တိုက်ခိုက်မူများဆက်လက် ပြုလုပ်ပါက ဘင်္ဂလာနှင့် တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲများကိုရပ်ဆိုင်းမည်ဟု မြန်မာဘက်ကခြိမ်းခြောက်

တိုက်ခိုက်မူများဆက်လက် ပြုလုပ်ပါက ဘင်္ဂလာနှင့် တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲများကိုရပ်ဆိုင်းမည်ဟု မြန်မာဘက်ကခြိမ်းခြောက်

ဘင်္ဂလာဒေချ့်တွင် ခိုအောင်းနေသော အကြမ်းဖက်အဖွဲ့အစည်းများမှ မြန်မာဘက်သို့ နောက်ထပ် ၀င်ရောက် တိုက်ခိုက်ပါက နောင်လာမည့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲများကို ရပ်ဆိုင်းပစ်တော့မည်ဖြစ်ကြောင်း မြန်မာ တာဝန်ရှိသူများက ပြောကြားလိုက်သည်ဟု သိရသည်။

ယမန်နေ့က ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီ မြို့နယ်တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ််ခြားစောင့်တပ် တပ်မှူးအဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်မှထိုသို့ ပြောကြားလိုက်သည်ဟု ဆိုသည်။

Bandarban-BGB-meeting

ယင်းပြင် မြန်မာဘက်မှ ယင်းအကြမ်းဖက်အဖွဲ့များကို ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ခိုလှုံခွင့်မပေးရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုသည်။

“ မြန်မာနယ်ခြားစောင့်တပ်မှ အကြမ်းဖက်အဖွဲ့အစည်းများ ဘင်္ဂလာမြေတွင်အခြေစိုက်ပြီး မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည်ကိုခွင့်မပြုဖို့၊ အလားတူတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်လာပါက နယ်ခြားစောင့်တပ်မှူး အဆင့် ဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ဟု ပြောဆိုခဲ့ ကြောင်း”  သူက ဆိုသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ် တာဝန်ရှိသူများက ဘင်္ဂလာဒေ့ချ်နိုင်ငံ နယ်နိမိတ်တွင် မည့်သည့် အကြမ်းဖက် အဖွဲ့အစည်းများမှ  ခိုလှုံ၍ မရှိဟု ငြင်းဆိုခဲ့ကြောင်း သူက ဆိုသည်။

မြန်မာ-ဘင်္ဂလာ တပ်မှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံ နတ်ကျောက်ဆရီမြို့နယ်တွင် အခြေစိုက်သည့်  အကြမ်းဖက် အဖွဲ့အစည်းများနယ်စပ်ဖြတ်ကျော်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေသည့်ကိစ္စကို အဓိက ဆွေးနွေး ခဲ့ကြပြီး နယ်စပ်တွင်ရှိနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ဘင်္ဂလာနယ်ခြား စောင့် တပ်ဖွဲ့မှ ကူညီပေးရန်ကိုလည်းတောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းပြင်  တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ နယ်စပ်တလျှောက် မူးယစ်ဆေး ၀ါးနှိမ်နှင်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သူက ဆိုသည်။

မေလ ၁၃ ရက်နေ့က မောင်တောမြို့နယ် နယ်မြေ (၁)  နယ်စပ်မှတ်တိုင် ၃၇ နှင့် ၃၈ အနီးတွင်တစ်ကြိမ် မေ လ ၁၇ ရက်နေ့က နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် တစ်ကြိမ် (၂ )ကြိမ်တိုင်တိုင် မြန်မာနယ်ခြားစောင့်တပ်ကို RSO မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ လိုုက်လံရှင်းလင်းစဉ်  ဘင်္ဂလာဒေချ့်ဘက်သို့ ထွက်ပြေး ၀င်ရောက်သွားသည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်ဟု သိရသည်။

မေလ ၁၇ ရက်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် မြန်မာ ရဲတပ်သား ၄ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ မူဆလင် အကြမ်းဖက် သောင်းကျန်းသူ အုပ်စုမှ (၂) ဦးကျဆုံးခဲ့သည်။

ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ ကော့စ်ဘာဇားအခြေစိုက် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ဖောရိဟောဆန်း ဦးဆောင်တက်ရောက်ခဲ့ပြီး  မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုမှ ဦးဆောင်တက်ရောက်ခဲ့သည်။

ယခုအခါ နယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ လုံခြံုရေးတပ်ဖွဲ့များကို ဖြန့်ကျက် ချထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြသည်ဟု သတင်း ရရှိသည်။

Most read this week