မေလ တတိယပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ရန်ကုန်နှင့် မန္တလေးတွင် စုဝေးခဲ့ကြသည်။ မန္တလေးတွင်တော့ လူနှစ်သောင်းခွဲခန့် လာရောက်ခဲ့သည်။ ယင်းလူပင်လယ်ကြီး စုဝေးမှုက အဓိကအားဖြင့် ပုဒ်မ ၄၃၆ ပြုပြင်ရေးကို တောင်းဆိုခဲ့ကြသည်။
ယင်းပုဒ်မက စစ်တပ်ကို မည်သည့် ပုဒ်မပြင်ဆင်မှုမျိုးကိုမဆို ပြုလုပ်မည်ဆိုပါက ဗီတိုအာဏာပေးထားသကဲ့သို့ ဖြစ်နေ၍ ပြင်ဆင်လိုခြင်း ဖြစ်သည်။ မည်သည့် ပုဒ်မကိုမဆို ပြင်ဆင်လိုပါက လွှတ်တော်၏ ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လို သည်။ လွှတ်တော်တွင်လည်း ရွေးချယ်ခံကိုယ်စားလှယ်များ မဟုတ်သည့် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ပါ၀င်နေသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုလျှင် ပုဒ်မ ၄၃၆ကို မပြင်ခင် ပထမဆုံး ယင်း ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံတွင် ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်သည်မှာ သေချာသည်။ လွှတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်းပါ၀င်နေခြင်းနှင့် ဖွဲ့စည်းပုံပြင်ရန် လွှတ်တော်တွင် ရ၅ ရာခိုင်နှုန်းကျော် သဘောတူမှဟူသော အချက်များက အဓိကပြဿနာများ ဖြစ်နေသည်။
သို့အတွက် ယင်းအချက်များကို ဖယ်ရှားရမည် သို့မဟုတ် ပြောင်းလဲရမည် ဖြစ်သည်။ သို့သော် လက်တွေ့ တွင်တော့ ထင်သလောက် မလွယ်လှ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် စစ်တပ်တိုက်ရိုက်အုပ်စိုးမှု အောက်မှ စစ်တပ်အခန်းကဏ္ဍကို လျှော့ချရန် ကြိုးပမ်းသည့် ခြေလှမ်းများ ဖြစ်သည်။ လစ်ဟာချက်များ ရှိနေသော်လည်း ယင်းဖွဲ့စည်းပုံကပင် တိုင်းပြည်နိုင်ငံရေး ပွင့်လင်းမှုလမ်းစကို ဖော်ဆောင်ခဲ့သည်ပင်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကို ထောက် ခံသူများက ရ၅ ရာခိုင်နှုန်းအစား လွှတ်တော်တွင် မဲအများစုဖြင့် ပြင်ဆင်နိုင်ရေးကို တောင်းဆိုခဲ့ကြသည်။ နှစ်နှစ်ခန့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အမျိုးမျိုးဆွဲဆောင်ကြိုးပမ်းခဲ့သည်။ သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကာချုပ်အပါ၀င်သက်ဆိုင်ရာ ကြီးသုံးကြီးနှင့် မျက်ဆိုင်တွေ့ဆုံခွင့်တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှုမရရှိသောကြောင့်လည်း ဒေါ်အောင် ဆန်းစုကြည်က အတော် စိတ်ပျက်သွားသည် ထင်သည်။
ထောက်ခံသူများကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် အလွန်ပြင်းထန်သော စကားလုံးများကိုပင် အသုံးပြုခဲ့သည်။ “စစ်တပ်ကို စိန်ခေါ်တယ်။ စစ်သားဆိုတာ အမှန်တရားကိုရင်ဆိုင်ဖို့ သတ္တိရှိရတယ်” ဟူသော ရင့်သီးသော စကားလုံးများကိုပင် အသုံးပြုခဲ့သည်။ ထို့အပြင် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် ပူးပေါင်းပြီး ယင်းဖွဲ့စည်းပုံပြင်ရေး လူထုထောက်ခံပွဲများ ပြုလုပ်ခြင်းနှင့် နိုင်ငံအနှံ့ပြုလုပ်နေသော ဖွဲ့ စည်းပုံပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကိုလည်း သူ့ကို ထောက်ခံသူများက အားတက်သရော ထောက်ခံ နေကြသည်။
