မြန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ ဘင်္ဂလာဒေချ့် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား

မြန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ ဘင်္ဂလာဒေချ့် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား
by -
နိရဥ္စရာ

ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ရ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။

narinjara14051401

ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့မှလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ချ် နယ်ခြား စောင့်တပ်မှ အရာရှိတစ်ဦးကပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

ဘင်္ဂလားဒေချ့်နှင့် မြန်မာနယ်စပ်တွင် တည်ရှိသည့် ဘင်္ဂလာဘက်ခြမ်း ဘိုင်ချာဘာရီရွာသားများက ညနေ ၃ နာရီအချိန်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟုဆိုသည်။

၎င်းသတင်း ရရှိပြီးနောက် နယ်စပ်သို့ စုံစမ်းရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာအနီးတတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် မောင်တောမြို့တွင်လည်း လုံခြံုရေးများ တိုးချထား ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

“ မနေ့မနက်က နယ်မြေ ၁ မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဘယ်အဖွဲ့ ဆိုတာတော့မသိဘူး။ အာရ်အက်စ်အိုလို့တော့ လူတွေ ပြောနေကြတယ်။ မြို့ထဲ မှာ လည်း ခြံုရေးတွေချထားတာ တွေ့ရတယ်။ နယ်တွေမှာလည်း လုံခြံုရေးတိုးချထားတယ်လို့ ကြားပါတယ်”

နယ်စပ်တွင်တည်ရှိသည့် အောင်ဗလ ကျေးရွာသားတစ်ဦးကလည်း ၄င်တို့ ရွာအတွင်းလုံခြုုံရေးများချထား သည်ဟု  ပြောသည်။

“ကျွန်တော်တို့ ရွာမှာတော့ လုံခြံုရေးတပ်ဖွဲ့ အယောက် ၁၀ ကျော်ရှိတယ်။ ဒီဘက်မှာတော့ ပုံမှန်အတိုင်းပါ။ ထူးထူး ခြားခြားမရှိပါဘူး” ဟု ဆိုသည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အသေအပျောက်တချို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဥ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာ အာဏာပိုင်များမှ ယင်းပစ်ခတ်မူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောဆိုမူ မရှိသေးကြောင်း သိရသည်။

မြန်မာ နယ်ခြားစောင့်တပ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို အတိကျ မသိရသေးသော်လည်း မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂလာဒေချ့်ဘက် ခြမ်းတွင် ခိုအောင်းနေသော အာရ်အက်စ်အို အဖွဲ့ ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူများကသုံးသပ်ပြော ဆိုသည်။

Most read this week