တရုတ် သတ္တု တင်ကား များကြောင့် ဒေသတွင်း လမ်းမကြီး နှင့် လမ်းသွယ်များ ပျက်စီး

တရုတ် သတ္တု တင်ကား များကြောင့် ဒေသတွင်း လမ်းမကြီး နှင့် လမ်းသွယ်များ ပျက်စီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ၊ တရုတ် - မြန်မာနယ်စပ် နမ့်ခမ်းမြို့တွင် တရုတ် ပြည်သားပိုင် သတ္တုကျောက် တင် ကားများမှ တန်ပိုတင် စည်းကမ်းမဲ့ မောင်းနှင် မှုကြောင့် ဒေသတွင်း လမ်းမကြီး နှင့်လမ်း သွယ်များ ပျက်စီးနေ သည်ဟု ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံသား များသာမောင်းနှင်သော တရုတ်လိုင်စင်ရှိ အဆိုပါ ကားကြီးများသည် နမ့်ခမ်းမြို့ နယ် အတွင်း ထွက်သော သတ္တုကျောက်များကို တန်ချိန်ပို တင်ဆောင်ကာ နေ့ညမပြတ် တရုတ်နိုင်ငံသို့ ပို့ဆောင်နေမှု ကြောင့် ဒေသတွင်းရှိ လမ်းများတနေ့ထက်တနေ့ ပျက်စီးလာကြောင်း နမ့်ခမ်းမြို့ ဒေသခံ လုင်းအေး ကဆိုသည်။

chinese car in numkham

“သတ္တုကျောက်တင်ကားတွေ တစ်နေ့ တစ်နေ့ တရုတ်ဘက်ကို ကားအစီးရေ ၅၀ ထက်မနဲ ပို့နေတယ်။ နယ်စပ်ကူးတို့ဆိပ်ကနေပို့တာ။ ခု မိုးတောင် မရွာသေးပဲ လမ်းတွေက ရေလိုင်းတွေ  ချိုင့်ခွက်တွေဖြစ် နေတာ။ မိုးများရွာလာရင်တော့ ပိုပျက်စီးဦးမှာပဲ” ဟု ၄င်းက ပြောသည်။

သတ္တုကျောက် တန်ချိန်ပို တင်ဆောင်သော တရုတ်ကားတစ်စီးသည် ယမန်နေ့ ညနေ ၅းဝဝ နာရီ အချိန် တွင် နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက် ပြည်ထောင်စုလမ်းမ ပေါ်တွင်  လမ်းမ ချိုင့်ခွက်ထဲ ကားဘီး ကျွံရာ (၃) နာရီကြာ လမ်းကြော ပိတ်ဆို့မှုဖြစ်ခဲ့သေးသည်ဟု ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံ စိုင်းအိုက်ဦးကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်မှလည်း  အရေးယူခြင်းမရှိသည့် အပြင် အဆိုပါ တရုတ်ပြည်သား ပိုင် ကားကို ဝိုင်းဝန်းကူညီနေသည်ကိုတွေ့ရကြောင်း  စိုင်းအိုက်ဦးက ပြောသည်။

“ အဲတရုတ်ပြည် ပိုင် ကားတွေ ကျနော်တို့ မြန်မာဘက်ခြမ်းက ရသမျှ အကုန် သယ်ထုတ် နေကြတာ၊ ကျနော်တို့ မြန်မာဘက်ခြမ်းကကားတွေ သူတို့  ဘက်ခြမ်းမှာ အဲလိုသွားလုပ်လို့ မရဘူးဗျ၊ သူတို့ပြည် ထဲ ၀င်မောင်းမယ်ဆိုရင် အနည်းဆုံးတရုတ်ငွေ သောင်းဂဏန်း (မြန်မာကျပ် သိန်း ၂၀ ) လောက် ပေါင်ပြီးမှ မောင်းနှင်ခွင့်ရတာ၊ ခု သူတို့ လုပ်ရပ် က တရားမျှတမှုရှိမှရှိရဲ့လား ဆိုတာ သမ္မတကြီး ကို သိစေချင်တယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါ တရုတ်ပြည်ပိုင် သတ္တုကျောက်တင်ကားများသည် မြန်မာပြည်သားပိုင်ငွေကမ္ဘာကျော်၊ စိန်ဗဒေသာ ၊မြန်မာ့မြှားဦး စသော သတ္တုတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီ ကြီး များနှင့် ဖက်စပ်အကျိုးတူလုပ်ကိုင် နေ ကြောင်း ဒေသခံများထံမှသိရသည်။

Most read this week