ဆင်းရဲနွမ်းပါး ကလေးငယ်များ ပညာရေး ရန်ပုံငွေ ဓါတ်ပုံပြပွဲတွင် ရခိုင်မှ ဓါတ်ပုံများ ပါ၀င်ပြသ

ဆင်းရဲနွမ်းပါး ကလေးငယ်များ ပညာရေး ရန်ပုံငွေ ဓါတ်ပုံပြပွဲတွင် ရခိုင်မှ ဓါတ်ပုံများ ပါ၀င်ပြသ
by -
နိရဥ္စရာ

ဆင်းရဲနွမ်းပါးသော ကလေးငယ်များ ရန်ပုံငွေအတွက်  ဓါတ်ပုံ ပြပွဲတစ်ခုကို ရန်ကုန်မြို့ နဝဒေးအနုပညာခန်း မတွင် ဇွန်လ ၁၄ ရက်နေ့မှ စတင် ပြသနေရာ ယင်းအထဲတွင် ရခိုင်မှ ဓါတ်ပုံများကိုလည်း ပါ၀င်ပြသထား သည်ဟု သိရသည်။

“ရခိုင် လူမူဘဝနဲ့ ပတ်သက်တဲ့ ဓါတ်ပုံပေါင်း ၂၀ ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ဆင်းရဲနွမ်းပါး တဲ့ ကလေးငယ်တွေရဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ရလာတဲ့ ငွေအားလုံးကို အဲဒီ ကလေးတွေ ပညာရေးအတွက် လှူဒါန်းသွားမယ်” ဟု ဦးဇင်းဘီလူးခေါ် အရှင်ကုမာရက ပြောသည်။

ရခိုင်ဒေသမှ ဓါတ်ပုံ ကားချပ်တစ်ခုအား ပြသထားစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)

ယင်းဓါတ်ပုံ ပြပွဲတွင် ဦးဇင်းဘီလူး (အရှင်ကုမာရ)၊ နေလမင်းနှင့် ရဲနိုင်ဝင်းတို့၏ ဓါတ်ပုံ ၁၈၀ အား ဇွန်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ငါးရက်တိုင်တိုင် ပြသသွားမည်ဟု သိရသည်။

“ အခု ဓါတ်ပုံပြပွဲက ဒုတိယအကြိမ်မြောက် ပြုလုပ်တာ ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ၂၀၁၄ ဇန္နဝါရီလမှာ ကျနော်တို့ ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် ရန်ပုံငွေ ပွဲတစ်ပွဲ ခုလိုမျိုး ပြုလုပ်ခဲ့ပါတယ်။ အခု ဒုတိယပွဲမှာလည်း ကျနော်တို့ ရရှိလာတဲ့ ရန်ပုံငွေတွေကို ကလေးသူငယ်တွေ၊ လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့  ပညာရေး၊ ကျန်းမာရေး၊ လူမူရေး အဲဒီကိစ္စတွေမှာ လှူဒါန် သုံးစွဲဖို့ အတွက် ရန်ပုံငွေ ပွဲအနေနဲ့ ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီကရောင်းရငွေတွေ အကုန်လုံးကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ကိုနေလမင်းက နိရဥ္စရာသို့ပြောသည်။

မြန်မာကျေးလက်ဒေသရဲ့ ဓါတ်ပုံကားချပ် တစ်ခုအား တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ)

ပထမအကြိမ် ဓါတ်ပုံ ပြပွဲတုန်းကလည်း ကျပ်ငွေ သိန်း (၉၀) ဖိုးခန့် ရောင်းခဲ့ရပြီး ၎င်းရရှိငွေများကို ရခိုင်၊ မိတ္ထိလာနှင့် ကချင်ဒေသမှ ဒုက္ခသည်များကို ကူညီလှူဒါန်းခဲ့သည်ဟု ဆိုသည်။

ယခု ဓါတ်ပုံများမှာ ၀ါသနာအရ ခရီးသွားစဉ် ရိုက်ကူးခဲ့သော ဓါတ်ပုံများ ဖြစ်ပြီင်္း အများစု ဓါတ်ပုံများမှာ မြန်မာကျေးလက်ဒေသ၏ ရှု့ချင့်စဖွယ် ဓါတ်ပုံများ ဖြစ်ကြသည်။

“ ဓါတ်ပုံ ကားချပ် တစ်ခုကို ဒေါ်လာ ၅၀ ကနေ ၂၅၀ အကြား သင့်တော်သလို ရောင်းချသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

ယင်းဓါတ်ပုံ ပြပွဲမှာ အခမဲ့ဖြစ်ပြီး မည်သူမဆို မရမ်းကုန်းမြို့နယ်၊ အမှတ် ၂၇ ၊ နဝဒေး အနုပညာ ပြခန်းတွင် လာရောက်ကြည့်ရှု့နိုင်ကြောင်း သတင်း ရရှိသည်။

Most read this week