သံတွဲမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး

သံတွဲမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို ယမန်နေ့က စတင်ဖြန့်ဖြူးပေး နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို သံတွဲမြို့ပေါ်အပါအဝင် သံတွဲမြို့(၁၀) မိုင်ပတ်လည်ရှိ ကျေးရွာများ အထိ လျှပ်စစ်မီးဖြန့်ဝေကြောင်း သံတွဲလူမှုကွန်ရက်မှ ကိုစိန်ချစ်က နိရဥ္စရာသို့ ယခုလို ပြောသည်။

thandwe

“သံတွဲမြို့နဲ့ (၁၀) မိုင်ပတ်လည်မှာရှိတဲ့ ရွာတွေမီးရပါပြီ။ ကျွန်တော်တို့ကြားနေရတာကတော့ တစ်ယူနစ်ကို ၃၅ ကျပ်လို့ပြောတယ်။ (၂၄) နာရီ ပေးမယ်ပေါ့လေ၊သံတွဲမြို့ရယ်။ သံတွဲကမ်းခြေတစ်လျှောက် ကင်းမော် အထိ မဟာဓာတ်အားလိုုင်းကနေ မီးပေးတယ်”ဟု သူကဆိုသည်။

ယခုအခါ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးတစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်ဖြန့်ဖြူးမည်ဆိုသဖြင့် ဒေသခံများ ကျေနပ်နေကြောင်း သံတွဲမြို့မှ နည်းပညာကောလိပ်ကျောင်းသားတစ်ဦးက ဆိုသည်။

“အဆင်ပြေပါတယ် ခင်ဗျာ။အရင်တုန်းက တစ်ယူနစ်ကို လေးငါးရာပေးပြီး သုံးခဲ့ရတယ်၊အခု တစ်ယူနစ်ကို  ၃၅ကျပ်တည်းဆိုတော့ ဒေသခံတွေအတွက်တော်တော်လေးကို အဆင်ပြေပါတယ်” ဟု ယင်းကျောင်းသားမှ ဆိုသည်။

မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးဓာတ်အားကို ရခိုင်ပြည်နယ်တွင် တောရောမြို့ပါ ဖြန့်ဖြူးပေးစေလိုကြောင်း ဒေသခံတစ်ဦးလည်း ဤသို့ပြောသည်။

“ဒီလိုမီးပေးလို့ ကျေနပ်ပါတယ်၊သံတွဲမြို့တစ်ခုတည်းမဟုတ်ပဲ နယ်တွေ၊ရွာတွေကိုကိုပါ များများရောက် စေချင်တယ်။ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်မှ တိုးတက်တယ်လို့ဆိုနိုင်မှာပါ အဲ့ဒီအခန်းကဏ္ဍ တွေတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်” ဟု ဆိုသည်။

သံတွဲမြို့နယ်တွင် ယခင်က ပုဂ္ဂလိကလျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုမ လျှပ်စစ်ဖြန့်ဖြူးခဲ့ရာ မီတာ တစ်ယူနစ် အတွက် ငွေ ၄၈၀  ကျပ်အထိ ပေးဆောင်ခဲ့ကြရကြောင်း လျှပ်စစ်မီးအသုံးပြုသူများထံမှ သိရှိရသည်။

Most read this week