ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေတွင် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များနှင့် ပတ်သက် သည့် အကြံပြု ချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက တောင်းခံထားရာ သတင်းမီဒီယာအဖွဲ့ ခုနစ်ဖွဲ့ထံ မှ အကြံပြု ချက်များ ရရှိထားသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေး မှူး ဦးအောင်ကျော်ဦးက ပြောသည်။
သတင်းမီဒီယာ အဖွဲ့များထံမှ ပေးပို့လာသည့် အဆိုပါအကြံပြုချက်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးထံ ဧပြီလ ၂၄ ရက်တွင် တင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအဝင် အခြားသတင်းမီဒီယာအဖွဲ့ ရ ဖွဲ့ ထံမှ အကြံပြုချက်များ ရရှိထားခြင်း ဖြစ်သည်။
ဦးအောင်ကျော်ဦးက “ပြည်ထောင်စု ၀န်ကြီးထံ တင်ပြပြီးရင်လဲ (အကြံပြုချက်များ) မီဒီယာအဖွဲ့တွေအား လုံးနဲ့ ပြန်တွေ့ပြီး ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်မှာပါ” ဟု ပြောသည်။
ယင်းသို့ သတင်းမီဒီယာအဖွဲ့များ၏ အကြံပြုချက်များအပြင် နည်းဥပဒေရေးဆွဲရာတွင် ပါ၀င်သည့် တရား လွှတ်တော်ရှေ့နေများ၊ ပြည်ပမှ မီဒီယာအဖွဲ့စည်းအချို့၏ အကြံပြုချက်များဖြင့် ထပ်မံဖြည့်စွက်ရေးဆွဲနေ ပြီ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ၏ အကြံပြု ဖြည့်စွက်ချက်တွင် “ထုတ်ဝေခြင်း အသိအမှတ်ပြု လက် မှတ်”၊ စည်းကမ်းချက်များတွင်ပါ၀င်သည့်“ထုတ်ဝေခွင့် အသိအမှတ်ပြု လက်မှတ်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်”၊“လုပ်ငန်းကို သုံးလတစ်ဆက်တည်း လုပ်ကိုင်ခြင်း မရှိပါက ထုတ်ဝေခွင့် ပြန်လည် ရုပ်သိမ်းမည်” ဟူသည့် အချက်ကို ပြင်ဆင်ပေးရန် အချက်နှင့် အခြားအချက်များကို အကြံပြုတင် ပြထားပြီး မြန်မာနိုင်ငံသတင်း စာဆရာများအသင်း (MJA)ကလည်း ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားသူရာတွင် ပုံနှိပ်စက်အမျိုးအစား သတ်မှတ်ချက်များကို ပြင်ဆင်ပေးရန်အချက်များ ကို အကြံပြုထားသည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။
အကြံပြုချက်များကို ပြင်ဆင်ဖြည့်စွက်ထားခြင်းနှင့် ပတ်သက်၍ ဦးအောင်ကျော်ဦးက “ကျွန်တော်တို့ မသိ သေးတဲ့ ပုံနှိပ်စက် အမျိုးအစားကောင်းတွေကို အကြံပြုထားတာ တွေ့ရတယ်။ အကြံပြုချက်တွေထဲက ကောင်းတဲ့အချက် တော်တော်များများကို ဖြည့်စွက် ရေးဆွဲထားပါတယ်” ဟု ဆိုသည်။
MJA အဖွဲ့ဝင် ဦးသီဟစောက“လုပ်ငန်းလိုင်စင်ကို ခရိုင်အထိ သွားတင်ရမယ်ဆိုတာက လုပ်ပိုင်ခွင့်က ပြန်ကြားရေး လက်ထဲမှာပဲ ရှိနေသေးတယ်။ ပြန်ကြားရေးကတင်တဲ့ နည်းဥပဒေဖြစ်တဲ့အတွက် လွှတ် တော်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်” ဟု နည်းဥပဒေနှင့် ပတ်သက်ပြီး ပြောသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ် ၄ ရက်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတက ဆက်လက်အတည်ပြု လက်မှတ်ရေးထိုးရန် ပေးပို့ထားပြီး ဖြစ်သည်။ နည်းဥပ ဒေကို ဆက်လက်ရေးဆွဲနေပြီး ၂၀၁၄ ခုနှစ်အတွင်း ဇွန်လတွင် အတည်ပြုနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း နည်းဥပဒေ မထွက်မချင်း ထုတ်ဝေရန် လျှောက်ထားဆဲဖြစ်သည့် စာစောင် ၃၀ ကို ထုတ်ဝေခွင့် ဆိုင်းငံ့ထားပြီး ကြန့်ကြာမှု မရှိစေရန် နောက်ပိုင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည်ဟုလည်း ဦးအောင်ကျော်ဦးက ဆိုသည်။