တောင်ကုတ်စျေးညစောင့်၏ သားနှင့်သမက် ကားတိုက်သေဆုံးမူ တရားမျှတမူ မရှိ၍ ပြည်ထဲရေး ၀န်ကြီးကို တိုင်မည်

တောင်ကုတ်စျေးညစောင့်၏ သားနှင့်သမက် ကားတိုက်သေဆုံးမူ တရားမျှတမူ မရှိ၍ ပြည်ထဲရေး ၀န်ကြီးကို တိုင်မည်
by -
နိရဥ္စရာ

Taungupရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သောကားတိုက်မူ တစ်ခုအတွင်း သားနှင့် သမက် သေဆုံးသွားခဲ့သော်လည်း တရားဥပဒေကြောင်းအရ မျှတမူ မရှိ၍ ပြည်ထဲရေး ၀န်ကြီးအား စာရေးတိုင်ကြား သွားမည်ဟု ဖခင်ဖြစ်သူ ဦးဘတင်က ပြောသည်။

၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်နေ့က တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာ အလိမ်ငါးဆင့် ဘုရားအနီးတွင် တောင်ကုတ်မြို့ စျေးညစောင့် ဦးဘတင်၏ သားဖြစ်သူ မောင်ဇော်မင်း (၂၅) နှစ်နှင့် ၎င်း၏ သမက်ဖြစ်သူ စိုးမင်းသူ (၂၄) နှစ်တို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ဦးစိန်ဆင့်ပိုင် မောင်ဖြူ မောင်းနှင်လာသော ထော်လာဂျီနှင့် တိုက်မူ ဖြစ်ပွားခဲ့သည်။

၎င်းယာဉ်တိုက်မူတွင် ဦးဘတင်၏ သမက်ဖြစ်သူ စိုးမင်းသူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သားဖြစ်သူ မောင်ဇော်မင်းမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်မြို့ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။

မောင်ဇော်မင်းမှာလည်း ယင်းဒဏ်ရာဖြင့် တစ်လအကြာ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင်ပင် ရန်ကုန်မြို့ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် ဦးဘတင်မှ ဥပဒေကြောင်းအရ ရဲစခန်းတွင် ထော်လာဂျီပိုင်ရှင် ဦးစိန်ဆင့်နှင့် ထော်လာဂျီမောင်းသူ ဦးမောင်ဖြူအား အမူဖွင့်တိုင်ကြားခဲ့သည်ဟု သူက ဆိုသည်။

သို့သော်လည်း တောင်ကုတ်ရဲစခန်းမှ ဦးစိန်ဆင့်မှာ “ ဘာအပြစ်ရှိလဲ” ဟု ဆိုကာ ဦးစိန်ဆင့်အား တရားစွဲမူကို ပယ်ချခဲ့သည်ဟု ဦးဘတင်က ဆိုသည်။

“ ကျနော်က ဥပဒေကြောင်းအရ မျှမျှတတ ဖြစ်စေလိုပါတယ်။ ထော်လာဂျီပိုင်ရှင် ဦးစိန်ဆင့်ကို ကျနော်သိလည်း မသိ၊ မြင်လည်း မမြင်ဖူးပါ။ ဒါပေမယ့် ကျနော်မှာ သားတစ်ဦးနဲ့ သမက် တစ်ဦး သေဆုံးသွားတဲ့အတွက် ဥပဒေကြောင်းအရရော အရေးယူဆောင်ရွက်ပေးဖို့ လိုလားသလို၊ လူမူရေး အရရော နစ်နာကြေးလိုချင်ပါတယ်။ အခု ဘာမှ ဖြေရှင်း ဆောင်ရွက်ပေးတာ မရှိတဲ့ အတွက် ပြည်ထဲရေး ၀န်ကြီးကို စာရေးတိုင်ကြားသွားပါမယ်”  ဟု သူက ဆိုသည်။

ယာဉ်တိုက်မူ ဖြစ်ပွားရာတွင် ပါ၀င်သူ ထော်လာဂျီမောင်းသူ ဦးမောင်ဖြူမှာလည်း ဖမ်းဆီးမခံရသည့် အပြင် အိမ်ကိုရောင်းပြီင်္းအခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်ဟုဆိုသည်။

တောင်ကုတ်မြို့မှ အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးကမူ “ ဒီအမူကို ငွေကြေးနဲ့ ဖုံးဖိထားတဲ့ အနေအထားမှာ ရှိပါတယ်” ဟု သုံးသပ် ပြောဆိုသည်။

Most read this week