၂၀၁၄ ဧပြီ ၂၄ ရက်တွင် ကျရောက်သည့် သျှမ်းပြည် တပ်မတော် ရွှေရတု (နှစ် ၅၀ ပြည့်) အခမ်း အနားသို့ တက်ရောက်သည့် လူထုနှင့် တပ်ထု ရထောင်ကျော် အား တန်းတူ အခွင့်အရေး ရသည့်အထိ အတိုက်ပွဲ ဝင်သွားမည်ဟု သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် ဥက္ကဌ ဒုဗိုလ် ချုပ်ကြီး ပန်ဖှက ပြောကြားလိုက် သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ နှစ် ၅၀ ပြည့်တပ်မွေးနေ့ အခမ်းအနား၌ သျှမ်းပြည်တိုး တက် ရေးပါတီ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးပန်ဖှ က -‘ကျနော်တို့ဟာ ရဟန်း ရှင်လူ မိဘ ပြည်သူ ထောက်ခံအားပေးလို့ ဒီခရီးရောက် လာခဲ့တယ်။ ဒါ့ကြောင့်ကျနော့်အနေနဲ့တပ်ထုတခုလုံး ကိုယ်စားပြောချင်တာက တန်းတူအခွင့်အရေးရတဲ့ အထိတိုက်ပွဲဝင်သွားမယ်။ အမျိုးဘာသာ၊ သာသနာ ကိုကျနော် တို့တွေရဲ့ အသက်သွေးချွေး နဲ့ရင်းပြီးခုခံကာကွယ်သွားမယ်။ ကျနော်တို့ ဘယ်သောအခါမှ သစ္စာမဖေါက်ပါဘူးလို့ ကတိစကားပြောကြားလိုပါတယ်” - ဟု မိန့်ခွန်း ပြောကြားသွားသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ နှစ် ၅၀ ပြည့်တပ်မွေးနေ့ အခမ်းအနားအား သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း ၌ ယနေ့နံနက် ၆.၃၀ နာရီမှ ၁၀.၃၀ နာရီ အထိ ကျင်းပခဲ့သည်။
ပျော်ပွဲရွှင်ပွဲ အခမ်းအနားကိုမူ ဧပြီ ၂၃ - ၂၅ အထိ သုံးရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် အပါအဝင် SNLD ပါတီဝင်များ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ်များ၊ သျှမ်းလွှတ်တော်အမတ်များ၊ အဲန်အယ်ဒီ ပါတီဝင်များ၊ သျှမ်းပြည်တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ၊ သျှမ်းပြည်နယ် မြို့နယ် ၃၀ ခန့်က လူထု၊ အသင်းအဖွဲ့ နှင့် စာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များတက်ရောက်ကြသည်။
ချီတက်စစ်သည်အင်အား ၁၅၀၀ ကျော်၊ အမည်စာရင်းသွင်းသည့် ပရိသတ် ၄၀၀၀ ကျော်၊အမည် စာရင်းမပေးပဲ ရောက်ရှိလာသည့် ပုဂ္ဂိုလ် ၂၀၀၀ ခန့် နှင့် သျှမ်းပြည်အထင်ကရဆရာတော်ကြီး အချို့ အပါအဝင် သံဃာတော် အပါး ၁၀၀ ခန့် တက်ရောက်သည်ဟုပွဲဖြစ်မြောက်ရေးကော်မ တီဝင် တဦးကပြောသည်။
သျှမ်းပြည်တပ်မတော် SSA ကို စဝ်ကွဏ်းဇိဏ်း ခေါင်းဆောင်သည့် SNUF နှင့် လုံးခွန်မဟာ ဦးဆောင် သည့် သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA တို့မှ ၁၉၆၄ ဧပြီလ ၂၄ ရက်၌ စတင်ထူထောင် ခဲ့သည်။
နောက်ပိုင်း ကျင်မီယန်း ခေါင်းဆောင်သည့် ကိုးကန့်တော်လှန်ရေးတပ်မတော် နှင့် ခွန်ဆာ ခေါင်း ဆောင်သည့် သျှမ်းပြည်ညီညွှတ်ရေးတပ်မတော် SUA တို့ ပူးပေါင်းပါဝင်လာခဲ့သည်။ သို့သော် မကြာမီ ကိုးကန့်တပ်ဖွဲ့နှင့် SUA တို့ ပြန်လည်နှုတ်ထွက်ခဲ့ကြသည်။
