မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်၍ အနည်းဆုံး ဘင်္ဂလီလူမျိုး (၆) ဦးသေဆုံးဟု ဘင်္ဂလာဒေချ့်က စွပ်စွဲ

မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်၍ အနည်းဆုံး ဘင်္ဂလီလူမျိုး (၆) ဦးသေဆုံးဟု ဘင်္ဂလာဒေချ့်က စွပ်စွဲ
by -
နိရဥ္စရာ

မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် မလေးရှားသို့ တရားမဝင်ခိုးဝင်သော စက်လှေ တစ်စီးပေါ်က ဘင်္ဂလာဒေချ့် နိုင်ငံသား (၆) ဦးသေဆုံးကာ တခြားလူ ၂၀ ခန့် ပြင်းထန်စွာ ဒဏ်ရာ ရသွားကြောင်း ဘင်္ဂလာဒေချ့် သတင်းစာများက စွပ်စွဲ ဖေါ်ပြသည်။

၎င်းအဖြစ်အပျက်မှာ ယမန်နေ့ (ဇွန်လ ၁၁) ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘင်္ဂလာဒေချ့် အခေါ် စိ်န့်မာတင်၊ ရခိုင်အခေါ် အုန်းကျွန်းမှ (၁၀) ကီလိုမီတာ အဝေးတွင် ဖြစ်ပွားခဲ့သည်ဟု ဆိိုသည်။

MIGRANTED-boat

ယင်းဘင်္ဂလာဒေချ့်မှ တရားမဝင် စက်လှေသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း (၃၁၁) ယောက်ကို တင်ဆောင်ပြီး မလေးရှားသို့ ထွက်ခွာလာစဉ် မြန်မာရေပြင်ပိုင်နက် အရောက်တွင် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ပစ်ခတ်မူကြောင့် လှေပေါ်ပါလာသူ အများစုမှာ ရေထဲသို့ ခုန်ချခဲ့ရကြောင်း၊ ယင်းအထဲတွင် အနည်းဆုံး (၆) သေဆုံးပြီး၊ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း လှေပေါ်မှ အသက်မသေဘဲ လွှတ်မြောက်လာသူ တစ်ဦးက ပြောကြောင်း ဖေါ်ပြသည်။

တက်ကနက် ပင်လယ်ကမ်းခြေအား လုံခြံုရေး ယူထားသော ဘင်္ဂလာဒေချ့် ကမ်းခြေစောင့်တပ်ဖွဲ့ မှ ဗိုလ်ကြီးKazi Harun-ur-Rashid မှလည်း မြန်မာတပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေချ့် နိုင်ငံသား အများအပြား သေဆုံးကြောင်း သူကြားသည်ဟု ပြောဆိုကြောင်း သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

တခြား သတင်း တစ်ပုဒ်တွင် ယခု ပစ်ခတ်ခံရသည်ဆိုသည့် စက်လှေမှာ အင်္ဂါနေ့ညဉ့်က မိုချော့ခါလီ (ရခိုင်အခေါ် မဟားဇိုး) မှ စတင်ထွက်ခွာလာပြီး စိန်မာတင် ကျွန်းအနီး အရောက်တွင် နောက်ထပ် မလေးသွားမည့်သူတချို့ကို တင်ဆောင်ရန် စောင့်ဆိုင်းနေစဉ် ပဲနင်းနှင့် ခရီးသည် တို့ ငြင်းခုန်းမှုဖြစ်ပွားပြီးနောက် ပဲနင်းဖြစ်သူ သတ်ဖြတ်ခံရကြောင်းလည်း သတင်းတပုဒ်တွင် ဖော်ပြ သည်။

ယခုအခါ ယင်း စက်လှေကို ရှာဖွေရန် ဘင်္ဂလာရေတပ်၊ ကမ်းခြေစောင့််တပ်နှင့် ဘင်္ဂလာငါးဖမ်းစက်လှေများ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသို့သွားနေကြောင်းနှင့် ပစ်ခတ်မှုကြောင့် မည်မျှသေဆုံးသည်ဆိုသည်ကို မသိ ရှိသေးကြောင်း စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးတာဝန်ရှိသူ အာဘဒူလ်ရာဟာမာန်က ပြောဆိုကြောင်း CNB သတင်းတွင်လည်း ရေးသား ဖေါ်ပြသည်။

ယင်းဖြစ်စဉ် စွပ်စွဲချက်နှင့် ပတ်သက်ပြီး မြန်မာဘက်က တစ်စုံတစ်ရာတုန့်ပြန်ပြောကြားမူ မရှိသေးကြောင်း သိရသည်။

Most read this week