ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် တည်ဆဲဥပဒေအရဟုဆိုကာ စာနယ်ဇင်း ထုတ်ဝေခွင့် ပိတ်ခံရနိုင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း နည်းဥပဒေမူကြမ်းအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN ) က ပြင်ဆင်ချက်ခုနစ်ချက် ပြင်ဆင်သုံးသပ်ထားပြီး ကွန်ရက်ဝင်များက ဧပြီ လ ၉ ရက်တွင် ပြန်လည်အကြံပြုရန် ဧပြီ ရ ရက်က ဆွေးနွေးခဲ့ကြသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်က ပြင်ဆင်ရန် တွေ့ရှိချက်များတွင် နည်းဥပဒေ အခန်း(၂) ပုဒ်မ-၃တွင် “လုပ် ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်းမဆောင်ရွက်မီ ခရိုင်ရုံးမှတစ်ဆင့် ၀န်ကြီးဌာနသို့ အသိအမှတ်ပြု လက် မှတ်ရရှိရန် တင်ပြရမည်”ဟု ပါရှိသည်ကို “မှတ်ပုံတင်ထုတ်ပေးမည့်ဌာနသို့ တိုက်ရိုက်လျှောက်ထားရမည်” ဟု ပြင်ဆင်ရန်နှင့် လက်ရှိနည်းဥပဒေကြမ်းပါ အချက်သည် တိုင်းရင်းသားဘာသာစကားများဖြင့် လုပ်ကိုင်မည့်လုပ်ငန်းများအတွက် ကန့်သက်ရာ ရောက်သည့်အတွက် ပုဒ်မ-၅ အပိုဒ်ခွဲ (က)/၅တွင် "လုပ်ငန်း အမည်နှင့် တံဆိပ်အမှတ်အသားတို့ကို လွတ်လပ်စွာ ဖော်ပြခွင့်ပြုရန်”ဟု ပြင်ဆင်ချက်ပို့သွားမည်ဖြစ် ကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။
နည်းဥပဒေပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့်မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ကိုဇေယျာလှိုင်က “တည််ဆဲဥပဒေတစ်ရပ်ရပ်အရ လုပ်ငန်းသိမ်းခံရခြင်းလို့ နည်းဥပဒေမှာ ရေးဆွဲထားတယ်။ ဒီထုတ်ဝေတဲ့သူက ဥပဒေတစ်ရပ်ရပ်အရ အဖမ်းခံရရင် သူ့ သတင်းစာက ရပ်သွားရမလား အဓိပ္ပာယ် မရှိတာ။ အယ်ဒီတာအဖမ်းခံရလို့ သတင်းစာကို ပိတ်မယ်ဆို မတရားဘူး။ တခြားသူက ဆက်ထုတ်ရမှာပဲလေ”ဟုပြောသည်။
ထို့ပြင် ပုဒ်မ-၅ အပိုဒ်ခွဲ(က) /၆(ဂ)အပိုဒ်ခွဲ-၁တွင် “ရင်းနှီးမြှုပ်နှံမှုအခြေအနေ” ဆိုသည့် စကားရပ်ကို တိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုပေးရန်နှင့် ပုဒ်မ-၁၂ အပိုဒ်ခွဲ(က)မှ အပိုဒ်ခွဲ(၁)နှင့် (၃) ကို ထုတ်ပယ်ရန်နှင့် ၎င်းပုဒ်မ-၁၂ တွင် အပိုဒ်ခွဲ(ဃ)အဖြစ် “အသိမှတ်ပြုလက်မှတ်ရရှိသူ သေဆုံးပါက သတ်မှတ်ကာလ တစ်ခု အတွင်း အမည်လွှဲပြောင်းနိုင်ရန်” ခွင့်ပြုပေးရန်၊ အခန်း(၃) ကို ပယ်ဖျက်ရန်၊ အခန်း(၄) ပုဒ်မ ၂၁တွင် ပုံနှိပ်တိုက်အမည် ထည့်သွင်းပေးနိုင်လျှင် လုံလောက်ပြီဖြစ်သောကြောင့် ပုံနှိပ်သူအမည်၊ အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးရန်ကိုလည်း အကြံပြုတင်ပြနိုင်ရန် ကွန်ရက်ဝင်များ၏ အကြံပြုချက်များပါ ရယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
နည်းဥပဒေအခန်း(၃)ကို ပယ်ဖျက်ရခြင်းသည် စာပေစိစစ်ရေးဖျက်သိမ်းပြီး နောက်ကျင့်သုံးသည့် ထုတ်/တင်စနစ် ပုံစံဖြစ်နေပြီး နေ့စဉ်ထုတ်သတင်းစာ ထုတ်သူများအတွက် နေ့စဉ်အလုပ်ပိုများလုပ်ရမည့် ၀န်ထုပ်ဝန်ပိုးများနှင့် ကုန်ကျစရိတ်များပါရှိလာနိုင်ပြီး ၀န်ကြီးဌာနအနေဖြင့် စာကြည့်တိုက်များအတွက် စာအုပ်စာတမ်းများ ၀ယ်ယူနိုင်ရန် နိုင်ငံတော်မှ ဘတ်ဂျက်တောင်းခံထားပြီးဖြစ်သဖြင့် ပယ်ဖျက်ပေးရန် အကြံပြုသွား မည်ဖြစ်သည်။
အဆိုပါအကြံပြုချက်များကို ပြည်လည်ဆွေးနွေးသုံးသပ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနသို့ ဧပြီ ၁၁ ရက်တွင် တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။