အမေရိကန်သူသာသနာ့အလံမဖွယ်မရာပြုလုပ်မူနှင့်ကွန်ကရက်တောင်းဆိုမှုတိုက်ဆိုင်နေ

အမေရိကန်သူသာသနာ့အလံမဖွယ်မရာပြုလုပ်မူနှင့်ကွန်ကရက်တောင်းဆိုမှုတိုက်ဆိုင်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှအမေရိကန်နိုင်ငံသူ တစ်ဦးက ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာ အလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မီတီအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာရပ်တန့်ရန် တောင်းဆိုမှုနှင့် တိုက်ဆိုင်နေသည်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ရိုဟင်ဂျာများ ခွဲခြားဆက်ဆံ ခံနေရသည့်အတွက် ဖိနှိပ်မူများ အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်။

၎င်းအဆိုအား အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လွှတ်တော် အမတ်နှင့် လွှတ်တော် နိုင်ငံခြားရေး ကော်မီတီ ဥက္ကဌ Ed Royce မှ တင်သွင်းခဲ့ပြီး ဘင်္ဂလီ ရိုဟင်ဂျာဆိုသူများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးရန် မြန်မာအစိုးရအပေါ် တောင်းဆိုခဲ့ကြသည်။

သို့ရာတွင် မြန်မာအစိုးရဘက်မှ ၎င်းတောင်းဆိုမူအား ပယ်ချခဲ့သည်။

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ထိုသို့ တောင်းဆိုခဲ့ပြီး နောက်တစ်နေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့တွင် ရုံးစိုက်ပြီး လူမူရေး အကူအညီများ ဆောင်ရွက်နေသော မာတေဇာ အန်ဂျီအိုတွင် တာဝန် ထမ်းဆောင်နေသူ အမေရိကန်နိုင်ငံသူ တစ်ဦးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သာသနာအလံအား မည်မျှ အလေးအမြတ်ထားကြောင်းကို သူမအနေဖြင့် သိရှိပုံ မရဘဲ မနေကြောင်း၊  ယခုလို အထိအခိုက် မခံနိုင်သော အခြေအနေမျိုးတွင်၎င်းအမျိုး သမီးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူမှာ အထူး စဉ်းစားစရာ ဖြစ်နေကြောင်း သုံးသပ်သူများက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဖြစ်စဉ်တိုင်းလိုလိုအား အသေအချာ လေ့လာဆန်းစစ်ကြည့်ပါက နောက်ကွယ်မှ  စနစ်တကျ အစီအမံများဖြင့် အကွက်ကျကျ ဖန်တီးမူများ ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သဖြင့် သက်ဆိုင်ရာအာဏာပိုင် များ နှင့် ရခိုင်နိုင်ငံရေး ပါတီများ အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို အထူး သတိထား စောင့်ကြည့်ရန် လိုအပ်လှကြောင်း အများကသုံးသပ် ပြောဆိုနေကြသည်။

Most read this week