သည်မှာ ထွက်ပေါ်လာသောမေးခွန်းက နိုင်ငံရေးသြဇာကြီးမားမှုက ရည်မှန်းချက်ကို ဒုတ်ဒုတ်ထိရောက် နိုင်မည်လား ဆိုသည်ပင်။ မရနိုင်ပါ။ အများဆုံးဖြစ်နိုင်ခြေရှိတာ ယင်းလှုပ်ရှားမှုများက ၂၀၁၅ ခုနှစ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို အားဖြည့်ဖို့ လူထုကို တပ်လှန်လိုက်ရုံသာ ရှိနိုင်သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားပေါင်းစုံပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံတွင် လူနည်းစုတိုင်းရင်းသားများသည် မြန်မာ့ နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်နေဆဲ ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဆန္ဒခံယူပွဲများတွင် တိုင်းရင်းသားကိုယ်စားလှယ်များ မပါ၀င်ခြင်းကတော့ ထူးခြားလှသည်။ တိုင်းရင်းသားလူမျိုးစုများကို ချန်လှပ်ထားပြီး ဖွဲ့စည်းပုံပြင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ တိုင်းရင်းသား ကိုယ်စားလှယ်များ အစား ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကို လက်တွဲခဲ့သည်။
ဆန်းစစ်လေ့လာသူများက ၈၈ မျိုးဆက်များက ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့်လည်း ၎င်းတို့ က ၂၀၁၅ ရွေးကောက်ပွဲတွင်တွင် ဒေါ်စု၏ ရွေးကောက်ပွဲပြိုင်ဘက်များ မဖြစ်နိုင်သေးပေ။
လောလောဆယ်ဆယ်အားဖြင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းများက ဒေါ်စုကို မျက်နှာသာ မပေးသေးပေ။ မည်သို့ပင်ဖြစ်စေ ထိုပုဒ်မ ၄၃၆ ပြုပြင်ရေး လှုပ်ရှားမှုသည် အလွန်ဆုံးရှိ အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုုကြည်တုုိ့၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအရ ထောက်ခံများစွာရရှိရေးသာ ဖြစ်လာနုုိင်သည်။ ယင်းရလဒ်ကုုိ ခန့်မှန်းရခြင်း အကြောင်းရင်းသုံးခု အနည်းဆုံး ရှိသည်။
ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်၏ ပိုကျယ်ပြန့်သော ကစားကွက်သည် အဘယ်နည်း။ စစ်တပ်က သူ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို လက်မခံပါက မည်သို့ ပြုလုပ်မည်နည်း။
လမ်းပေါ်တက်၍ ဆန္ဒပြကြမည်လား။ သူ၏ ယနေ့ထိ ထုတ်ပြန်ကြေညာချက်များကို သုုံးသပ်ကြည့်လျှင် သည်လောက်အထိသွားရန် ရည်ရွယ်ချက် မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်၏ လုုပ်ငန်းစဉ်များအရသာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ပြောခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကုုိ သပိတ်မှောက်မည်လား။ မဖြစ်နိုင်ပါ။ ယင်းသို့ ပြုလုပ်မည်ဆိုပါက သူနှင့်အတူ သူ့ကို ထောက်ခံသူများ နုုိင်ငံရေးတောရိုင်းထဲ တဖန် ရောက်သွားနိုင်သည်။ အဓိက မေးခွန်းသည် ထိုနိုင်ငံရေး သြဇာရှိမှုပြသခြင်းက