အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် လာမည့် လွှတ်တော်တွင် တင်ပြမည်ဟုဆို

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် လာမည့် လွှတ်တော်တွင် တင်ပြမည်ဟုဆို
by -
မဇ္စျိမ

နိုင်ငံလုံးဆိုင်ရာ အနိမ့်ဆုံးလုပ်ခလစာ စံသတ်မှတ်ချက် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လာမည့် ပြည်သူ့လွှတ် တော် ဒသမပုံမှန် အစည်းအဝေးတွင် အလုပ်ရှင်အလုပ်သမား လေ့လာစောင့်ကြည့်ရေးကော်မရှင်က တင် ပြသွားမည်ဖြစ်သည်ဟု ကော်မရှင်အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

“တစ်နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာနဲ့ အနိမ့်ဆုံး လုပ်ခလစာ မူတစ်ရပ်ဖြစ်လာမှ အခုဖြစ်နေတဲ့ အလုပ် သမား ပြဿနာတွေ ပြေလည်သွားနိုင်မှာပါ။ အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမားတွေနဲ့ ပတ် သက်ပြီး ဘာတွေလုပ်ဆောင်နေလဲဆိုတာ လည်း လေ့လာနေပါတယ်” ဟု ပြောသည်။

ကော်မရှင်အနေဖြင့် ဖွဲ့စည်းပြီး အလုပ်သမားနှင့် အလုပ်ရှင်များအကြား ပဋိ ပက်္ခများနှင့် မပြေလည်မှုများ၊ အငြင်းပွား မှုများကို ပူးပေါင်းဖြေရှင်းနိုင်မှု အားနည်း ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် အလုပ်ရှင်နှင့် အလုပ် သမားပြဿနာများကို စောင့်ကြည့် လေ့လာလျက်ရှိပြီး လာမည့်လွှတ်တော် အစည်းအဝေးတွင် အကောင်အထည်ဖော် တင်ပြ ဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်းင်းကဆိုသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေ ရှင်းရေး ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် ကိုရဲနိုင်ဝင်းက ““အနိမ့်ဆုံး လုပ်ခလစာ ပြဋ္ဌာန်းပေးရေးက မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲလေ။ ဒါပေမဲ့ လုပ်ငန်း ရှင်တွေဘက်ကရော အလုပ်သမားတွေ တကယ်ရပ်တည်လို့ရမယ့် လုပ်ခလစာကို တကယ်ရော ပေးနိုင်မှာလား။ ဒါက ပွင့် လင်းမြင်သာမှုရှိဖို့လိုတယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော အလုပ်ရှင် အလုပ်သမားပြဿနာများသည် အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အပြင် အလုပ်သမားအခွင့်အရေး၊ လူနေမှုစရိတ်မြင့်မားမှုတို့ကြောင့် ဖြစ်ပေါ်နေရပြီး အနိမ့်ဆုံး လုပ်ခလ စာ ပြဋ္ဌာန်းပြီးလျှင်လည်း လူနေမှု စရိတ်များ လျှော့ချပေးသင့်သည်ဟုလည်း ၎င်းက မဇ္ဈိမကိုပြောသည်။ “အနိမ့်ဆုံးလုပ်ခလစာက ထိုင်းနိုင်ငံ မှာတောင် တစ်နေ့လုပ်ခ ဘတ် ၃၀၀ ပေးတယ်။

မြန်မာနိုင်ငံအနေနဲ့ဆိုရင် အနိမ့်ဆုံးလုပ်ခလစာဆိုတာ တစ်နေ့အလုပ်ချိန် ၈ နာရီအတွင်းမှာ စားဝတ်နေ ရေးပြေလည်အောင် အခြေခံပြီး တိုးမြှင့်သင့်တယ်။ အထည်ချုပ်အလုပ်သမားတွေနဲ့ စက်မှုဇုန် အလုပ် သမားတွေအတွက် အနိမ့်ဆုံးလစာက တစ်လကို တစ်သိန်းလောက်တော့ဖြစ် သင့်တယ်” ဟု ကိုရဲနိုင် ၀င်းက ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး နှင့်ပတ်သက်ပြီး အနည်းဆုံးအခကြေးငွေ ဥပဒေကို၂၀၁၃ ခုနှစ် မတ် ၃၁ တွင် ပြဋ္ဌာန်းထားသော်လည်း နည်းဥပဒေကို ပြဋ္ဌာန်းရသေးခြင်းမရှိသည့်အပြင် အလုပ်သမားနှင့် အလုပ်ရှင်များအကြား ပြဿနာများလည်း ယနေ့အချိန်ထိ ပြေလည်မှုမရှိသေးပေ။

အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုး သားကော်မတီမှ အနိမ့်ဆုံးလုပ်ခ၊ လစာကို တစ်ရက် ကျပ် ၅,၇၀၀ သတ်မှတ်ပေးရန် အလုပ်သမားမိသားစုများကို မေးမြန်းကာ သုတေသနပြုလုပ် စာတမ်းထုတ်ပြန်ခဲ့သည်။ လုပ်ငန်းရှင်များဘက်မှလည်း အနည်းဆုံးလုပ်ခ၊ လစာကို တစ်ရက်လျှင် ကျပ် ၃,၀၀၀ မှ ကျပ် ၄,၀၀၀ အထိ သတ်မှတ်ပေးရန် ဆန္ဒရှိသည်ဟုလည်းလှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္ဈိမသို့ လွန်ခဲ့သည့်တစ်လခန့်က ပြောကြားခဲ့ဖူးသည်။

Most read this week