ရခိုင်အမျိုးသားညီလာခံပိတ်ပွဲသို့ တက်ရောက်မည့် ပြည်သုူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဂွမြို့သို့ စတင်ရောက်ရှိ

ရခိုင်အမျိုးသားညီလာခံပိတ်ပွဲသို့ တက်ရောက်မည့် ပြည်သုူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဂွမြို့သို့ စတင်ရောက်ရှိ
by -
နိရဥ္စရာ

ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ နောက်ဆုံးနေ့မှာ တက်ရောက် အမှာစကား ပြောကြားမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဟာ မနေ့က ဧရာဝတီတိုင်းဘက်ကနေ ဂွမြို့နယ်သို့ ကားတန်းကြီးတစ်ခုနဲ့ အတူ စတင် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့အတူ ကမ္ဘောဇ ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မျက်စိအထူးကု ဆရာဝန်ကြီးတွေလည်း အတူလိုက်ပါလာတယ်လို့ ပြောပါတယ်။

arakan28041401

ဂွမြို့နယ် ကမ်းသာယာမှာတော့ ဒေသခံ လူထုနဲ့ တွေ့ဆုံပြီး စစ်တပ်က ကမ်းခြေတလျှောက် သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ ဂတိပြု ပြောဆိုသွားတယ်လို့ ဒေသခံ လူကြီး တစ်ဦးက ပြောပါတယ်။

ခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဂွမြို့နယ်ကို လာရောက်တာဟာ တချက်ခုတ် နှစ်ချက်ပြတ် ပုံစံမျိုးနဲ့ လာရောက်တာ ဖြစ်တယ်လို့ တရားရုံးရှေ့နေ (အငြိမ်းစား) ဦးတင်ညိုက ပြောပါတယ်။

“ သူက ဂွမြို့နယ်ကို လာရောက်တာက ဂွမြို့နယ် လူထုကို စည်းရုံးရေး အတွက် ဖြစ်တယ်လေ။ ဂွမှာက ကြားဖြတ်ရွှေးကောက်ပွဲအတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နေရာ တစ်ခု လစ်လပ်နေတယ်လေ။ ဒီအတွက် စည်းရုံးရေး ဆင်းတာမျိုး ဖြစ်ပါတယ်။ နောက်တစ်ချက် စီးပွားရေး လုပ်ငန်းရှင်တွေကို ခေါ်လာတာ ကတော့ ဂွမြို့နယ်က သာယာလှပတဲ့ ကမ်းသာယာကမ်းခြေမှာ အပန်းဖြေစခန်းလုပ်မယ့် ကိစ္စတွေလည်း ပါ၀င်နိုင်ပါတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ဂွမြို့နယ်မှ တဆင့် သံတွဲမြို့သို့ ယမန်နေ့ ညနေက ရောက်ရှိလာပြီး ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူသို့ ရောက်ရှိမည် ဖြစ်သည်။

မေလ (၁) ရက်နေ့တွင် ကျောက်ဖြူမြို့တွင် ကျင်းပနေသော ညီလာခံ နောက်ဆုံးနေ့တွင် ရခိုင်ပြည်နယ် အနာဂတ်အရေးနှင့် ပတ်သက်ပြီး အမှာစကား တက်ရောက် ပြောကြားသွားမည်ဟု သိရသည်။

Most read this week