ရခိုင်ပြည်နယ် မြို့နယ်လူငယ်ကွန်ယက်တို့၏ လူပ်ရှားမူ စတင်

ရခိုင်ပြည်နယ် မြို့နယ်လူငယ်ကွန်ယက်တို့၏ လူပ်ရှားမူ စတင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ မြို့နယ်အတော်များများတွင် လူငယ်များ ဦးစီးတည်ထောင်ထားသော လူငယ်ကွန်ယက် အဖွဲ့များ၏ လူပ်ရှားမူများကို ဧပြီလ ၆ ရက်နေ့က စတင်ခဲ့ကြောင်း သတင်းရရှိသည်။

narinjara 0804201401

သူတို့ လူပ်ရှားမူမှာ လူငယ်ကွန်ယက် အဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့နေထိုင်ရာ မြို့များတွင် စုပေါင်း  အမှိုက်များ ကောက်ပြီး မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများကို ပထမဆုံး လုပ်ကိုင်ခဲ့ကြဖြစ်သည်။

“ ဒီလို လူငယ်တွေက အမိူက်တွေ၊ ပလစ်စတစ်တွေကို ကောက်ပြီး သန့်ရှင်းရေး လုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အခုလို လူငယ်တွေ ပရဟိတ လုပ်ငန်းတွေမှာ စိတ်ဝင်တစားနဲ့ လုပ်လာကြတာကို မြင်တော့ အရမ်းအံ့သြမိပါတယ်။ ၀မ်းလည်းသာပါတယ်။ အားလည်း ပေးပါတယ်” ဟု မင်းပြားမြို့သူ မနုနုစိန်က ပြောသည်။

ယင်းလူပ်ရှားမူကို ရခိုင်ပြည်နယ်မှ မင်းပြားမြို့တွင်သာမက  ရသေ့တောင် ၊ မြေပုံ ၊ ရမ်းဗြဲ နှင့် တခြားမြို့ အချို့တွင်လည်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရသည်။

မင်းပြားမြို့တွင် လူငယ်ကွန်ယက် အဖွဲ့ဝင်များက ဓမ္မာရုံ နှင့် ၎င်းအနီးပတ်ဝန်းကျင်အား သန့်ရှင်းရေး လုပ်ခဲ့ကြကြောင်း၊ ကိုယ့်မြို့ကိုယ်ရွာ သာယာလှပေစလိုသည့် လူငယ်များ၏ ပထမဆုံး လူပ်ရှားမူ ခြေလှမ်းဖြစ်ကြောင်း မင်းပြား လူငယ်ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဥ္စရာကို ပြောသည်။

”ကျမတို့တွေက ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းသာယာ လှပတိုးတက်ဖို့တွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျမတို့လူငယ်တွေမှာလည်း ပိုပြီး တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ် မြို့အတော်များများမှာလည်း ခုလို ပြုလုပ်ကြတယ်လို့ ကျမတို့ကြားရပါတယ်။ ဝမ်းလည်းသာ ပါတယ်။ နောက်ဆိုလည်း ဒီထက်အများကြီး လူငယ်တွေ ပူးပေါင်း ကြိုးစားဆောင်ရွက်သွားမှာပါ။ တစ်ပြည်နယ်လုံးက လူငယ်ကွန်ယက်တွေနဲ့လည်း ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ ” ဟု သူမက ဆိုသည်။

ရသေ့တောင်မြို့တွင် ရသေ့တောင် လူငယ်ကွန်ယက်မှ ဦးစီးပြီး စေတီတောင် ဘုရားတောင်ခြေရင်းမှ မြို့မစျေးထိ အမိူက်များကို ကောက်ပြီး သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

၎င်းလူပ်ရှားမူကို ညနေ ၅ နာရီ မှ ရ နာရီခွဲခန့်ထိပြုလုပ်ခဲ့ကြသည်ဟု ရသေ့တောင်လူငယ်ကွန်ယက်မှ ကိုသိန်းသိန်း ကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ထိမြောက်ဦးမြို့တွင် ကျင်းပခဲ့သည်။ ယင်းမှတစ်ဆင့် ပြည်နယ်ကိုယ်စားပြု ၁၇ မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်ပြီး မော်လမြိုင်မြို့ တွင် ကျင်းပသည့် မြန်မာလူငယ်ဖိုရမ် သို့ စေလွှတ်ကာ ဒေသတိုးတက်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ယင်းနောက်ပိုင်း ကိုယ်မြို့ကိုယ်ရွာ၊ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် မြို့နယ် အသီးသီးမှ ရခိုင် လူငယ် မောင်မယ်များက စုပေါင်းပြီး ညီညီညွှတ်ညွှတ်ဖြင့် အားတက်သရော လူပ်ရှားလာကြခြင်း ဖြစ်သည်။

Most read this week