ရည်မှန်းထားသည့် ပန်းတိုင်ကို ရောက်မည်လားဟူ၍ ဖြစ်သည်။ ထိုမေး ခွန်း၏ ခပ်တိုတိုဖြေရလျှင် “မရောက်နိုင်သေးပေ” ဘာကျန်သေး သနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုုံ အခြေခံ ဥပဒေသည် လွှတ်တော်ကုုိယ်စားလှယ်ရွေးကောက်ခြင်းနှင့် မဲပေးသူများက ရွေးကောက်ပြီးကိုယ်စားလှယ် များကုုိ ဖယ်ရှားခွင့်တို့မှလွဲ၍ လူထုုသဘောထားမှ ပေါ်လစီဖြစ်လာရန် ဘာနည်းလမ်းမှ ပေးထားခြင်း မရှိ ပေ။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ စည်းမျဉ်းများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လှုပ်ရှားမည်ဆိုပါက သူ၏ အင်အားစုများကို လွှတ်တော်ထဲတွင် အပြောင်းအလဲများ ဖြစ်လာနုုိင် ရန် မည်သုုိ့အသုုံးပြုမည်ကို မြင်တွေ့နိုင်ရန် ခက်ခဲလိမ့်ဦးမည် ဖြစ်သည်။
လောလောဆယ်တွင် စစ်တပ်၊ စစ်တပ် နှင့် ဆက်စပ်နေသော နုုိင်ငံရေးပါတီများသည် အတိုက်ခံများ၏ တောင်းဆိုချက်များ၊ စိန်ခေါ်ချက်များကုုိ ကုုိင်တွယ်ရာတွင်ပုုိ၍ ပါးနပ်လာသည်။ သူတို့၏ ပူးပေါင်းဆွဲဆောင် စည်းရုံးရေး မဟာဗျူဟာများနှင့်အညီ အုုပ်ချုပ်ရေး ထိပ်သီးများသည် ဘာမှ ပေါ်ပေါ်ထင်ထင် မငြင်းပယ် ကြပေ။ များသောအားဖြင့် အတိုက်အခံများ၏ တောင်းဆိုချက်များကို တုံ့ပြန်ရာတွင် တချို့တစ်ဝက်ကို လိုက်လျောပြီး လုံးဝထိပ်တိုက်ရင်ဆုုိင်ခြင်းများကုုိ ရှောင်နေကြသည်။
လွန်ခဲ့သော မေလ ၂၁ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုုံးသပ်ရေး ပူးတွဲကော်မတီတွင် ပါ၀င်သူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို သဘောတူသည်ဟု ထုုတ်ပြန်လုုိက်ပြီး လွှတ်တော်တွင် နောက်ဆုုံး ဆုံးဖြတ်ရန် အဆိုတစ်ခု တင်သွင်းမည်ဟု ပြောသည်။ အာဏာရပါတီဝင်များ အများစုဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးပူးတွဲကော်မတီသည် ၎င်းအဆို၏ အသေးစိတ်ကို ဖော်ပြခြင်းမရှိသော် လည်း အတိုက်ခံပါတီများ၏ဆန္ဒများ အကောင်အထည်ဖော်ရေးကို ကူညီရန် ဘာတစ်ခုမှ မလုပ်မည်မှာ လုံးဝနီးပါး သေချာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လမ်းပေါ်တက် ဆန္ဒပြမှုများနှင့် ရွေးကောက်ပွဲကုုိ သိပိတ်မှောက်ခြင်းများပြု လုပ်မည်မှာ ဖြစ်နိုင်ခြေ မရှိသောကြောင့် ယခု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများ၏ အဓိ ကအကျိုးရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံသူများကုုိ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်း ၏ ပါတီက်က မဲထည့်ရန် လှုံ့ဆော်ခြင်းသာ ဖြစ်လိမ့်မည်။ ထိုကြိုးပမ်းမှုသည်ပင် အန္တရာယ်ကြီးလှသည်။