SSA ဖွဲ့စည်းထူထောင်စဉ် သျှမ်းပြည်တွင်း တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် စဝ်နွဲ့ ဆောယန္တ ခေါင်းဆောင်သည့် နွံစစ်ဟန်တပ်ဖွဲ့၊ စဝ်ငါးခမ်း ခေါင်းဆောင်သည့် သျှမ်းအမျိုးသားတပ်မတော် SNA နှင့် ဗိုလ်ဒေဝင် ဦးဆောင်သည့် သျှမ်းပြည်သူ့စစ်တပ် (တပျှူသို္ဒျး္ဒူ္မျးမိူငျးတဿး) တို့ မပါ၀င် ခဲ့ပေ။
စဝ်ဇန့်ယောင်ဟွေ့၏ အတ္ထုပတ္တိစာအုပ်ဖြစ်သော “ The Shan of Burma” စာအုပ်၌ “SSA ဖွဲ့စည်းထူ ထောင်စဉ် သျှမ်းပြည်တွင်း တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့ မပါဝင်ရခြင်းမှာ သျှမ်းပြည် လွတ်လပ်ရေး ရရှိရန် သေချာနေပြီဟု ထင်မြင်သည့်အတွက် တစ်ကြောင်း၊ နောက်မှလာသည့် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ့်နန်းဟိန်းခမ်း ဦးဆောင်ခြင်းကို ဘဝင်မကျခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်” ဟု ရေးသားထားသည်။
၁၉၉၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ကနေဒါနိုင်ငံသူ စာရေးဆရာမ Patricia Elliott ရေးသား ထားသည့် “The White Umbrella” ၌ SSA ဖွဲ့စည်းထူထောင်စဉ်က ဦးဆောင်ပါဝင်ခဲ့သည့် စဝ်မယ့်နန်းဟိန်းခမ်း၏ အတ္ထုပတ္တိကို ရေးသားထားသည်။
SSA ကို စတင်ထူထောင်စဉ်က စဝ်မယ့်နန်းဟိန်းခမ်းနှင့်အတူ တော်လှန်ရေး ခေါင်းဆောင် များဖြစ် သည့် စဝ်ကွဏ်းဇိဏ်း (SNUF)နှင့် စဝ်ဆိုင်စစ်(SNUF) ၊ စဝ်ဇန့်ယောင်ဟွေ (SSIA) ၊ ကျင်မီယန်း (ကိုးကန့်စော်ဘွား၏ညီ)တို့ ပါဝင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်များထဲမှ SSPP/SSA နာယက ဒု−ဗိုလ်ချုပ်ကြီးဆေထဲန့်သာ ယနေ့တိုင် သက်ရှိထင်ရှား ရှိနေသေးသည်။
နောက်ပိုင်း သျှမ်းပြည်တပ်မတော် SSA သည်ကွန်မြူနစ်ကို ထောက်ခံအားပေးသည့်အဖွဲ့နှင့် စဝ်ကွဏ်း ဇိဏ်း ခေါင်းဆောင်သည့် ကွန်မြူနစ်ကို ဆန့်ကျင်သည့်အဖွဲ့ဟူ၍ ၂ ဖွဲ့ ကွဲသွားခဲ့သည်။
ကွန်မြူနစ်စနစ်ကို အားပေးသည့်အဖွဲ့က လက်ရှိ ဒု−ဗိုလ်ချုပ်ကြီးပန်ဖှ ခေါင်းဆောင်သည့် SSPP/SSA ဖြစ်လာပြီး ကွန်မြူနစ်ကို ဆန့်ကျင်သည့်အဖွဲ့က ညီညွှတ်သော သျှမ်းတော်လှန်ရေး တပ်မတော် SURA ကို ထူထောင်ခဲ့သည်။ နောက်ပိုင်း SURA မှ လက်ရှိ ဒု−ဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်သည့် RCSS/SSA ဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ် သြဂတ်စ်လ် ၁၈ ရက် သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြေငြာပြီး နောက် ၂၀၁၁ နှစ်ကုန်ပိုင်းနှင့် ၂၀၁၂ နှစ်ဦးပိုင်းတို့၌ SSPP/SSA နှင့် RCSS/SSA တို့ နှစ်ဖွဲ့စလုံး အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြသည်။ သို့သော် ယနေ့တိုင် အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။