ကိုယ်ဝန်ဆောင်မိခင်(၄) ဦး ကလေးအသေမွေးဖွားမူ ရွှေသဘာဝ စီမံကိန်းမှ စွန့်ပစ်ဓါတုပစ္စည်းများကြောင့်ဟု သံသယဖြစ်

ကိုယ်ဝန်ဆောင်မိခင်(၄) ဦး ကလေးအသေမွေးဖွားမူ ရွှေသဘာဝ စီမံကိန်းမှ စွန့်ပစ်ဓါတုပစ္စည်းများကြောင့်ဟု သံသယဖြစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မလကျွန်းကျေးရွာမှ ကိုယ်ဝန်ဆောင် မိခင် (၄) ဦး လွန်ခဲ့သော လအနည်းငယ်က ကလေးအသေမွေးဖွားခဲ့သဖြင့် ယင်းသို့ ဖြစ်ရခြင်းမှာ ရွှေသဘာဝဓါတ်ငွ့စီမံကိန်း OGT ဓါတ်ငွေ့သန့်စင်စက်ရုံမှ စွန့်ပစ်သော ဓါတုပစ္စည်းများးကြောင့်ဟု ကျေးရွာသားများက သံသယ ဖြစ်နေကြသည်ဟု သိရသည်။

narinjara01061401

“ကျွန်တော်ကို ဒီီကိစ္စတိုင်ကြားတဲ့ အတွက် မနေ့က ကျွန်တော်သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးလေဦးခန့်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလမှာ ကလေးတွေ အသေ မွေးဖွားခဲ့တယ်လို့ ရွာသားတွေက ပြောတယ်။ ခုလို ဖြစ်ရတာဟာ သူတို့ရွာမှာ တည်ဆောက်ထားတဲ့ ဓါတ်ငွေ့သန့်စင်စက်ရုံက စွန့်ပစ်တဲ့ ဓါတုပစ္စည်းတွေကြောင့်လို့ ကျေးရွာသားတွေက သံသယ ဖြစ်နေကြပါတယ်” ဟု မလကျွန်းကျေးရွာသို့ မေလ ၃၀ ရက်နေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

သို့သော်လည်း သူ့မှာ ပညာရှင် တစ်ဦး မဟုတ်သဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များသို့စစ်ဆေးနိုင် ရန် တင်ပြသွားမည်ဟု သူက ဆိုသည်။

“ ကျွန်တော်သွားရောက်စစ်ဆေးတော့ ဘာတွေ့ရသလဲဆိုတော့ စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်းတွေကို မြောင်းတူးပြီး ပင်လယ်ထဲကို ပစ်ချတယ်။ သာမန် ရေဆိုးရေညစ်တွေကိုတော့ နေ့ခင်းဘက်မှာ မြောင်းထဲက တဆင့် စွန့်ပစ်ပြီး ဓါတု ပစ္စည်းလို အရောင်အဆင်းတွေနဲ့ စွန့်ပစ် ပစ္စည်းတွေကျတော့ ညဉ့်မှာ ပို့လွှတ်တယ်လို့ ပြောတယ်။ အဲသလို လွှတ်တဲ့ အခါ အနံ့အသက်တွေ ဆိုးဆိုးရွားရွားနံတယ်လို့ ပြောတယ်။ ပင်လယ်ထဲကငါးတွေသေဆုံး မူတွေရှိတယ်လို့လည်း ရွာသားတွေက ပြောပါတယ်” ဟု သူက ပြောသည်။

၎င်းကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ဦးသည် စွန့်ပစ္စည်းများကို ပင်လယ်ထဲသို့ ပို့ဆောင်သည့် မြောင်းအနီးရှိ လယ်ကွင်းများတွင် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြပြီး ယင်းအနီးရှိ ရေတွင်းများမှ ရေကို သောက်သုံးရာမှ ယခုလို ကိုယ်ဝန်မွေးဖွားစဉ် ကလေး အသေမွေးဖွားခြင်း ဖြစ်ကြောင်း သံသယ ဖြစ်နေကြသည်ဟု ဆိုသည်။

narinjara01061402

ကိုယ်ဝန်ဆောင်စဉ် ကလေးအသေမွေးဖွားသူ အမျိုးသမီးများမှာ (၁)နုနုချေ (၂) စန္ဒာဝင်း(၃) သန်းသန်းနွယ်(၄) သိန်းယဉ်နုတို့ဖြစ်ကြသည်ဟု ရွာသား တစ်ဦးဖြစ်သူမောင်ဝေခင်က ပြောသည်။

_MG_0714ယင်းသဘာဝဓတ်ငွေ့သန့်စင် စက်ရုံမှ  စွန့်ပစ်ပစ္စည်း အညစ်ကြေးများ ပင်လယ်ထဲသို့ စွန့်ပစ်ရာမှ အနီးနားနေထိုင်သူဒေသခံများ အနံ့သက်များကြောင့် ခေါင်းကိုက်ခြင်း သီးပင်စားပင်များ ပျက်စီးခြင်း ပင်လယ်တွင် ငါးရှားပါးလာခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။

“ အဲဒီ ဆိုးရွားတဲ့ အနံ့အသက်က OGT စက်ရုံဝင်းထဲက အညစ်ကြေးထုတ်တဲ့ ရေမြောင်းထဲက ထွက်တာ။ သူတို့စက်ရုံဝင်းထဲမှာ ရေကန်ကြီးရှိပါတယ်။ အဲဒီရေကန်ကြီးထဲမှာအညစ်ကြေးတွေစုထားပြီးတော့ အဲဒီ ကန်ထဲဲကနေတဆင့် လွှတ်တာ။ အဘတို့မသိတဲ့ သာမန်အညစ်ကြေးနံ့မဟုတ်တဲ့ အနံ့တွေလဲပါတယ်။ အက်စစ်နံ့လိုလို ဂတ်စ်နံ့လိုလိုတွေပါတယ်။ ပုံမှန် မနက်အစောကြီး ၄နာရီကနေ ရနာရီထိ သူတို့ ပင်လယ်ထဲ စွန့်ထုတ်တယ်” ဟု ပြောသည်။

မလကျွန်းရွာအုပ်ချုပ်ရေးမှုး ဦးတင့်ရီမှလည်း နံနက် ၅နာရီကနေ ရနာရီထိ အနံ့များ တအားထွက်ကြောင်း  သူတို့ကန်ထဲကနေ တဆင့်ရေမြောင်းကစွန့်ပစ်ချိန်တွင် အင်္န့အသက်မှာ ဆိုးဆိုးရွားရွားထွက်ကြောင်း အတည်ပြု ပြောဆိုသည်။

မလကျွန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ယခင်က ကလေးအသေမွေးဖွားခြင်းမျိုး လုံးဝ မရှိဟုု သိရသည်။

Most read this week