အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသူ မောင်နှမနှစ်ဦး၏ အမှု စစ်ဆေးရာသို့ တက်ရောက်လေ့လာသူများပြား

အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသူ မောင်နှမနှစ်ဦး၏ အမှု စစ်ဆေးရာသို့ တက်ရောက်လေ့လာသူများပြား
by -
နိရဥ္စရာ

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတို့ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားမောင်နှမ နှစ်ဦးတို့၏ အမှုကို ဘူးသီးတောင် မြို့နယ်တရားရုံးတွင် ဇွန်လ ၃ ရက်နေ့က ဆက်လက် စစ်ဆေးရာ တက်ရောက်လေ့ လာသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံရသူ တစ်ဦးဖြစ်ပြီး အဓိက သက်သေဖြစ်သည့် မညွန့်ညွန့်သိန်းကို အဓိကထား စစ်ဆေးခဲ့သည်ဟု သိရသည်။

Burthidaung-court

လွန်ခဲ့သော ရုံးချိန်းတွင် တရားလို ဖြစ်သူများကိုအမှုကိုကျေအေးစေရန် ခြိမ်းခြောက် စည်းရုံးမှုများရှိကြောင်း နှင့် ပုဒ်မပြောင်းစွဲဆိုကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမှုကိုပိုမိုစိတ်ဝင်စားသူများပြားလာပြီး ယနေ့ ရုံးချိန်းတွင် တရားခွင်စစ်ဆေးမှုကိုလေ့လာရန်ပရိတ်သတ် ၆၀ ခန့်ရောက်ရှိလာခဲ့ပြီးအမျိုးသမီးများအများစု ဖြစ်ကြောင်းသိရသည်။

တက်ရောက်လေ့လာသူများတွင် စစ်တွေမြို့၊ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးလည်းပါ၀င်ပြီး အင်တာနက် သတင်းများတွင် ယခုအမှုကိုတွေ့မြင်သိရှိရသဖြင့် စိတ်ဝင်စားမိကာ စစ်တွေမြို့မှ လာရောက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယနေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး တက်ရောက်လေ့လာသူများက တရားလိုဖြစ်သူများကို အားငယ်ကြောက်ရွံ့မှုမရှိစေရန် အားပေးခဲ့ကြပြီး တရားခွင်စစ်ဆေးပြီးဆုံးသည်အထိ နားထောင်သူ များပြား ခဲ့သည်။

“ကျွန်တော့်မှာအမှုကိစ္စကြံုလာလို့ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ဆိုင်ကယ်လည်းအမှုနဲ့ပတ် သက်လို့ သက်သေခံအဖြစ် ရုံးတင်ထားရလို့ ဆိုင်ကယ်လည်းမဆွဲရဘူး။ တခြား အလုပ်လုပ်ဖို့လဲအဆင်သင့် မရှိတော့ တော်တော်အခက်အခဲဖြစ်နေလို့ အမှုကိုရုပ်သိမ်းခွင့် လျှောက်ထားဖို့အထိ စဉ်းစားခဲ့မိပါတယ်။ အခုလို ကျွန်တော်တို့ကိုအားပေးနှစ်သိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အမှုစဖြစ်ကတည်းက ကျွန်တော်တို့ အမှုကို ဒီလောက်လူတွေ စိတ်ဝင်စားလိမ့်မယ်လို့ မထင်မိပါဘူး။ အခုလို နှစ်သိမ့် အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အမှုကို ပိတ်သိမ်းခွင့်မတင်တော့ပါဘူး။ အဆုံးထိအမှန်အတိုင်း ဖြစ်အောင်သာ ထွက်ဆိုပါမယ်”  ဟု တရားလို မောင်ကျော်သိန်းလှိုင်က ပြောပါသည်။

တရားလို၏ ညီမဖြစ်သူ မညွန့်ညွန့်သိန်းကလည်း “ အကျွန်တို့မှာ တစ်နေ့လုပ် တစ်နေ့စားပါ။ အခုပြဿနာ တက်လို့ ခရုရှာဖားရှာလည်း မသွားဝံံ့ပါ။ စားဝတ်နေရေးအခက်အခဲဖြစ်လာလို့ အမှုကို မြန်မြန်ပြီးရင် မြန်မြန်အေးတယ်ဆိုပြီး ရုပ်သိမ်းလည်း ရုပ်သိမ်းပါစေလို့ စဉ်းစားခဲ့မိပါတယ်။ အခုလိုအမျိုးသမီးတွေ လာပြီးအားပေးတဲ့အတွက် အားရကျေနပ်ပါတယ်။ အမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်´ ဟု ရှင်းပြသည်။

မညွန့်ညွန့်သိန်း၏ ထွက်ဆိုချက်အရ အမှုမဖြစ်ခင် နှစ်ရက်ခန့် ညဘက်ကတည်းက အလယ်ချောင်း ဘင်္ဂလီရွာဘက်မှ သဘော့ချောင်းရခိုင်ရွာဘက်သို့ ဓါတ်မီးများဖြင့်ထိုး၍ ဘင်္ဂလီတို့ အော်ဟစ်ဆူပူခဲ့ ကြကြောင်း။ ရခိုင်များသတ်ဖို့ လာနေတယ်ဟု ကောလာဟာလ သတင်းများထွက်ပေါ်ခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြောင်း။ ထိုသို့ဖြစ်ပြီးနောက်နေ့တွင် ယခု မောင်နှမနှစ်ဦးကို အလယ်ချောင်းရွာအနီးတွင် ရိုက်နှက်မှုခံရခြင်းဖြစ်ကြောင်း သိရသည်။

buthi

ယင်းရိုက်နှက်မူတွင် နောက်ကွယ်က ပယောဂများ ပါ၀င်နေသည်ဟု သုံးသပ်မှုများရှိနေသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပါတ်သက်၍ ကင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဖြစ်ပေါ်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။

ယခုအခါ သဘော့ချောင်းကျေးရွာထိပ်တွင် အမှုဖြစ်သည့်နေ့ကစ၍ ရဲကင်းစခန်းတစ်ခုကို ချထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြံုရေးတာဝန်ယူဆောင်ရွက်ထားသည်။

အမှုစစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံအဖြစ် သိမ်းဆည်းထားသောတရားလို၏ ဆိုင်ကယ်ကို ပြန်လည် ထုတ်ပေးခဲ့ပြီးကျန်သက်သေများကိုစစ်ဆေးရန် (၄-၆-၂၀၁၄)နေ့တွင် ချိန်းဆိုလိုက်သည်။

ယနေ့တက်ရောက်လေ့လာသူများက စားဝတ်နေရေး အခက်အခဲဖြစ်နေသော တရားလို မောင်နှမများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

Most read this week