သမ္မတရာထူး ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သင့်လျော်ဟု အမျိုးသမီးအဖွဲ့များ ထုတ်ပြန်

သမ္မတရာထူး ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သင့်လျော်ဟု အမျိုးသမီးအဖွဲ့များ ထုတ်ပြန်
by -
မဇ္စျိမ

လက်ရှိအချိန်တွင် နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးတာဝန်ဖြစ်သော သမ္မတရာထူးတာဝန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်သာ အသင့်လျော်ဆုံးဖြစ်သည်ဟု ယူဆကြောင်း အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ က ၎င်း၏ မွေးနေ့ ဇွန် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးဦးဆောင်မှုနောက်တွင် ခိုင်မာစွာရပ်တည်ကူညီ သွားမည်ဟုလည်း ယင်း အစုအဖွဲ့က ဆိုလိုက်သည်။

အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ မှ မပျိုးလက်ဟန်က “လူထုခေါင်း ဆောင်ကို ယုံကြည်တယ်။ သူသာခေါင်း ဆောင်ဖြစ်ရင် တိုင်းရင်သားတွေ စည်းလုံး ညီညွတ်မယ်။ ကျွန်မတို့ ၁၅ ယောက်က ဒေါ်စု လုပ်တဲ့ လှုပ်ရှားမှုတိုင်းမှာ တတ်နိုင် သလောက် ပါ၀င်ဆောင်ရွက်မယ်”ဟု မဇ္ဈိမကို ပြောသည်။

“လက်ရှိမှာ တိုင်းပြည်ရဲ့စီးပွားရေးနိုင်ငံ ရဲ့ ကောင်းစားရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တဲ့အတွက် တိုင်းပြည်အုပ်ချုပ် ရေးပိုင်း ရာထူးအတွက်တော့ ထောက်ခံ တယ်။ ဒါပေမဲ့ သမ္မတဖြစ်ရေးတစ်ခုတည်း တော့ ဦးတည်ပြီး statement က ထုတ် တာ မဟုတ်ဘူး”ဟုလည်း ပြောသည်။

အမျိုးသမီးများ၏ နိုင်ငံရေး လှုပ်ရှားမှု ၂၀၁၅ (Women's Political Actions 2015) သည် မြန်မာ့ဒီမိုက ရေစီရေးအတွက် ကဏ္ဍအသီးသီးတွင် ကြိုးပမ်းဆောင်ရွက်နေကြ သော အမျိုးသမီးတစ်ဦးချင်းစီက ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်သော၊ ၂၀၁၅ ရွေးကောက်ပွဲနှင့်ဆက်စပ်သော နိုင်ငံရေး ကိစ္စရပ်များတွင် အမျိုး သမီးများ၏ အတွေးအမြင်၊ ယူဆချက်၊ သဘောထားများကို ထင်ဟပ်သည့် အမျိုးသမီးများ၏အသံကို ထုတ်ပြန်သွားရန် ရည်ရွယ်စုစည်းထားသော စုဖွဲ့မှုတစ်ခုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ် မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလး အပါအဝင် နယ်မြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် ၆၉ နှစ် မြောက် မွေးနေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးရေးရာ ကော်မတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးတို့လည်း တက်ရောက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း အဆိုပါအခမ်းအနားသို့ သဝဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပြီး ယင်းသဝဏ် လွှာတွင် “ကျွန်မလို နိုင်ငံရေးသမားတယောက် အတွက် ကိုယ့်တစ်သီးပုဂ္ဂလဘဝအတွက် ဘာတွေ အကျိုးရှိခဲ့လဲဆိုတာထက် တစ်နှစ် တာမှာ တိုင်းပြည်အတွက် ဘာတွေ အကောင်းဆုံးလုပ်ခဲ့လဲ ဆိုတာသာ သုံးသပ် ဆင်ခြင်သွား ပါမည်။ နိုင်ငံရေးခရီးလမ်းကို ပြည်သူလူထု၏ ထောက်ခံအားပေးမှုများ ဖြင့် အတူ တကွလျှောက်လှမ်းသွားမည်”ဟု ပေးပို့ခဲ့သည်။ ဆရာတော် အရှင်ဆန္ဒာဓိက ကလည်း ဒေါ်အောင်ဆန်းစု ကြည်၏ မွေးနေ့လက် ဆောင်အဖြစ် ၄၃၆ ပြင်ဆင် ရေး ထောက်ခံလက်မှတ် ရေးထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ကို မွေးနေ့ရှင်ကိုယ်တိုင်ကနေပြည်တော်လွှတ်တော်အ တွင်းရှိပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းရှိရာ အိုင် -၁၂ အဆောင်တွင်တက်ရောက် သူ ၁၄၀ ဦးခန့်ဖြင့်ကျင်းပခဲ့သည်။မွေးနေ့ပွဲသို့ ပြည်သူ့လွှတ်တော် တ ရားစီရင် ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာ များ အသနားခံစာများ စိစစ်သုံးသပ်ရေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရ ဦးအောင်ကိုလည်း တက်ရောက်ခဲ့ သည်။