မြန်မာ-ဘင်္ဂလာဒေချ့်တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေချ့်နိုင်ငံခြားရေးဝန်ကြီးပြောကြား

မြန်မာ-ဘင်္ဂလာဒေချ့်တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေချ့်နိုင်ငံခြားရေးဝန်ကြီးပြောကြား
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။

ယမန်နေ့က ဒက္ကားမြို့ရှိ  Ruposhi Bangla ဟိုတယ်တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali

“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။

ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေချ့်မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။

ယင်းပြင် ဘင်္ဂလာဒေချ်- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါ၀င်သည့် (BCIM)  စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။

ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။

ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။

ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရဖြေရှင်းရန် ကြိုးစားလာကြခြင်း ဖြစ်သည်။

Most read this week