ဂျယ်ကောင် ရွှေလီ ရောက် မြန်မာ ပြည်သား များအား တရုတ် အာဏာပိုင်များ ဖမ်းဆီး

ဂျယ်ကောင် ရွှေလီ ရောက် မြန်မာ ပြည်သား များအား တရုတ် အာဏာပိုင်များ ဖမ်းဆီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း တရုတ် -မြန်မာ နယ်စပ် တလျှောက် တရုတ် ပြည်ဘက်၌ ရွှေလီ မြို့အသွား လမ်းမကြီး ပေါ်တွင် ဧပြီလမှစ၍ ယခုလအတွင်း တရုတ် ရဲတပ်ဖွဲ့မှ  မြန်မာ နိုင်ငံသား များအား မတရား ဖမ်းဆီးမှုပြု လုပ်နေကြောင်း ဖမ်းဆီးခံရသူ မိသားစုများထံမှစုံ စမ်း သိရှိရသည်။

မြန်မာနိုင်ငံ နမ့်ခမ်းမြို့ တဘက်ကမ်းရှိ နောင်တောင်းမြို့မှ ရွှေလီမြို့ သွားရာလမ်းမကြီးတလျှောက် နှင့် ကုန် သွယ်ရေးမြို့ဖြစ်သော ဂျေကောင်မြို့မှရွှေလီမြို့သို့သွားရာလမ်းမတို့၌  မြန်မာနိုင်ငံသားများအား တရုတ်အာ ဏာပိုင်များက ဆီးစစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသည့် ဆေးစစ်ချက် ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  ဖမ်းဆီးခံရသူ   နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းကျေးရွာ စိုင်းမောင်လင်း၏ ဇနီး နန်းခမ်းခင်က ဆိုသည်။

ရွှေလီမြို့အသွား လမ်းမကြီးပေါ် မြန်မာနိုင်ငံသားများအား တရုတ်အာဏာပိုင်းများ တားဆီးစစ်ဆေးစဉ်

၄င်းဖမ်းဆီးခံရသူများကို တရုတ်ငွေ ထောင်ဂဏန်းမှ သောင်းဂဏန်း အထိပြန်ရွေးခိုင်းပြီး မရွေးနိုင်သူများအား ရထားလမ်းဖောက်လုပ်မှုတွင် လုပ်အားပေးခိုင်းစေဖို့ ကူမင်းမြို့သို့ ပို့ဆောင်ကြောင်း ၄င်းကဆိုပါသည်။

“ကျမယောက်ကျားကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကဖမ်းပါတယ် ၊  လယ်လုပ်ဖို့ နောင်တောင်း အကျော် တင်းချိုရွာနားမှာ သူ့ကိုဆီးစစ်ပြီး ဖမ်းလိုက်တယ်၊ ကျမခင်ပွန်းက မူးယစ်ဆေး မသုံးပါဘူး၊ ဆေးစစ်ချက်မှာ ဘယ်လို လုပ်ပြီး မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲလိုက်တာလဲမသိဘူး  ”  ဟု ဇနီးသည် နန်းခမ်းခင်က ဆိုသည်။

စိုင်းမောင်လင်းအား တရုတ်အာဏာပိုင်များက ရွှေလီမြို့ အချုပ်ခန်း၌ တလကျော် ထိန်းသိမ်းထားကြောင်း၊ ထောင်ဝင်စာလည်း တွေ့ခွင့်မပေးကြောင်း၊ ငွေပေး အာမခံဖြင့် ပြန်ရွေးရန်လည်း တရုတ်ရဲများက ခွင့်မပြု ကြောင်း၊ ၄င်း၏အမည်စာရင်း ကွန်ပျူတာမှတ်တမ်းတွင်ပါသွားပြီးဖြစ်သဖြင့် ပြန်ရွေးဖို့ခက်ပြီဟုအာဏာ ပိုင်များကပြောဆိုကြောင်း နန်းခမ်းခင်က ဆက်ပြောပါသည်။

၄င်းတို့မိသားစုတွင် ကျောင်းနေအရွယ် သားသမီး နှစ်ယောက်အပြင်  ဖခင်အိုမှလည်း ၄င်းတို့အားလာရောက် မှီခိုနေ သောကြောင့်  နေထိုင်ရေးအတွက် အခက်အခဲရင်ဆိုင်နေရကြောင်းဆိုပါသည်။

မြန်မာနိုင်ငံသားများအား တရုတ်ရဲများက မတရားဖမ်းဆီးနေမှုအခြေအနေကို  ၁၅ ရက်နေ့က နမ့်ခမ်းမြို့ အုပ်ချုပ် ရေးရုံးအစည်းအဝေး တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း အားရှင်းပြပြီး  ကူညီဖြေရှင်း ပေးဖို့တောင်းဆိုကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကဆိုသည်။

“ဦးဇော်မင်းကတော့ ရုံးမှာ အလုပ်ဖြစ်စာတင်လာတာ တဦးတယောက်မှ မတွေ့ရသေးတော့ အတိအကျ အသေးစိတ်ကို ကျနော် မသိရသေးဘူး၊အဲဖမ်းဆီးမှုအပေါ် ဖမ်းဆီးခံရသူ မိသားစုများက စာနဲ့အပြည့် အစုံတင်ပြလာလျှင် တရုတ် (လဝက) အဖွဲ့နဲ့ စကားပြောလို့ရတယ်” ဟု အစည်းအဝေး၌ ဦးဇော်မင်းက ပြန်လည်ပြောပြသည်ဟုဆို၏။

နမ့်ခမ်းမြို့သျှမ်းနိုင်ငံရေးပါတီဝင်တစ်ဦးကလည်း “ ကျနော်တို့ မြို့မှာ ဟိုဘက်ကမ်းတရုတ်တွေ တရားမဝင် လာရောက်နေထိုင်နေတာ အများကြီးပါ၊ သက်ဆိုင်ရာ ကဘာလို့ မဖမ်းတာလဲ၊ ကျောက် တင်ကား တွေလည်း တရုတ်နံပါတ်ပြားတပ်ပြီး သူတို့နိုင်ငံများမှတ်နေလားမသိပါဘူး။ ထင်ရာစိုင်း ၊ ၂၄ နာရီပတ် လုံးမောင်းနေတာ၊ ဘာကြောင့် အရေးမယူ လဲဆိုတာ ကျနော် တွေးလို့မရဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံဘက်၌ မတရားဖမ်းဆီးခံရသော နမ့်ခမ်းဒေသခံ နာမည်စာရင်း အချို့မှာ-

list
အထက်ပါဖော်ပြသူများသည် ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသောသူများဖြစ်ပြီး နောက် နာမည် စာရင်းမသိရှိရသော ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံအညာဒေသမှ တရုတ်ပြည်သို့အလုပ်လာလုပ်သောသူ အများအပြားရှိနေသေးကြောင်း သျှမ်းလူမှုကူညီရေးလုပ်ရှားသူထံများမှသိရသည်။

Most read this week