သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ အစိုးရစစ်ယာဉ်တန်းများ ယမန်နေ့ည ကစပြီး ယနေ့ထိ ကချင် ပြည်နယ် ဗန်းမော် ဘက်သို့ ဦးတည် တက်သွား ကြောင်းမျက်မြင် ဒေသခံများ က ပြောသည်။
အဆိုပါစစ်ယာဉ်တန်းများသည် တစ်စီးလျှင် စစ်သား ၁၅ ဦးထက်မနဲတင်ဆောင်သွားကြောင်း၊ တစ်ချို့ စစ်ကားမှာ လက်နက်ခဲယမ်း၊ ဆန် နှင့် ဆီပေပါ တို့တင်ဆောင်ထားသည်ကိုတွေ့ရကြောင်း နမ့်ခမ်းမြို့ခံ လုံးစိုင်းအိုက် ကဆိုသည်။
“ဗမာစစ်သားတွေလေ မနေ့ည ၁၀:၃၀ နာရီကတည်း က ကားနဲ့ ၁၆ စီးလူအပြည့် ဆင်းသွားတယ်၊ ဒီနေ့ မွန်းတည့် ၁၂:၃၀ နာရီ နဲ့ ၁:ဝဝနာရီ ကြားမှာလည်း လူအပြည့်နဲ့ပဲ ၄၁ စီး ကချင်ပြည်ဘက်ကို ဆင်းသွား ကြတယ်” ဟု ၄င်းကပြောသည်။
ကချင်ပြည်နယ်ဘက်သို့ ဆင်းသွားသော မြန်မာအစိုးရစစ်သားများသည် တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း မျက်မြင် ဒေသခံ နန်းဆွဲ့ ကဆိုသည်။ ၄င်းတပ်မ ၈၈ ဖြစ်ကြောင်းကို သျှမ်းသံတော်ဆင့်မှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
နမ့်ခမ်းမြို့မှ ကချင်နယ်စပ်ဘက်သို့ တက်သွားသည့်အစိုးရတပ်မတော်၏ စစ်ယာဉ်တန်းများ သတင်းရေးသား နေချိန် (၁၃ : ၃၃ နာရီအထိ) တွင် မြန်မာအစိုးရစစ်ကား အစီး (၃၀) ထက်မနဲ မူစယ် ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ရောက်ရှိနေကြောင်း ဒေသတွင်းကားဆရာများထံမှ သိရှိရ သည်။
ဒေသတွင်းလူထုကမူ - သန်းခေါင်စာရင်းကောက်ယူရန် ကချင်လက်နက်ကိုင်တပ်ဖွဲ့များမှ ဝင်ခွင့်တား မြစ်ထားသည့်အပေါ် ထိုကဲ့သို့ စစ်တပ်မှစစ်အင်အားဖြည့်တင်း ခြင်းဖြစ်ကြောင်း- ပြောဆိုနေကြပါသည်။ ၎င်းနှင့်ပတ်သက်၍လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရသေးပေ။
သျှမ်းပြည်တောင်ပိုင်း ရလခ တိုင်းအခြေစိုက် ခိုလမ်မြို့နယ်ခွဲမှ စစ်ကား ၁၀ စီးထက်မနည်းသည်လည်း ယနေ့နေ့ခင်းပိုင်းက ကွန်ဟိန်းဘက်သို့ တက်သွားသည်ကိုတွေ့ရကြောင်း ဒေသခံများသတင်းပေးပို့ ချက်အရသိရသည်။