SSA တဖွဲ့တည်း ဖြစ်ကြောင်း RCSS ထံ SSPP မှ တော်လှန် ရေးနေ့ သဝဏ် လွှာပို့

SSA တဖွဲ့တည်း ဖြစ်ကြောင်း RCSS ထံ SSPP မှ တော်လှန် ရေးနေ့ သဝဏ် လွှာပို့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသော  ၅၆ နှစ်မြောက် သျှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား သို့ သျှမ်းပြည် တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်း မခွဲခြားဘဲ SSA တဖွဲ့တည်း ဖြစ်ကြောင်း သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာ ပို့ပေးခဲ့ပါသည်။

အဆိုပါသဝဏ်လွှာတွင် အာဏာရ မြန်မာခေါင်းဆောင်များသည် ပင်လုံသဘောတူညီချက်အတိုင်း မသွားသဖြင့်  ယနေ့တိုင်လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်နေရသည်မှာ ၅၆ နှစ်ရှိပြီဖြစ် ကြောင်း၊ ထို့ကြောင့်  ရည်မှန်း ချက် ပန်းတိုင်ရောက်အောင်   သျှမ်းပြည် တပ်မတော်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမခွဲဘဲ တစု တစည်း တည်းဖြစ်အောင် ကြိုးစားသွားကြရန် SSPP/SSA မှ တိုက်တွန်းလိုက်ကြောင်း ပါရှိပါသည်။

RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား

SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင်မူ  သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားနှင့်အတူ အခြေခံစစ် ပညာ သင်တန်း အပတ်စဉ် ၂၂ ၏ သင်တန်းဆင်းပွဲကိုပါ ပြုလုပ်ကျင်းပခဲ့ပါသည်။

RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား

သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း၌လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါသည်။

အဖက်ဖက်နစ်နာမှုအပေါ် မခံမရပ်နိုင်ကြသည့်အတွက် စဝ်နွဲ့စောယန္တ ဦးဆောင်သည့် သျှမ်းမျိုးချစ် လူငယ် ၃၁ ယောက်သည် ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့နယ်သံလွင် အရှေ့ခြမ်း နမ့်ကျွတ် ချောင်း ဘေး တောတွင်း တစ်နေရာ၌ နွံစစ်ဟန်တပ်မတော်ဖွဲ့စည်းကာ သျှမ်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့ ရန်သူဟူသမျှကို တွန်း လှန်တိုက် ခိုက် မောင်း ထုတ်မည်ဟုသွေးသစ္စာ ရေသောက်ခဲ့ကြပြီး တော်လှန်ရေး သမိုင်း ပထမစာမျက်နှာ စဖွင့်ခဲ့ကြသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက်  သျှမ်းစော်ဘွားများ၊ သျှမ်းလူထုခေါင်းဆောင်များ ချင်း၊ ကချင် ခေါင်းဆောင် များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၇ ပင်လုံညီလာခံကြီး၌ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြ သည်။အတူတကွနေထိုင်ရင်း ၁၀ နှစ်ပြည်သော် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးပါက ပြည်ထောင်စုမှခွဲထွက်ပိုင်ခွင့်ရှိသည် ဟုသဘောတူထားကြသည်။ ထိုကဲ့သို့သဘောတူညီချက်အတိုင်း ဖြစ်မလာသောကြောင့်  စဝ်နွဲ့ ဆောယန္တ ဦးဆောင်ကာ တော်လှန်ရေးခရီး စတင်ခဲ့ခြင်းဖြစ်သည်။