သျှမ်းနီ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္မဏီ အစုရှယ်ယာများ စတင် ရောင်းချ

သျှမ်းနီ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္မဏီ အစုရှယ်ယာများ စတင် ရောင်းချ
by -
သျှမ်းသံတော်ဆင့်

သျှမ်းနီ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္မဏီ အတွက် ခွင့်ပြုချက် မှတ်ပုံတင်ကို ရင်းနှီး မြုပ်နှံမှု ဝန်ကြီးဌာနက တရားဝင် မှတ်ပုံတင် ချပေးလိုက်ပြိးနောက် ကုမ္မဏီမှ အစုရှယ်ယာ များကို စတင်ရောင်း ချတော့မည်ဖြစ် ကြောင်း စုံစမ်းသိရှိရပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနမှ သျှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက် ( Shanni Development Public Co.,ltd  )  SDPC အား ကုမ္မဏီမှတ်ပုံတင်အမှတ် ၅၈၆၆ / ၂၀၁၃ - ၂၀၁၄ ဖြင့်  ၂၀၁၄ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့တွင် မှတ်ပုံတင် ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ကုမ္မဏီ၏လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ( Certificate for commencement of Business ) ကို မှတ်ပုံတင်အမှတ် ၃ / ၂၀၁၄ - ၂၀၁၅ ( ရ၊၄၊၂၀၁၄ ) ရက်စွဲဖြင့်ရရှိပြီးဖြစ်ကြောင်းလည်းသိရှိရသည်။

ယခုအခါ အများပြည်သူသို့ အစုရှယ်ယာများကိုတရားဝင်စတင်ရောင်းချတော့မည်ဖြစ်သည်ဟု သိရ သည်။ ရောင်းချပေးမည့် အစုရှယ်ယာပေါင်း ၂၄၅၀၀ စု ၊ ငွေကျပ်သိန်း ၂၄၅၀ ကို တစ်ဦးလျှင် အများ ဆုံးအစု ၁၅၀ စု ၊ ကျပ် ၁၅ သိန်းအထိ၀ယ်ယူနိုင်ကြောင်း နှင့် မေလ ၁၅  ရက်နေ့ မှ ဇူလိုင်လ ၁၅  ရက်နေ့အထိ ရောင်းချ ပေးသွားမည်ဟုလည်းသိရှိရသည်။

SDPC သည် အစုရှယ်ယာထည့်ဝင်ရန် အဆိုပြုလွှာပုံစံများကို မြစ်ကြီးနား ၊ မိုးကောင်း ၊ ဖားကန့် ၊ ဟိုပင် ၊ မိုးညှင်း နှင့် မန္တလေး မြို့များတွင် ကျပ် ၅၀ ဖြင့်ရောင်းချလျက်ရှိပြီး နိုင်ငံသားများ ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေနှင့်အညီဖွဲ့စည်းတည်ထောင်ထားသောအသင်းအဖွဲ့များ ၊ စီးပွားရေးလုပ်ငန်း ရှင်များ ၊ လုပ်ငန်းဆိုင်ရာတောင်သူလယ်သမားများအားရောင်းချပေးသွားမည်ဟု သိရှိရသည်။

Most read this week