ကမ္ဘာ့မူးယစ်ဆေးနှင့် ရာဇဝတ် တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် UWSA ဝပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (တောင်ပိုင်း) ထိန်းချုပ် နယ်မြေ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟွေ့အော့် ဌာနချုပ်၌ မူးယစ် ဆေးဝါးများ မီးရှို့ ဖျက်ဆီးသည့် အခမ်းအနား ကျင်းပခဲ့သည်။
မီးရှို့ဖျက်ဆီးရာတွင် - ယာဘ ၅၅၂၀၂၀၅ ပြား၊ ဘိန်းဖြူ ၅၆ ကီလိုဂရမ်၊ အိုက်စ် ၂၄ ကီလိုဂရမ်၊ ဘိန်း မည်း ၆၃.၇ ကီလိုဂရမ် နှင့်အခြားဓါတုဆေးရည်များပါဝင်သည့် မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက် ဆီး သည့် ဒယ်အိုးကြီး ၁၂ လုံးဖြင့်ဖျက်ဆီးခဲ့သည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ ရရှိသော ကား ၅ စီး၊ ဆိုင်ကယ် ၄၄ စီး၊ စကားပြောစက် ၁၄ လုံး၊ မိုဘိုင်း ဖုန်း ၁၂ လုံး၊ မူးယစ်ရောင်းဝယ်သူ ၁၉၇ ယောက် (ကျား ၁၈၈ ၊ မ ၉ ယောက်)၊ မူးယစ်သုံးစွဲသူ ကျား ၄၇၀ ယောက်၊ မ ၂၆ ယောက်အားလည်း ထိန်းသိမ်း ထားသည်ဟု အမှတ် ၁၇၁ စစ်ဒေသ မှူး ဝေ့ရှောက်ယင် ကပြောသည်။
“ကျနော်ကိုယ်တိုင်သွားတယ်။ တက်ရောက်သူ ထောင်ဂဏန်းရှိလိမ့်မယ်။ မိုင်းဆတ် က ဒုခရိုင်မှူးလာ တယ်။ ဦးစီးအရာရှိတွေ နဲ့၊ မိုင်းတုံဘက်ကောလာတယ်။ ထူးခြားတာက အစိုးရ တပ်မတော် ပိုင်းတွေမ လာဘူး။ ကျနော်တို့ ဒေသကတော့ဗျာ မူးယစ်ဆေးဝါးတအားများတယ်။ ဟန်ပြဘဲမဟုတ်ဘဲ နဲ့ အစိုးရ ဘက် ကကော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကပါ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သင့် တယ်။ ဩဇာခံမို့လို့ လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး မူးယစ်ဆေးဝါးလွတ်လွတ်လပ်လပ် လုပ်ကိုင် ခွင့် ပေးနေတာတော့ မဖြစ်သင့်ဘူး” - ဟု ပြည်နယ်လွတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောသည်။
အမှတ် ၁၇၁ ၀ တပ်ဖွဲ့ စစ်ဒေသမှူး ဝေ့ရှောက်ယင် က - ကျနော်တို့ ထိန်းချုပ်နယ်မြေတော့ မူးယစ် ဆေးဝါးရောင်းဝယ်ဖေါက်ကားတဲ့သူ သုံးစွဲတဲ့သူ ရှိရင်ဖမ်းဆီးအရေးယူမှာဘဲ။ အစိုးရ နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်တွေထိန်းချုပ်နယ်မြေတွေတော့ သူတို့လက်တွဲ ပူးပေါင်းဆောင်ရွက်တာတွေ မပြုရင်တော့ လုပ်လို့မရဘူး - ဟု ပြောသည်။
ဝေရှောက်ယင် သည် ထိုင်းအစိုးရမှ မူးယစ်ဘုရင်ဟု သတ်မှတ်ခံထားရသူ ဖမ်းဝရမ်းထုတ်ခံထားရသူ ဝေ့ရှော်ကန်း ၏ ညီဖြစ်သည်။
တောင်ပိုင်း ဝ တပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ခေါင်းဆောင်ဖြစ်သူ ဝေ့ရှော်ယင် အပြင် နိုင်ငံရေးဌာနမှူး(၁) ဦးကျောက်အိုက်ကော်၊ နိုင်ငံရေးဌာနမှူး(၂) ဦးကျောက်ညီစေး၊ စစ်ဒေသဗျူဟာ မှူး ဦးတာ့မန်း၊ စစ်ဒေသ ရုံးအုပ် ဦးအားယန်ကော၊ အမှတ် ၁၇၁ စစ်ဒေသ ရုံးအုပ် ဦးအားယုံခိုက်၊ မူးယစ်ဆေးတိုက်ဖျက်ရေးဌာနကြီးမှူး ဦးယန်ကော်ကျုံးတို့ တက်ရောက်သည်။