ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲမှ အသက်(၅၄)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးအား မုဒိမ်းပြုကျင့်ရန် ကြံစည်ရိုက်နှက် ခဲ့သော အစိုးရစစ်သားကို ဥပဒေကြောင်းအရ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရန် ရေဇွာ အမျိူး သမီးများ အဖွဲ့က ယနေ့တောင်းဆိုလိုက်သည်။
“ တပ်မတော်သားကို ဖမ်းဆီးထားပြီးဖြစ်ပေမယ့် ခါတိုင်းလိုဘဲ အရေးယူမှုတကယ်မလုပ်ပဲ ပြန်မလွှတ်ရန်၊ ထိုက် သင့်သည့် ပြစ် ဒဏ် သေချာချမှတ်ပေးဖို့ နဲ့ နောက်နောင်မှာ အစိုးရစစ်တပ် အနေနဲ့ဒေသခံ အမျိူးသမီး တွေအပေါ် အနိုင်ကျင့် မုဒိမ်းကျင်းမှုတွေကို မကျုးလွန်တော့ပါဘူးဆိုတဲ့ အာမခံချက် ဂတိ ကဝတ်ပေးရန် တောင်းဆို ပါသည်’’ ဟု ဇူလိုင် ရ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ရေ ဇွာအမျိုးသမီးအဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
ရေဇွာမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ဒေသခံချင်းအမျိူးသမီးတဦး တောင်ယာသို့အသွားတွင် ခလရ (၂၆၉) မှ ကိုယ်ပိုှင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုးသူရကျော် က မုဒိမ်းပြုကျင့်ရန် ကြိုးစားရာ မိမိကိုယ်ကို ခုခံကာ ကွယ်ရာတွင် ပြင်း ထန်စွာဒဏ်ရာရရှိခဲ့ပြီး ရေဇွာပြည်သူ့ဆေးရုံးတွင် ကုသမှုခံယူခဲ့သည်။
တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ပြီးနောက် ၎င်း၏တပ်ရင်းမှူးက မတူပီသို့ ပို့ထား ကြောင်း သိရပြီး မည်သည့်နေရာတွင် ထိန်းသိမ်းကာ တရားစွဲဆိုခံရခြင်းရှိမရှိကိုမူ မသိရပေ။
ယခုကဲ့သို့ အိမ်ထောင်ရှင် အမျိုးသမီးအပေါ် အစိုးရစစ်သားတစ်ဦးမှ မုဒိမ်းပြုကျင့်ရန် ကြံစည်ခဲ့ခြင်းအား ဆန့်ကျင်ကန့် ကွက်သည့် အနေဖြင့် ရေဇွာအမျိုးသမီးအဖွဲ့ နှင့် မတူပီအမျိုးသမီးအဖွဲ့မှ ဇွန်လ ၂၃ ၊ ၂၄ ရက်နေ့များတွင် ၄င်းတို့ မြို့အသီးသီးတွင် လမ်းမ ပေါ် ထွက် ချီတက်ဆန္ဒပြ ခဲ့ကြသည်။
ရေဇွာအမျိူးသမီးအဖွဲ့သည် ဆန္ဒပြပွဲကို ဇွန်လ ၁၅ ရက်နေ့က ရေဇွာရဲစခန်းသို့ တရားဝင်လျှောက်ထားကြ သော်လည်း ပယ်ချခံခဲ့ရပြီး၊ ဇွန်လ ၁၉ ရက်နေ့တွင် မတူပီမြို့ရဲစခန်းသို့ ဆန္ဒပြခွင့်ပြုရန်ပြန်လည်လျှောက် ထားကြရာ ရဲစခန်းမှ ထပ်မံ ပယ်ချခဲ့သည်။
သို့သော်လည်း ရေဇွာ နှင့် မတူပီအမျိူးသမီးအဖွဲ့များသည် ဆန္ဒပြပွဲကို ရေဇွာမြို့တွင် ဇွန်လ ၂၃ နှင့် မတူပီမြို့တွင် ဇွန်လ ၂၄ ရက်နေ့က အသီးသီးပြုလုပ်ခဲ့ကြသည်။
နောက်တနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဒေသခံ အာဏာပိုင်များက ခွင့်ပြုချက်မရှိဘဲ လမ်းမပေါ်ထွက် ဆန္ဒဖော် ထုတ်ခဲ့ခြင်း ကြောင့်ဟု ဆိုကာ ရေဇွာအမျိုးသမီးအဖွဲ့မှ ခေါင်းဆောင် ၄ ဦး ၊ မတူပီအမျိူးသမီးအဖွဲ့မှ ခေါင်းဆောင် ၂ ဦး နှင့် မတူပီ လူငယ်များအသင်း မှ ခေါင်းဆောင် ၂ ဦး စုစုပေါင်း ၈ ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့သည်။
“ အမျိုးသမီးတွေ ဘဝလုံခြံုရေးအတွက် ဆန္ဒပြတောင်းဆိုချက်ကို မကောင်းမှုနဲ့တုန့်ပြန်တယ်လို့ခံစားရပြီး အမျိုးသမီး ဘဝ လုံခြံုရေးတောင်း ဆိုချက်ကို အလေးထားဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်’’ ဟု အမျိူးသမီးအဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
တရားစွဲဆိုခံရသော ဆန္ဒပြခေါင်းဆောင် ၈ ဦးတို့ကို မနက်ဖြန် ဇူလိုင် ၈ ရက်နေ့တွင် မတူပီတရားရုံးတွင် အမှု စစ်ကြား နာ ကြမည်ဟု သိရသည်။