မောင်တော- ဘူးသီးတောင်တွင် အရွယ်မရောက်သေးအိမ်ထောင်ပြုသူများပြား

မောင်တော- ဘူးသီးတောင်တွင် အရွယ်မရောက်သေးအိမ်ထောင်ပြုသူများပြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း ဒေသများတွင် နေထို်င်သော ဘင်္ဂလီ ကျေးရွာများတွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူ အလွန် များပြားနေသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် တာဝန်ယူခဲ့သော နစက တပ်ဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းတွင် အိမ်ထောင်ပြုခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းချုပ်မူ မရှိတော့သဖြင့် အသက်မပြည့်သူ အိမ်ထောင်ပြုသူ များ အလွန်များပြားနေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အသက် ၁၃ နှစ် ၁၄ ဆိုရင်လည်း ယူတာပါဘဲ။ နေ့တိုင်း နေ့တိုင်း မင်္ဂလာဆောင်က ရွာတိုင်းမှာ ရှိတယ်။ ကျွန်တော်တို့ သိရသလောက် နောင်ဆိုရင် ဘယ်လို စည်းကမ်းတွေ အစိုးရက ထုတ်လာမယ်ဆိုတာကို မသိရတဲ့ အတွက် အခွင့်အရေး ရတဲ့ အချိန်မှာ အသက်ပြည့်တာရော၊ အသက်မပြည့်တာရော အိမ်ထောင်ပြုနေကြတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ ပတ်ဝန်းကျင်ရှိ ဘင်္ဂလီကျေးရွာများတွင်လည်းအိမ်ထောင်ပြု မူ နုန်း အထူးမြင့်တက်နေပြီး တစ်နေ့ တစ်နေ့ကို စျေးဆိုင်များတွင် အိမ်ထောင်ပြုရန် ပစ္စည်းလာဝယ်သူ ဆယ်ဂဏန်းနှင့် ချီပြီး ရှိနေသည်ဟု သိရသည်။

“ အိမ်ထောင်ပြုတာက ဘင်္ဂလီရွာတွေမှာနေ့တိုင်းပါဘဲ။ အိမ်ထောင်ပြုဖို့ လာဝယ်တဲ့သူတွေက အထူးများပြား နေပါတယ်။ ဒီင်္အထဲမှာ  အသက်အရွယ် မပြည့်တဲ့ မိန်းခလေးတွေ အများကြီးပါတယ်လို့ သိရပါတယ်။ ဘယ်သူ့ကမှ သွားရောက်စစ်ဆေးတာ မရှိတဲ့ အတွက် တံခါးမရှိ ဓါးမရှိ ဖြစ်နေကြပါတယ်” ဟု စေတီပြင်ကျေးရွာ ရွာသား တစ်ဦးက ပြောသည်။

အိမ်ထောင်ပြုသူများကို နောက်ကွယ်မှ ငွေကြေး ထောက်ပံ့နေသော အဖွဲ့အစည်းများလည်းရှိကြောင်း၊ သို့အတွက် အိမ်ထောင်ပြုသူ အရေအတွက်မှာ အထူးများပြားနေကြောင်းသူက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး တစ်ဦးအနေဖြင့် အသက် ၁၈ နှစ် မပြည့်ဘဲ အိမ်ထောင်မပြုရဟု ဥပဒေထုတ်ထား ကြောင်း၊ သို့သော်လည်း လိုက်နာရန် ပျက်ကွက်နေကြကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း အသက် အရွယ် မပြည့်ဘဲ အိမ်ထောင်ပြုသူ ဘင်္ဂလီ အမျိုးသမီးများ အလွန်များပြားနေသည်ဟု ဘူးသီးတောင် ဒေသခံ  ဦးထွန်းလိူင်က ပြောကြားသည်။

“ အခုက စိစစ် တားဆီးမယ့်သူ မရှိတော့ ထင်သလို လုပ်ကြတယ်။ အခု ကျနော်တို့ ကြားရတာက အိမ်ထောင်ပြု မယ်ဆိုရင် အထက်ကိုလည်း တိုင်ကြားစရာ မလိုတဲ့ အတွက် အိမ်ထောင်ပြုုသူက အရမ်းများနေတယ်” ဟု ဆိိုသည်။

ဘူးသီးတောင်မြို့မှ ဥပဒေအရာရှိ တစ်ဦး ဖြစ်သူ ဦးကိုကိုဇော်မှ အသက်ပြည့်သူများ အိမ်ထောင်ပြုမူကို တစ်စုံတစ်ရာ မပြောလိုသော်လည်း အသက်မပြည့်ဘဲ အိမ်ထောင်ပြုသူများကို အရေးယူသင့်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အသက်မပြည့်ဘဲ အိမ်ထောင်ပြုနေကြခြင်းအား အမြန်ဆုံး တားဆီးပိတ်ပင်သင့်ကြောင်း ပြောကြားသည်။

ယခုကဲ့သို့ အိမ်ထောင်ပြုကြခြင်းမှာ နောင်တွင် အစိုးရ ပေါ်လစီ မည်သို့ ပြောင်းလဲလာမည်ကို မသိသေးသဖြင့် အခွင့်အရေးရရှိခိုက် လက်လွှတ်မခံဘဲ အိမ်ထောင်ပြုနေကြခြင်း ဖြစ်ကြောင်း ဒေသအတွင်းက ဘင်္ဂလီလူမျိုးများ ကို ကိုးကားပြီး ဦးကိိုကိုဇော်က ပြောကြားသည်။

Most read this week