ရခိုင် DPA, NUPA ပါတီခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ၀န်ကြီးဦးအောင်မင်းအဖွဲ့့ တွေ့ဆုံ

ရခိုင် DPA, NUPA ပါတီခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ၀န်ကြီးဦးအောင်မင်းအဖွဲ့့ တွေ့ဆုံ
by -
နိရဥ္စရာ

ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရခုုိင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA)နှင့် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီ(NUPA) ခေါင်းဆောင်များသည်  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ကော်မတီအဖွဲ့ဲ့ဝင်များနှင့် ယမန်နေ့ မေလ (၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင်ရန်ကုန်မြို့ MPC ခန်းမတွင် MPC အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ DPA  ခေါင်းဆောင်များ ဖြစ်ကြသော ဦးသိန်းဖေ၊ ဦးထွန်းအောင်ကျော်၊ ဦးညီညီလွှင်နှင့် NUPA ခေါင်းဆောင်များဖြစ်ကြသော ခိုင်မြဝါနှင့် ဦးမောင်အေးချမ်းတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သော ကျယ်ပြန့်သည့် အမျိုးသားညီလာခံဖြစ်ပေါ်ရေး ထိုမှတဆင့်ဖက်ဒရယ်မူ ပေါ်တွင်အခြေခံ ပြီး အမျိုးသားသဘောတူ ပဋိညာဉ်စာချုပ် ချုပ်ဆိုနိုင်ရေး အပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် DPA နှင့် NUPA တို့ နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါ၀င်ခွင့်ရရှိ ရေးကိုပါ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ကြေငြာချက်ထုတ်ပြန်သည်။

dpa nupa

အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿ     နာဖြစ်သော ပြည်တွင်းစစ်နှင့် နှစ်ရှည်လများဖြစ်ပွားလျှက်ရှိ သောပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေး၊ နိုင်ငံရေးအရဖြေရှင်းရန် နည်းလမ်းကောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သဘောတူညီချက်များမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် မပါ၀င်နိုင်သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ် သွားမည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင်ပါ၀င်မည့် ပါတီအဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုကြောင်း၊ နိုင်ငံရေးသဘောတူညီချက် ဆွေးနွေးပွဲများ မစတင်နိုင်မီကြားကာလတွင် DPA နှင့် NUPA ခေါင်းဆောင် များအား ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများအား အကြောင်းကြား၍ သွားလာခွင့် ပြုကြောင်း MPC ဖက်မှ သဘောတူသည်။

ထို့ပြင် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါ၀င်ခွင့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ပါတီနှစ်ရပ်စလုံးမှ ပါတီခေါင်းဆောင်များအား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကြားကာလတွင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော AA(Sourth), AA(North),ALP, DPA နှင့် NUPA တို့သည် တစုတစည်းတည်း အများ သဘောတူညီသည့် အဖွဲ့့အစည်းခေါင်းစဉ် တခုအောက်တွင် စုစည်းသွားနိုင်မည်ဆိုပါက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ပိုမိုထိရောက်သွားမည် ဖြစ်သောကြောင့် ပါတီများအားလုံးစုစည်း အဖြေရှာသွားရန် အထူးအလေးထား တိုက်တွန်း သွားကြောင်း ဖေါ်ပြသည်။

အဆိုပါကိစ္စများအား ဆောင်ရွက်ရန်သဘောတူညီချက် ရသည်ဆိုပါက မိမိတို့ အစိုးရ အနေဖြင့် အစွမ်းကုန် ကူညီ သွားမည်ဖြစ်သည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း ဆိုသည်။

DPA ပါတီသည်ယခင် ရခိုင်ပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများ တည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး နှစ်ပေါင်း(၅၁)နှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းကော်မီတီ (UPWC) ဒုတိယ ဥက္ကဌ ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

dpa nupa 2

၁၉၆၃-ခုတွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဦးနေဝင်း နှင့်လည်း အလားတူ ဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်စံရွှီမှ ရခိုင်ပြည် သမ္မတ နိုင်ငံ ထူထောင်ရန် တောင်းဆိုမူကြောင့် ဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။

NUPA သည် ၁၉၉၄-ခုနှစ် ဖွဲ့စည်းတည်ထောင်ပြီး နှစ်(၂၀)ကျော်အတွင်း နိုင်ငံတော်အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပါတီ ကိုယ်စားလှယ်များသည် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Most read this week