ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ အလုပ်ရုံတစ်ချို့တွင် အလုပ်သမားကဒ် မရှိ သေးသော အလုပ်သမားများသည် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ အ လုပ်သမားကဒ်လုပ်ရန် စားရင်းပေးသွင်းနေကြကြောင်း NGO အဖွဲ့ဝင်တစ်ဦးက ပြော သည်။
မဟာချိုင်မြို့နယ်ရှိ ငါးသေတ္တာစက်ရုံနှစ်ရုံတို့တွင် ကဒ််မရှိသေးသော အလုပ်သမားများကို ၄င်းတို့အလုပ်ရုံတွင် လိုအပ်နေသော အလုပ်သမားဦးရေအတိုင်း အလုပ်ရုံမန်နေဂျာမှ စာ ရင်းကောက်ခံနေကြောင်းကို အလုပ်သမားတစ်ဦးက ပြောသည်။
"စာရင်းကောက်နေတာတော့ ၃ ရက်ရှိပြီ၊ အခုလောလောဆယ်တော့ နာမည်နဲ့ ဓါတ်ပုံနှစ်ပုံ ပေးထားရတယ်၊ ပိုက်ဆံတော့မပေးရသေးဘူး၊ ဘတ်(ကဒ်)်ရိုက်တဲ့အခါကျမှ ပေးရမှာ၊ အခု လဝက်လောက်စာရင်းကောက်ပြီး ၆ လပိုင်းမှာရိုက်ပေးမယ် " ဟု ပုဇွန်အလုပ်ရုံတွင် စာရင်းသွင်းထားသောသူတစ်ဦးက ပြောသည်။
စက်ရုံများမှ သူဌေးများသည် အလုပ်သမားကဒ်လုပ်သူ စာရင်းကို အလောတကြီး လိုက် ကောက်နေကြကြောင်း သိရှိရသည်။ အလုပ်ရုံသမားမဟုတ်သော အပြင်အလုပ်သမား များမှာ ၄င်းအလုပ်သမားကဒ် လုပ်ရန်အတွက် ပွဲစားများမှတစ်ဆင့် တစ်ဦးကို ၆၅၀၀ ဘတ် ပေးရသည်ဟု ပန်းရံအလုပ်သမားတစ်ဦးက ပြောသည်။
"ဘတ်ရိုက်ပေးမှာတော့ အသေအချာပဲ၊ ဒါပေမဲ့ဘယ်အချိန်ရိုက်ပေးမလဲတော့မသိသေးဘူး ဒါပေမဲ့ စာရင်းတော့ကောက်ထားကြမှာလေ၊ လုပ်တဲ့အချိန်ကိုလည်း တစ်လအတွင်းမှာ အ ပြီးရိုက်ရမှာ၊ အဲဒီနောက်ပိုင်းဆိုရင် ဘတ်လုပ်ပေးမှာ မဟုတ်တော့ဘူး၊ သူတို့စာရင်း ကောက်နေတဲ့ အချိန်မှာဆိုရင်လည်း နယ်စပ်က နောက်ထပ်တရားမဝင် အလုပ်သမားတွေ ထပ်ဝင်လာမှာစိုးလို့ လမ်းတွေပိတ်ဦးမယ််" ဟု အလုပ်သမားတာဝန်ခံတစ်ဦးက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးနေသော မဟာချိုင်ဒေသမှ NGO အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ " ကျွန်တော်တို့ နှစ်ခါတောင် အစည်းအဝေးလုပ်ပြီး စာတင်လိုက်ရတယ်၊ အလုပ်သမားဝန်ကြီးဌာနကို စာတင်လိုက်တော့ ပထမက ခွင့်ပြုချက် မပေးဘူး၊ ထိုင်းနိုင်ငံသား အလုပ်သမားတွေကို အရင်ဦးစားပေးရမယ်လို့ ပြောပေမဲ့ ထိုင်း လူမျိုးအများစုတွေက ငါး၊ ပုဇွန်အလုပ်ရုံတွေမှာ မလုပ်ကြချင်ဘူး၊ အဲဒီတော့ လုပ်ငန်းရှင် တွေအတွက် အခက်အခဲဖြစ်တာပေါ့၊ စီးပွါးကျတာတော့ အန်ဂျီအိုအဖွဲ့၊ လုပ်ငန်းရှင်တွေနဲ့ မဟာချိုင်မြို့တော်ဝန်ကနေပြီး စာတင်လိုက်ကြတယ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ခွင့်ပြုချက်ပေး မယ်လို့ ပြောထားပေမဲ့ ပြည်တွင်းအရေးအခင်းကြောင့် ခဏပြန်ပြီး ရပ်ဆိုင်းလိုက်တော့၊ နောက်တစ်ခါ စာပြန်တင်တော့ ဧပြီလ ၂၇ ရက်နေ့မှာမှ အကြောင်းကြားစာ ပြန်ရတယ်" ဟု ၄င်းကပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမား ၄ သိန်းခန့် ကို တရားဝင်အဖြစ် ပြုလုပ်ပေးရန် အစီအစဉ်ရှိသည်ဟု မတ်လ ၃၁ ရက်နေ့ထုတ် တနေးရှင်း သတင်းစာ ဖော်ပြထားသည်။ အလုပ်သမားကဒ် မရရှိသေးသော အလုပ်သ မားကို လုပ်ငန်းပိုင်ရှင်များသည် ၄င်းတို့လို အပ်နေသော အလုပ်သမားဦး ရေပြည့်ရန် စာရင်း ကောက်ခံနေလျှက်ရှိသည်ဟု သိရသည်။