တာ့ဖါဆောင် တံတား အနီး ချထားသော SSPP/SSA တပ်များ ဖယ်ပေးရန် အစိုးရ တပ် တောင်းဆို

တာ့ဖါဆောင် တံတား အနီး ချထားသော SSPP/SSA တပ်များ ဖယ်ပေးရန် အစိုးရ တပ် တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် ဌာနချုပ် ဟောင်း ဆင်ကျော့ နှင့် ကျေးသီး မြို့နယ် အကြား တာ့ဖါဆောင် တံတားအနီး တပ်ချ ထားသော SSPP/SSA စစ် အင်အားများ ဖယ်ရှား ပေးရန် အစိုးရ တပ် ခလရ ၂၄၇ က တောင်းဆိုထားကြောင်းသိရသည်။

၂၀၁၄ ဂျွန်လ ၄ ရက် နံနက်ပိုင်း၌ ဒေသအတွင်း အစိုးရတပ် ခလရ ၂၄၇ တပ်ရင်းမှူးက တပ်မတော် စစ်ကြောင်းလှည့်ရေးအတွက် SSPP/SSA ရှေ့တန်း တပ်စခန်းတပ်များ  ဖယ်ရှားပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ က မီးရှို့ဖျက်ဆီးခံလိုက်ရသော တာ့ဖါဆောင်တံတား

“ဒီဒေသထဲကို လာရောက်လှုပ်ရှားတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မှူးတွေက ပြောတာ။  တိုင်း အမိန့်မဟုတ် တော့   ဖယ်မပေးနိုင်ဘူး တဲ့ ။ ကျနော်တို့ အမြဲနေနေတဲ့နေရာလေ။ သူတို့က စစ်ကြောင်း လှည့်ချင် တယ်။ ခဏဖယ်ပေးပါပေါ့” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

၂၀၁၁ က မီးရှို့ဖျက်ဆီးခံလိုက်ရသော တာ့ဖါဆောင်တံတား

SSPP/SSA တပ်များ ဖယ်ရှားပေးရန် ခိုင်းစေမှုကြောင့် ယမန်နေ့က တာ့ဖါဆောင်တံတားအနီး ဒေသ တဝိုက်၌ နှစ်ဘက်တပ်များ တနေကုန်တင်းမာခဲ့သည်ဟု ရှေ့တန်းရောက် သျှမ်းတပ်မှူးတဦးက ပြော သည်။ SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်း၏ လေးဘက်လေးတန်တွင်  မြန်မာ့တပ်မတော်မှ တပ်ရင်း ပေါင်း ၄၀ တပ်ချလှုပ်ရှားနေသည့်အပြင် အသစ်ထပ်ဖြည့်သည့်တပ်များလည်းရှိသည်ဟု  ပြောပါသည်။

ပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းရေး ငြင်းဆိုသည့် သျှမ်းပြည်တပ်မတော်အား ဖြတ်လေးဖြတ်  ဖြတ်ရန် ၂၀၁၁ က  တာ့ဖါဆောင်တံတားကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ အစိုးရနှင့် သျှမ်းပြည် တပ် မတော်တို့ နှစ်ဘက်အကြား အပစ်ရပ်ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက်ပိုင်း တာ့ဖါဆောင်တံတား ကိုလည်း သျှမ်းပြည်တပ်မတော်က ပြန်လည်တည်ဆောက်ပေးခဲ့သည်။

Most read this week