုံး နေရာ တစ်ခုဖြစ်သည့် အနောက်ပိုင်းတိုင်း တိုင်းမှူး နေရာကိုလည်းဗဟို အစိုးရကအပြောင်း အလဲ ပြုလုပ်ခဲ့သည်။

Most read this week