တပ်မတော်မှ ဗိုလ်ချုပ်ကြီးနှင့်အဖွဲ့ မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ

တပ်မတော်မှ ဗိုလ်ချုပ်ကြီးနှင့်အဖွဲ့ မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ
by -
နိရဥ္စရာ

မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအဝင် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ် ဖြတ်ခံခဲ့ ရသည်။

အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ သက်လူမျိုး ဦးထွန်းအောင်စိန်(၄၉) နှစ် (ဘ) ဦးထွန်းဇံ ဖြစ်ကြောင်း  မောင်တောမြို့ လေးမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးမှ နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သတ်ဖြတ်သွားတာက ဘင်္ဂလီတွေပါ။ လည်လှီးပြီး သတ်သွားပါတယ်။ သူက သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ နွားကျောင်း၊ ရေလောင်း၊ ပေါင်းမြက်တွေကို နုတ်နေစဉ်မှာ ၀င်ရောက် သတ်ဖြတ်သွားတာပါ” ဟု ဆိုသည်။

အခင်း ဖြစ်ပွားရာ နေရာမှာ မကျည်းကုန်းကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဖြစ်ကြောင်း၊ သုံးမိုင် လုံထိန်းရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်ခြားသော နေရာတွင် ဖြစ်ကြောင်း၊ မတ်လ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ အဲဒီနေ့က နိုင်ငံတော်က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တို့ မောင်တောမြို့ကို ရောက်ရှိနေပြီး ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီနေ့မှာ သတ်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးကပြောသည်။

သတ်ဖြတ်သွားသူများမှာ ယခုအချိန်ထိ လွှတ်မြောက်နေသဖြင့် လုံခြံုရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ရှာဖွေနေသည်ဟု ဦးလှမိုးက ဆက်ပြောသည်။

“ တရားခံတွေကို မမိသေးပါဘူးခင်ဗျား။ ရဲတပ်ရင်း (၂) နဲ့ အမှတ် (၅၆၁) တပ်ရင်းက အခု သူတို့ကို ရှာဖွေနေပါတယ်။ လောလောဆယ်တော့ ဖမ်းမိတဲ့ အသံ မကြားရသေးပါဘူး” ဟု သူက ဆက်ဆိုသည်။

ဦးထွန်းအောင်စိန်သည် ယခင်သွားနေကျ အတိုင်း ၎င်းနေ့နံနက်က သူ့၏ တောင်ယာစိုက်ခင်းသို့ ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း နေ့လယ် ထမင်းစားချိန်ထိ ပြန်မရောက်လာသဖြင့် သမီးဖြစ်သူ နှစ်ဦးမှ လိုက်လံရှာဖွေရန် သွားစဉ် ယာခင်းထဲတွင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သူ့၏ အလောင်းအနီးမှ ပလပ်စတစ် အပြာရောင်ဖြင့် ရစ်ပတ် ချည်နှောင်ထားသော ဘင်္ဂလာဒေချ့်နိုင်ငံ ငွေစက္ကူ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် တစ်ရွက်၊ သွေးစွန်းနေသော စိမ်းပြာရောင် ယောင်္ကျားဝတ် လက်ရှည် အကျင်္ီတစ်ထည်၊ ယင်းအကျီ်အိတ်ထဲမှ ဗလီတက်စဉ် အသုံးပြုသည့် ဦးထုပ် အဖြူရောင် တစ်လုံး၊ လူသေအလောင်း ၉ ပေခန့်အကွာတွင် ဘင်္ဂလာဒေချ့်နိုင်ငံထုတ်စီကရက် အပိုင်းတစ်ခုကို တွေ့ရသည်ဟု သိရသည်။

မောင်တောမြို့မှ ရဲစခန်းမှ ရဲအုပ်ကံလှက ၎င်းရဲစခန်းတွင်ပင် သေမူသေခင်း အမှတ်  (ပ) ၅၆/ ၂၀၁၄  ဖြင့် ယခုအခါ အမူဖွင့်ထားသည်ဟု သတင်း ရရှိသည်။

Most read this week