ထုုိလှုပ်ရှားမှုသည် သမ္မတနှင့်ပုုဒ်မ ၅၉ (စ)တို့ကို လုံးဝထောက်ခံကြောင်း ကြေညာထားသော အမျိုးသား ရေးဝါဒီများနှင့် အခြား အစိုးရဘက်က လှုပ်ရှားသူများနှင့် ပြဿနာ ဖြစ်လာနုုိင်သည်။ပို၍ အရေးကြီးသည်က စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သားများကို အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လက်မှတ်ထိုးရန် တိုက်တွန်းခြင်းကို တပ်မတော်အား သွေးခွဲရန် ကြံစည်ချက်အဖြစ် မြင်လာနုုိင်သည်။ ထိုအကြောက်တရားသည်ပင်လျှင် တပ်မတော် အရာရှိများကြားတွင် ဒီမိုကရေစီ အင်အားစုများအပေါ် ထားရှိနေသောသံသယများကို တိုးပွားလာစေမည် ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား သတိပေးချက် ထုတ်ပြန်လိုက်ပြီး စစ် တပ်ကို စိန်ခေါ်သည်ဟူသော စကားအတွက် အပြစ်တင် ပြောဆိုလိုက်သည်။ မြန်မာအစိုးရသစ်က ဒေါ် အောင်ဆန်းစုကြည်ကို တချို့နေရာများတွင် အသိအမှတ်ပြုသော်လည်း တကယ်အာဏာအစစ် ပေးဖို့တော့ လက်တွန့်နေသေးသည်။
အာရပ်နွေဦး၏ အလားအလာများက မှေးမှိန်ပျောက်ကွယ်သွားချိန် တစ်ခါက ဒီမိုကရေစီနိုင်ငံအဖြစ်အလား အလာကောင်းခဲ့သော တူရကီတွင် အာဏာရှင်စနစ်နှင့် ဆန္ဒပြမှုများကြောင့် မတည်မငြိမ် ဖြစ်နေချိန်၊ ထိုင်းတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် မငြိမ်မသက် ဖြစ်နေသည်။
ယင်းကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက် လှဲလှဲ ထောက်ခံဖို့ဆိုသည်မှာ မဖြစ်နိုင်သေးပေ။ အနောက် နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရပ်တည်နေသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကို အောင်မြင်သော ဇာတ်လမ်းတစ်ပုဒ်အဖြစ် ထုတ်ဖော် ပြောကြားနေချိန် ဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ယခုကဲ့သို့ ပြောကြားနေခြင်းမှာ ဒီမိုကရေစီ ဖြစ်စဉ်ကို အတိုင်းအတာတစ်ခုထိ ညင်ညင်သာသာ အကောင်ထည် ဖော်နိုင်နေသေးသောကြောင့်သာ မဟုတ် ယင်းတို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများ ကြောင့်လည်း ဖြစ်သည်။
ဥပမာအားဖြင့်ပြောရလျှင် အမေရိကန်သမ္မတ အိုဘားမား စစ်သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သလိုပင် “တစ်ခါက တံခါးပိတ်နေသောနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲခြင်းများပြုလုပ်နေသည်ကို တွေ့မြင်နေ ရကြောင်း၊ မြောက်ကိုရီးယားနှင့် လမ်းခွဲပြီး အနောက်နိုင်ငံများနှင့် အမေရိကန်ကို ပြန်လည် ရင်ကြားစေ့လာသော မြန်မာခေါင်းဆောင်များ ပေါ်ထွက်လာကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံ အပြောင်းအလဲများ သာ အောင်မြင်ခဲ့ပါက သေနတ်တစ်ချက်မှမဖောက်ရဘဲ မဟာမိတ်အသစ်တစ်ဦး ရရှိလာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောဆိုနေခြင်းများကို ကြည့်လျှင် အနောက်နိုင်ငံများက မြန်မာကို ယခုအချိန်ထိ မှန်ကန်သော လမ်းပေါ်တွင် လျှောက်နေသော နိုင်ငံတစ်ခုအဖြစ် မြင်နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် ပြောင်းလဲနေသော ပြည်တွင်းနှင့် နိုင်ငံတကာ အခင်းအကျင်းများကြောင့် အတိုက်အခံများ က ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံကို ပြု ပြင်ရန် ကြိုးပမ်းနေခြင်းသည် ဖြစ်နိုင်ဖို့ အလားအလာ ဝေးနေသေးသည်။