မြန်မာနှင့် ဘင်္ဂလာဒေချ့် တပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

မြန်မာနှင့် ဘင်္ဂလာဒေချ့် တပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို
by -
နိရဥ္စရာ

မြန်မာနှင့် ဘင်္ဂလာဒေချ့် နှစ်ဘက်တပ်ဖွဲ့အကြား ယနေ့ညနေ ၄ နာရီခန့်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို Bdnews24.com အပါအဝင် ဘင်္ဂလာဒေချ့် အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။

guard

တိုက်ပွဲဲမှာ ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင် ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ပြောကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ယင်းပြင် တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေချ့်မှ အရာရှိ တစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ် အခြေအနေမှာ အထူးရှုတ်ထွေးနေကြောင်း၊ သတိထားရမည့် အခြေအနေလည်း ရှိနေကြောင်း ကော့စ်ဘဇားမြို့မှ ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သို့သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး နိရဥ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။
မူရင်းလင့်ကို အောက်တွင် ကြည့်နိုင်ပါသည်။

Most read this week